Sunday 19 February 2017

*နှလုံးသားကျောက်ရုပ်* နင့်ရင်ထဲမှာ ငါရှိသလို ငါရင်ထဲမှာလဲ နင်ရှိတယ် ကြင်နာတွေရင်မှာ ရှိသော်လည်း နာကျင်စရာ ဝေဒနာတွေ မပေးရက်သူမို့ နင်ထားရာနေ နင်စေရာသွား ငါ့နှလုံးသားက နင်ကစားစရာပဲလေ... မဖြစ်နိုင်လို့ လမ်းခွဲတာပဲ မချစ်လို့မှ မဟုတ်တာ အပြစ်မတင်ပါဘူး ချစ်သူ ရင်ခွင်သစ်မှာ နင်ပျော်ရင် ကျေနပ်နေသူက ငါဆိုတာ အသေချာမို့ ဝေဒနာတွေကို ငါ့အတွက် ထားခဲ့ နင်သွားမဲ့လမ်း သာယာပါစေ... သေရာပါ ဝေဒနာတွေနဲ့ နင်ကွယ်ရာမှာ ခံစားရလဲ ငါ့နှလုံးသားကို နောက်ဆုတ် ကျောက်ရုပ်လို နေပြမယ် နောက်ဆို မငိုတော့ဘူး ချစ်သူ... တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ