Wednesday 1 February 2017

ကဗျာဂျာနယ်အတွဲ ၂ အမှတ် ၃

*    ပုလဲ မြေခ        *

ပုလဲမြေခ မျက်ရည်စတွေ
ကောင်းကင်ထက်မှာ
ဝဲကာနေ
အတွေးကမ္ဘာမြေ ချယ်သ

စူးနှစ်နှလုံးသားနဲ့
အရှုံးသမားတွေကြွေ ကြွေ
တမိုးအောက် မြေခ
ချယ်ရီ ကြွေကျ သက်သေ

ပန်းပန်သူ မမွှေးကြူ ပေမဲ့
အဆုံးကြံယူနေပါ့
မမျှ တသော ပေးဆပ်ချင်းက
ချစ်ချင်းပဲလေ  ။
            

-မျက်ရည်-
*********************************************
*    အမရာ       *

နေ့တွေကတို ညတွေကနက်
သရုပ်ပျက်လွန်းပါတယ်
အမရာ
ခေတ်သစ် ကျားဈေးကွက်မှာ
မေတ္တာဟာ
အနှစ်သာရမဲ့လွန်းတယ်
တောသားမြို့ရောက်ခဲ့ပြီကွယ်

ဗိုလ်ဆံတောက်နဲ့လူဖြောင့်လဲ
မဟုတ်ရပါဘူး
ရွာနဘေးကအပေတေလေးသာ
ဖြစ်တယ်
တောသားမြို့ရောက်တာထက်
မြို့နံ့ခံရင်း
စူးစမ်းချင်းပါကွယ်
မြို့ကြီးသားဆိုတာ
ဘာပြောမှန်းပင်မသိပါဘူး

သိပ်လှတယ်အမရာ
ဝတ်တတ်စားတတ်လိုက်တာလေ
ဒါကြောင့်လဲချစ်မိ
သြော် အပြစ်ရှိလေပေါ့
အချစ်မသိလေတော့
ချစ်သိမှာလဲစိုး
ကိုယ့်မျက်ဝန်းတွေညိုးလှည့်ပေါ့
ညိုးလှည့်ပေါ့
ညိုးဆို မင်းကလဲမုန်းခဲ့မှကိုး

ဘယ်လောက်ထိမုန်းလဲ အမရာ
ငါ့နှလုံးသားလေးဟာ
မင်းရှိရာ အရပ်မှာပါ
မျက်စောင်းတချက်ပြယုံနဲ့
လောင်ကျွမ်းဝံ့ပါတယ်
အမရာ
ငါဆိုတာ ငါ့နှလုံးသားကို
မင်းရှိရာအရပ်မှာ မီးကျွမ်းပြာချ ဖို့
ကြိုးစားနေတဲ့ကောင်ပေါ့

ဒါပေမဲ့ အမရာ
ခိုင်မြဲနေတဲ့ကြိုးစတွေတောင်မှ
တင်းပါများရင်
ပြတ်ရသေးတာပဲမဟုတ်လား
မင်းခင်းနေတဲ့လမ်းစ
ဘယ်အကွေ့မှာကြမ်းတမ်းသွားသလဲ
ဒီလိုနဲ့မင်းအနားသတ်တွေကို
ဖြတ်ချ လိုက်တာပေါ့
တို့နှစ်ယောက်ရဲ့ ကောင်းကင်ဟာ
ခုနှစ်စင်ကြယ်လေးလို
ကောက်ကွေးသွား

ထွက်သွားပေးခဲ့ပါပြီပဲ
အမရာ အရင်လိုထွက်သွားပေးခဲ့ပါပြီပဲ
အမရာ အရင်လို
မင်းပြောနေကြ တာ့တာ
လက်ကလေးတွေလဲ မပြရက်တော့
မင်းရှိရာအရပ်
တနေ့တခေါက်ပုံမှန်ရောက်တယ်
မင်းပုံရိပ်တွေ ရေးတေးတေး
ဝေးဝေးကနေငေးရပေါ့
ဆွေးဆွေးမြေ့မြေ့ပါ
အမရာ

မင်းသောက်နေကြ ကော်ဖီတွေ
အခုဆို ငါကြိုက်နေမိပြီ
သကြားမပါလဲ ချိုပါတယ်လို့
ငါ့ပါးစပ်ကယောင်ယမ်းထွက်နေတုန်း
အိပ်မက်တွေ တရေးနိုးခဲ့ပေါ့
အမရာ
ငါ့အတွေးကမ္ဘာထဲက
မင်းပုံရိပ်တွေကသကြားမလိုပဲ
ချိုတယ်လေ
ငါ နှစ်ချိုက်စွာသောက်နေခဲ့ပေါ့

အမရာ
ဂဏန်းသချာင်္တွေ တွက်တာ
တော်တယ်ဆို
အပိုအလိုမရှိတဲ့
ဒီနှလုံးသားကအနုတ်လက္ခဏာ
ကြွင်းကျန်ရစ်ရအောင်
ဘာတွေများ မှားယွင်းခဲ့ပါလိမ့်
ကြယ်တာရာတွေ
မလင်းလက်ခဲ့လို့လား
နက္ခတ်တွေလမ်းမှား
ရောက်ခဲ့မိလို့လား
မစဉ်းစားတတ်တော့ပါဘူး အမရာ

သံယောဇဉ်ဆိုတာက
ဂဏန်းခြောက်လုံးနဲ့ ထီမှမဟုတ်တာလေ
တွက်မရလို့ဆိုပြီး
မြည်တွန်တောက်တီးနေလို့ကော
ဘာထူးမှာလဲ 
ဒါပေမဲ့ အမရာ
ကျုပ်တယောက်ကိုတော့ဖြင့်
ဆက်ရူးခွင့်ပေးပါ
တိမ်တွေဖုံးနေတဲ့လက
ဘယ်လိုပြည့်ပြည့်ဝဝလင်းနိုင်မှာလဲ

လသာသာမှာ ဗိုင်းငင်ချင်တဲ့
သူမ
ကျုပ်ကတိမ်တွေဖုံးနေတဲ့လ
ခက်တယ် အမရာ
ဒီပုစ္ဆာ ကိုပယ်ဖျက်ခွင့်ရှိပါသလား
ပျစ်တယ် အမရာ
သကာရည် လောင်းထားတဲ့
နှစ်ချို့သေရည်တခွက်ကပြင်းရှလိုက်တာ
ငါ့မှာရက်ရက်စက်စက်
ရှာရှာလည်လို့သွား
ထပ်မေးမယ် အမရာ
ဒီပုစ္ဆာ အဖြေရှိသလား

မထင်မှတ်ထားတဲ့ အမှားတချို့က
လိုင်စင်မရှိတဲ့
ဝပ်သောက်ဆိုင်ကယ် တစီးကိုလှမ်းလို့တား
ဖမ်းလို့သွားပါပြီ
အဖြူ ရောင်လမ်းမကြီးထက်မှာ
မာယာရှင်တွေ မျဉ်းပြိုင်နေဆဲပေါ့
ဖြူ သလား မဲသလားကိုတော့
နှစ်ချို့သေရည်တခွက်လောက်
ကောင်းမှန်းမကောင်းမှန်း
ဘယ်သူကသိမှာလဲ အမရာ
ဆုတောင်းပေးပါတယ်
လမ်းပေါ်ကငှက်တေလေတွေအတွက်
ခေတ်ပျက်ကြီး
တိုးတက်ပါစေကြောင်း ။
                            
   Phyur.../\/*L့
*********************************************
* အလှသစ္စာတရား     *

မြန်မာ့ရင်သွေး ရှုရင်အေးပါတဲ့
မြိတ်နယ်က လုံမလေး
သနပ်ခါးပါး ပါးကွက်ကျားနဲ့
လစန္ဒာရင်ဝယ်စု ယုယဖွယ်ထွေး။

တို့ဌာနီပြည်
တည်ကြည်ခန့်ငြားနှလုံးသားလှပါတဲ့
ပန်းခရေ
ခင့်သတင်းက
ရင်တွင်းလှိုက်နွယ်သင်းပျံ့နေ။

အိဒြေ္ဒသိက္ခာ စောင့်ထိန်းပါလို့
စကားနောက် တရားလာ
ငါးသီလနှင့်
ဝေဖြာမေတ္တာ လှစ်ကာခြွေ
ဗုဒ္ဓအဆုံးမတွေနဲ့ ဝါဘဇ္ဇဝါသူရေ
သတိစကားမှ တဆင့်နားသို့
စေတနာထားကာ ပါးပါရစေနော်။

တဦးတယောက် မေတ္တာပျောက်ပျက်
သစ္စာဖောက်လျက်
မနာလိုရှုစားဝန်တိုမှုတွေများပါသတဲ့။
ထိုသို့အခါ အိဒြေ္ဒရှင်မှာ
လူမိုက်နဲ့တူဖက်မယူနှင့်
ဂရုဏာသက်ကာထားပါလေ။

တဦးတယောက် (သို့ )
အကြင်သူမှာ ရယ်မောပျော်ရွှင်
ချစ်ကြွင်းဝင်သော်
စိတ်ဝယ်ချစ်ချင်း ထပ်တူနှင်း၍
မုဒိတာအလင်းပွားကာနေ ။

သို့တပြီကား
အကြင်သူအား
မေတ္တာဂရုဏာမုဒိတာတရား
အပြစ်ကင်းစွာထားပါသော်လဲ
သူယုတ္မာမ် ဳိး တပြဲတိုးကို
ခွေးမှီးကောက်ကျ ည်တောက်စွတ်က
အကျိုးမဲ့သကဲ့သို့
ကိုယ်လက်သန့်ရှင်း အညစ်အထင်းကို
ဥပေက္ခာပြု ကာသတ်ပါလေ

အိဒြေ္နရှင်ရေ
အဲ့တာမှဗုဒ္ဓဝါဒ ကမ္ဘာ့ဗြဟ္မစိုရ်ပေ ။
                                 

  မျက်ရည်
*********************************************
မမုန်း​ဆေး

မ​တွေ့ ခဲ့ရင်
အ​ကောင်းသား
အ​ကြောင်းမကြား
စာမလာနဲ့
ကဗျာတရာဖွဲ့ 
လွမ်းချင်းဆိုလို့
ငါ့ 
ငိုဖို့လာပြီလားချစ်သူ
လျစ်လျူရှု့ လွဲ
နင့်အသည်းမှာ
အရင်ကတည်းက
အချစ်မပါမှန်း
ငါကြိုမသိလို့
ပိုမိခဲ့ချစ်သဒ္ဒါက
နင့်မာယာအတွက်
ငါးစာသက်သက်ပဲလား
အရှက်များလို့လည်း
အမှတ်မထား
ငါမပြတ်သားလို့
အခက်ပွားရသည်လို့ပဲ​တွေးလို့
သွေးစို့​အောင်နာ​စေဦး
ကမ္ဘာ​မြေအဆုံးထိ
ငါနင့်ကို့ 
မုန်းမိမယ်မထင့့် ။



       သူရဇ္ဇ
*********************************************
*   အာဇာနည် ပန်း        *

အဖြူ အစိမ်း ဂျုတီလေးနဲ့
တည်ငြိမ်သူရေ
သင်ဟာလေ
သဘာဝတရားရဲ့
တန်ဖိုးမြတ်တဲ့ ဥယျာဉ်မှုး

သင့်ပညာနဲ့အလှဆင်
ပတ်ဝန်းကျင်တေးသံကြူး
လွင့်ပျံ ဖူးပွင့်ပါစေ
ဒါဟာလောကအတွက်
နှလုံးသွေးနဲ့ရေးတဲ့အမွေ

မာန်မရှိတဲ့ ပညာအသိနဲ့
ဘဝကိုလျှောက်လှမ်း
ကြမ်းချင်ကြမ်းမယ်
ဆူးခင်းလမ်းတော့ မဟုတ်
မြင်ပါလေ
သင်းရနံ့မွှေးမဲ့ပန်းတွေနော်

လမင်းလိုအေး
ပန်းသတင်းတွေမွှေးတဲ့
လမ်းခင်းတဲ့သူရေ
အာရုံဦးတွေလန်းဆန်းဖို့
ဆက်လျှောက်မဲ့ ဒီလမ်း
မြင်းကောင်း ဇာနည်လို
လှမ်းဝံ့ပါစေ ။
                
  မျက်ရည်
*********************************************
*   ကင်ဆာ           *

သူတို့ဟာ ကင်ဆာဖြစ်တယ်
လူခန္ဓာကိုယ်ရဲ့
မမြင်ရတဲ့ အစိတ်အပိုင်းလေးမှာ
သူတို့စွဲကပ်နေတယ်

သူတို့ဟာ အန္တာရယ်ရှိတယ်
မထင်မှတ်တဲ့အချိန်မှာ
မျိုးပွားတယ်
ပင်မဆဲလ်ကို ရှာဖို့ရာ
စွမ်းအင်အရင်းမြစ်နည်းတယ်

ဒါကြောင့်
ငါတို့မှာ ပါဝါမရှိ
ငါတို့မှာခုခံအားရှိတယ်
ကင်ဆာဟာ
အခွင့်ရေးကိုကျားချောင်းသလို
ချောင်းမြောင်းနေခဲ့ပေါ့
ကင်ဆာဟာ
ကောက်ကျစ်တဲ့မြေခွေးမှန်းလဲ
ငါတို့သိတယ်
ဒါပေမဲ့ ကင်ဆာကို
ငါတို့ တိုက်ထုတ်ဖို့ အခွင့်အရေးနည်း

ကင်ဆာဟာ
ပူပြင်းလွန်းတဲ့ နေတစင်း
သို့သော်
ကင်ဆာဟာ
ပူပြင်းလွန်းတဲ့နေတစင်းမဟုတ်ဆိုတာထက်
ခရမ်းလွန်ရောင်ခြည်သင့်နေတဲ့
နေအတုတစင်းသာ

ပွင့်သစ်စသစ်ရွက်လေးတွေကို
ဝါးစားသော
ဖူးပွင့်စ ပန်းကလေးတွေကို ညိုးနွမ်းသော
အရိပ်ထွက်နေဆဲ
ရေသောက်မြစ်ကို ခမ်းစေခဲ့သော
သူဟာ ကင်ဆာဖြစ်တယ်

ကင်ဆာဟာ
မောင်းထုပ်ရခက်သော အာဏာရူး
ငါ့တို့ ခန္ဓာကိုယ်ကို
တူးစွ မတဲ့
ကင်ဆာ ကင်ဆာ ကင်ဆာ
ဆင်ဆာဖြတ်ခွင့်မရတဲ့ ကင်ဆာ
လမ်းတွေလျှောက်ခဲ့ရတဲ့ ကင်ဆာ
အသဲတွေ ကျွမ်းခဲ့ရတဲ့ ကင်ဆာ
ဇာတ်တူသားတွေ
ပေးဆပ်ကြွေမွခဲ့ရ ကင်ဆာ
ဒါတွေဟာ ကင်ဆာကြောင့်
ကင်ဆာစွဲခံရတာ နှစ်ခြောက်ဆယ်ရှိခဲ့ဖူးပေါ့
အခုလဲစွဲနေတုန်း
ငါတို့က ကင်ဆာကို တိုက်ထုတ်တယ်
သူတို့က ကင်ဆာကိုပွားတယ်
ငါတို့က ကင်ဆာကို မေတ္တာနဲ့ပယ်တယ်
သူတို့က ကင်ဆာကို အသပြာနဲ့ဝယ်တယ်
ငါတို့က ကင်ဆာကို အဓမ္မလို့ မြင်တယ်
သူတို့ က ကင်ဆာကို ဓမ္မလို့ထင်တယ်

ငါတို့က ...
သူတို့က ...

ဒီလိုနဲ့
ကင်ဆာမြို့တော်ကြီးမှာပေါ့
ကင်ဆာဟာ
နားထင်မှာလာတည်တယ်
ဆီးစပ်မှာလာတည်တယ်
ကင်ဆာတိုက်ဖျက်ရေးအသင်းကြီးများ
ကင်ဆာတိုက်ဖျက်ရေးလူငယ်များ
ကင်ဆာ တိုက်ဖျက်ရေးဆန္ဒပြပွဲများမှာ
ကင်ဆာဟာလာတည် နေလို့

ကင်ဆာဟာ
တိုင်းဒေသကြီးမှာလဲရှိတယ်
ကင်ဆာဟာ
ပြည်နယ်တွေမှာလဲရှိတယ်
ကင်ဆာဟာ
မြို့ကြီးတွေမှာလဲရှိတယ်
ခရိုင်တွေမှာလဲ ကင်ဆာရှိနေတယ် 
ကင်ဆာဟာ
တောရွာတွေမှာလဲရှိနေတယ်
ကင်ဆာဟာ
တောထဲမှာလဲရှိနေတယ်
တောင်တွေပေါ်မှာလဲရှိနေတယ်
ပင်လယ်သမုဒ္ဒရာတွေထဲမှာလဲရှိနေတယ်
ကင်ဆာဟာ
လေထုထဲမှာလဲရှိနေတယ်
ကင်ဆာဟာ
အစိုးရရုံးတွေမှာလဲရှိနေတယ်
ကင်ဆာဟာ
လွှတ်တော်မှာလဲရှိတယ်

ဟုတ်ကဲ့
ကျေးဇူးပြု ပြီးစကားတိုးတိုးပြောပေးပါ
ကျွန်တော်တို့ ဒီမှာ
ကင်ဆာတိုက်ဖျက်ရေးလုပ်ချင်တယ်
နောက်တနေ့ဆိုတာ
ကျွန်တော်တို့မှာ ရှိချင်မှရှိမယ် ။

                       Phyur.../\/*L့
*********************************************
❆ ကျုပ်​အချစ်​တနလာင်္နံကရာဇပလ္လင်​ထက်​ ❆

အချစ်​ = ​ငွေ =တနင်္လာနံ
ထပ်​တူကျတဲ့ကိန်းတစ်​ခုနဲ့
ခင်​ဗျားကကျုပ်​အတွက်
အနာဂတ်​​ဟောသူ

တ​ဒေါက်​​ဒေါက်​နဲ့​ကျောက်​တံက
ကျောက်​သင်​ပုန်းကို​ခေါက်​တယ်
တဒုန်းဒုန်းနဲ့မြည်​​နေတာကကျုပ်​နှလုးံသား

တွက်​ချက်​​နေလိုက်​တာ
ဗေဒင်​လား
ပေသီးလားမသဲကွဲ
သေချာပြီလား။ ​ရေရာပြီလား

ကျုပ်​အနာဂတ်​​လေးကို
ခင်​ဗျား​ပြောသမျှနဲ့
ပုံ​ဖော်​​နေမိတယ်

အနာဂတ်​​ကောင်းဖို့
ယတြာ​လေး​တောင်းကြည့်​လိုက်​တယ်
ကောင်း​လာမလား​တော့မသိရ​သေးဘူး
ဖောင်းပြီးမှလာခဲ့တဲ့ကျုပ်​အိတ်​ကပ်​​လေးက
သူ့အရှင်​သခင်​ဆင်​​လေးကို
လက်​ပြနှုတ်​ဆက်​တယ်
ပြီး​တော့
ဝမ်းဟာ​နေတဲ့ဗိုက်​လို
ပိန်​ပြားသွားတာအမှန်

ပိန်​တာများ​တော့ပါးလာတဲ့အခါ
အချစ်​​တွေလည်း ​နေ့နံတူ
(အချစ်​=​​ခွေး=တနင်္လာနံ)
ခွေးတစ်​​ကောင်​လို​ဟောင်​တတ်​ခဲ့ပြီ

လူကသာပလ္လင်​အထက်
အချစ်​​တွေက​လှေကား​အောက်​မှာ
အိပ်​​နေတဲ့​ခွေးတစ်​​ကောင်​သာသာ

သွား​တော့
ဒိုး​တော့
ဂျောင်း​တော့
ရာဇပလ္လင်​အထက်
ကိုးကွယ်​ကာထားမယ့်​သူအတွက်​ဘဲ
ငါ့အချစ်​​တွေပစ်​​ပေး​တော့မယ်​.....။

           စုန်း
********************************************
အမိုက်

နင်သခင်ဖြစ်ဖို့
ငါ့ကို့ 
ကျွန်ဇာတ်သွင်းခဲ့​လေသလား
ငါမမြင်တဲ့​နောက်ကွယ်က
လျှောက်မယ်မကြံခင်
ဆုံးနှင့်​နေတဲ့လမ်း
ငိုစမ်း​ဟေ့ဆို
ငါကပိုမယ်ထင်တယ်
အ​ကြွေလွယ်တာ
မျက်ရည်ဆို​သော်ငြား
အမုန်းနဲ့နင်ထားသွားလည်း
ငါ့ရင်ကြားက
အပြုံးမပျက်သည်မို့
ဒီဇာတ်မှာ
နင်ရှုံးတယ်ချစ်သူ
အမြစ်တူ​ပေမယ့်
ခိုင်မြဲတာချင်းကွာ
ငါ့အချစ်ကသဒ္ဒါပို
အရာရာတွက်
ငါဆိုတာကို
နှိမ့်ချတက်ခဲ့တယ်
စိမ့်ကျ​ကြွေတဲ့​သွေး
နင့်အတွက်ဆို
ဆေးဖြစ်​စေလို့
အဟာရပြည့်​ပေမယ့်လည်း
မသမာတဲ့နင်
ရင်ခွင်​ပြောင်းဖို့
တာစူလာ​တော့လည်း
အညာလူရယ်လို့
အပစ်မဆို
အချစ်ကိုအင်္ဂ​တေ​လောင်းလို့
နင့်အ​ကြောင်း​တွေးဖို့
ငါ့စိတ်ကို
သက်တမ်းတိုးထားတယ့့် ။



        သူရဇ္ဇ
*********************************************
တမလွန်ချစ်သူ
သို့ 

နင်မသိ​ပေမယ့်
ငါ​သေသွားပြီ
နင်ကြည့်​နေ​ပေမယ့်
ငါကွယ်သွားပြီ
နင်ရီပြ​ပေမယ့်
ငါမပြုံးနိုင်​တော့ပါ
နင်မာန်အမျက်​ပြေ​ပေမယ့်
ကျန်ရက်​တွေထဲ
ငါမပါလည်း
ရင်ဆိုင်သွားပါ​နော်
နင်စိတ်​ကောက်
ကျေ​အေး​ပေမယ့်
ငါနင့်အနား
နေမ​ပေးနိုင်​တော့ဘူး
ချစ်ဖူးခဲ့သည်လို့မှတ်
နေ့ရက်တိုင်း
ပျော်​အောင်​နေပါချစ်သူ
အသစ်လူ​တွေ့ တဲ့အခါ
ယုံကြည်စွာချစ်
အပစ်ကို​ရှောင်
နှစ်လို​အောင်​နေ
အ​ခြေ​နေကိုနားလည်
စကားကြွယ်လည်းမ​ကြွေ
ရုပ်ရည်အဆင်းမလှလည်း
မင်းဘ၀သာယာဖို့
အ​ဖြေရှာတွက်
လပ်​နေတဲ့ငါ့​နေရာက​နေ
နင့်​ဝေဒနာ
ဖြေသာ​ပေးနိုင်ပါ​စေ့ ။




       သူရဇ္ဇ
*********************************************


အချစ်ဈာပန



အ​ရှေ့ကို​လျှောက်
အ​နောက်ကို
လှည့်မကြည့်စတမ်း
ခြေလှမ်းကိုနှင်​စေ
နင်​နေတဲ့အရပ်
တစက္ကန့်မှ
မ​နေ​စေဖို့မိန့်
အချစ်စိတ်ကို
ပိတ်မယ်ဆိုလည်း
တိတ်တဆိတ်​တော့
လွမ်း​နေခွင့်ပြုပါ
နုရာကရင့်တဲ့ပန်း
ကြွေချိန်နွမ်းလို့
သက်​လျောခဲ့ရင်​တောင်
ခိုဝင်ရာ​မြေပြင်
သူ့အတွက်
ရင်ခွင်ဖြစ်ခဲ့​သေးတယ်
အ​ဆွေးမပြယ်တဲ့ရင်​ငွေ့ နဲ့
သေ​နေ့​စေ့ခဲ့တဲ့ငါ
ကိန်းဝပ်ရာ​မြေမရှိ
ကြွေသည့်ရတက်အပူ
တဖက်လူအမျက်စူမပွား​စေဖို့
အနှစ်သာရမဲ့တဲ့
အချစ်ဈာပန
ငါဘယ်ချရမလဲ့ ။



        သူရဇ္ဇ

*********************************************
ဒီတစ်ပတ်ရဲ့ ကဗျာဂျာနယ်လေးကတော့ ဒီလောက်ပါပဲဗျ။ ကျွန်တော်တို့ကဗျာ ဂျာနယ်မှာ ကဗျာရေးသားနေတဲ့ ဝါသနာရှင် ညီ၊ညီမ  တွေအတွက် အားဆေးကျွေးတဲ့အနေနဲ့ ကဗျာဖတ်ရှုသူတွေပေးပို့တဲ့ Comment ပေးပို့နိုင်ရန်နှင့် ကဗျာပေးပို့ရာတွင်အဆင်ပြေနိုင်စေရန်အတွက် ကဗျာဂျာနယ် Viber Hotline ကို မကြာမီပြုလုပ်ပေးတော့မှာပါ။

အားလုံးကိုကျေးဇူးတင်လျက်

အောင်မြင့်မြတ်(Myanmar Youths)


No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ