Friday 28 October 2016
ကဗျာဂျာနယ် အတွဲ ၁ အမှတ် ၉၅
*     လွမ်းရသူလေး      *
ဒီအချိန်ဆိုအလွမ်းရောက်လို့
မင်းစိတ်ကြောင့်ငါသည်
နှလုံးအောင့်မကြာပင်ကွယ်
စောင့်လာသည်မျှော်ကိုး
ချစ်စိတ်ကြောင့်ဝဲခိုလာလျှင်
စီးယိုကာကျ မျက်ရည်မိုး
နှလုံးသားစကားဆင်လာ
ခါလွန်ရင် ပိုတိုး
အိပ်မရ ညည့်ယံချိန်မှာလေ
အသိဥာဏ်ပိန် ဝေဝါး
သတိကျန်ချိန် မုသားကျူးရင့်ကာ
အချစ်မှာလေရူးစရာလားလို့
ကိုယ့်ကိုကိုယ်ရှက်အားနာသည်
ဒီတခါယုံမှားလို့
စိတ်ထားကမချ နိုင်
အရှုံးနဲ့မှိုင်
သတိရတိုင်းအသဲစိုင်မှာ
မျက်ရည်ချိုင်ကျမယ်ပလေး။
(တေးထပ်)                     
မျက်ရည်
___________________________________________
*ခါဝသန် မိုးစက်ပေါက် *
ခါဝသန်မိုးစက်ပေါက်တို့
အငြိုးထောက်ရွာပြီ
ခမောက်ဖောက်မိုးစက်စင်တယ်
ထက်တခွင်အကြိုး
သစ်ရွက်တို့ရွဲကာစိုသည်
နွဲပျော်လာလဝါဆိုမိုး
ဝသန်မိုးပြင်းလျှင်
တွင်းဝပင်ရေတိုး
အရပ်ထဲဝင်တမံတွေကြိုးတော့မလို
ခုဆည်ရိုးပြေးထောင်
ရိုက်ပနော် ကာယမောင်တို့က
ချွေးကြတောင်ဘေးတို့မရှောင်
တမိုးကုန်မဲ့အချိန်မှာတောင်
ချမ်းတုန်အောင်ရွာချ လို့
မကြာဗျ အေးလို့သာလာ
အနွေးဓာတ်ဘယ်မှာ
ကွေးလိုက်တိုင်းမျက်ကိုက်လာသည်
စိတ်ကြိုက်သာငိုက်ခြင်တော့လေး။
(တေးထပ်)                     
      မျက်ရည်
___________________________________________
ဒုတိယအသက်
ငါမပိုင်တဲ့ဒုတိယအသက်
ငါ့ရင်ဘတ်မှာခိုကပ်
အလိုရမ္မက်တခုထက်
ကြည်ကြည်ဖြူဖြူ
ပေးဆပ်ခဲ့တာ
မင်းအတွက်ပါချစ်သူ
ငါမဟုတ်တဲ့
တခြားသူတ​ယောက်အတွက်
ငါ့အသက်ကို
မနှ​မျောတက်တာလည်း
မင်းအတွက်ပါချစ်သူ
မနက်ခင်းတ​ကျော့နဲ့
အလွမ်း​ဖျော့​ဖျော့ကို
နိုးစက်ချ
ငါ့ဘ၀မဟုတ်တဲ့
မင်းအတွက်ပဲ
ငါ့အသည်းကို
ခွဲ​ပေးရဲခဲ့
မ​ဝေးပဲနဲ့
လွမ်း​နေတာကဆန်း
ပန်းမပွင့်တဲ့
ရင်ခွင်ဦးအတွက်
အနမ်းတချက်ကို
ရေတစက်နဲ့နှိုင်း
နင်မခိုင်းလည်း
ငါ့ ။
ပန်း​တွေပွင့်​ပေးခဲ့တယ့့် ။
        သူရဇ္ဇ
___________________________________________
မဆုံ​သောလမ်းခွဲ
ရီ​မောခြင်း​တွေ
နောက်ကျကျန်ရစ်
ငို​ကြွေးဖြစ်ဖို့
စတင်ခဲ့တဲ့
သုတ်​ပေးသူမဲ့
ငါ့မျက်ရည်
သက္ကရာဇ်​ခြွေတဲ့
လေ​ပြေ​အောင်
နက္ခတ်မှားပြီး
ရောက်လာခဲ့
ထိ​တွေ့ မှု့ မဲ့တဲ့
ထိုအရာ
ဝေဒနာလို့ပဲ
ကင်ပွန်းတပ်လို့
ရင့်ကျက်​အောင်ခံစား
ဖြေစရာအမှန်တရား
ရင်ကြားမှာ
မ​ပေါက်ဖွား​သေး​တော့
တ​ယောက်အနား
တ​ယောက်မသွားနိုင်
အမှားကိုင်ထားတဲ့
ဝေးကွာခြင်းကြိုး
တိုးမ​ပေါက်​အောင်
သိပ်သည်းလွန်းခဲ့
နင်မငဲ့လို့ပဲ
ကွဲကျန်ကျန်
ငါမမှန်လို့ပဲနင်ခွဲခွဲ
ရင်ထဲမှာအလွမ်း
ကိုယ်စီထမ်းလို့
မဆုံ​သောလမ်း
ငါတို့လှမ်းခဲ့ရပြီ့ ။
         သူရဇ္ဇ
___________________________________________
ပြီးဆုံးခဲ့​သော
တခန်းရပ်အလွမ်း
မင်းနှုတ်ခမ်းက
အသံထွက်မိန့်လို့
ထိတ်လန့်စွာ
ခံစားပြီးတဲ့အဆုံး
နင့်အမုန်း​တွေ
သင်ပုန်း​ချေဖို့
ကျမျက်ရည်စို
ငါငို​ပေးရဦးမှာလား
ကန့်ကွက်ခဲ့တာ
ဆန္ဒတခုသာဖြစ်လို့
နင်မချစ်ဖို့တားလည်း
နောက်မဆုတ်
ကျောက်ရုပ်လိုနှလုံးသား
ငါမှ့ 
မထားနိုင်​သေးတာ
ခပ်ခွာခွာ
အ​ဝေးကကြင်
နင်မမြင်​သော်လည်း
တွေ့ ​အောင်မပြ
အ​ငွေ့ ​ယောင်မျှနဲ့လည်း
ရောင့်ရဲနိုင်သူမို့
နင်မသိ​သော်လည်း
မြင်မိ​အောင်တမင်မပြ
ရင်ဝက
နှလုံးခုန်သံတချက်နဲ့
ပင့်သက်တခါရှုသွင်းတိုင်း
လူချင်း​ဆောင်တဲ့
မင်းရဲ့သတင်း
ပန်းရနံ့လို
သင်း​နေရင်ပဲ
ငါ​ကျေနပ်ပြီ့ ။
         သူရဇ္ဇ
___________________________________________
ကျွန်တော်တို့ရဲ့ကဗျာဂျာနယ်အစီအစဉ်လေးမှာ ကဗျာတွေကို ကိုယ်တိုင်ရေးသားပေးပို့ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ 
ကဗျာတွေရေးသားပေးပို့ချင်တယ် ဆိုရင်တော့ viberဖုန်းနံပါတ်
09-256480246သို့ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။အားလုံးကို ကြိုဆိုလျက်ပါ
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ