Sunday 19 February 2017

*အသည်းကြွေတဲ့ နွေ* ဟောင်းရွက်တွေ မြေမှာကြွေ ရွက်သစ်လေးတွေ ဝေတဲ့ နွေ အသည်းကြွေတာ ဒီနွေ မျက်ရည်ဝေခဲ့တာလည်း နွေ ချစ်သူရေ မေ့နေပြီလား ပင်ယံထက်မှာ ဥသြငှက်က တေးသီ နှစ်ကိုယ်တူ နားဆင်မိတော့ ရင်မှာနာကျင်ရပါတယ် ဆို အခုတော့ ကြင်နာဖူးသမျှကို ရင်မှာရူးစေတဲ့အထိ ဝေဒနာတွေ ပေးရက်လေသလားလို့ မမေးရက်ပါဘူး ချစ်သူ ဝေးကွာနေပေမဲ့ မေ့မရဘူးဆိုတာ မျက်ရည်စက သက်သေပြပါပြီ... နွေရောက်လေတိုင်း ရွက်ဝါနဲ့အတူ မျက်ရည်တွေလည်း ကြွေခဲ့သလို ငါအသည်းလဲ ကြွေခဲ့ပါပြီ ချစ်သူ... တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ