Saturday 25 February 2017

ကဗျာဂျာနယ် အတွဲ ၁ အမှတ် ၅

ငါ့ရဲ့ရင်ခုန်သံတွေကို
       နာရီလေးနဲ့နှိုင်းရှင်ပြရရင်
စက္ကန့်တိုင်းမှာသတိရပြီး
                  နာရီတိုင်းမှာမင်းကိုလွမ်းနေပါ
တယ်လို့များငါပြောလိုက်ရင်မင်းငါ့ကို
                         အရမ်းအပိုတွေပြောနေတယ်လို့
များထင်သွားမလားချစ်သူ့¿?
       ရင်ခုန်သံဆိုတာအရာဝတ္ထူ တစ်ခုလိုမမြင်နိုင်ပေမဲ့
တကယ်ကိုရင်ခုန်စွာရူးစွပ်ပြီးချစ်ခဲ့မိတဲ့လူတွေ
                     အဖို့တော့တကယ်ကိုရူးလောက်
အောင်ခံစားရပါတယ် ချစ်သူ
             အလွမ်းဆိုတာ အလွမ်းခံရတဲ့လူကမသိ
နိုင်ပေမဲ့ လွမ်းနေရတဲ့လူကတော့ရင်ဘက်ထဲက
နှလုံးသားကိုအပ်နဲ့တစပ်စပ်ထိုးဖေါက်နေသလိုပါဘဲ
ချစ်သူ့
                        မာံဆာန်ဂကူ
             SoeRainLwan

*********************************************
ခွင့်လွတ်​နေမြဲ


ကျန်ရစ်သူလို့မဟစ်ရင်
ချန်ပစ်သူနင့်ကို
အပစ်မဆို​ကြောင်းလွှင့်လို့
ငါ့နင့်ကို
ခွင့်လွှတ်ပါတယ်ချစ်သူ
လုံး​ချေပစ်ခဲ့တဲ့အသည်း
အရှုံး​တွေထဲမှာနစ်
နင်အမုန်းမ​ပြေရင်လည်း
ဟန်​ဆောင်ပြီး
ပြုံးမ​နေပါနဲ့ချစ်သူ
အသုံးမကျတဲ့စရိုက်နဲ့
မာနနဲ့ယှဉ်မိုက်
အရိုးခိုက်​အောင်
နာကျင်​စေရယ်လို့
မြေနိမ့်ရာလှံစိုက်
နင့်ကိုငါ
ကျိန်စာမတိုက်ပါဘူးချစ်သူ့ ။




        သူရဇ္ဇ
*********************************************
နွေဋီကာ


နွေရိပ်မှာခို
ဥသြကြိုတဲ့ဂိမာန်
အချိန်မတန်ခင်
လေ​ပွေ​ဝှေ့ လို့
ရော်ရွက်​တွေ​ကြွေ​နေ့​စေ့
အပူ​ငွေ့ ထပ်သမျှ
ရွက်လှ​တွေ
ကျိန်စာသင့်
နွေနဲ့ဖွင့်တဲ့ဒီတနှစ်
သက္ကရာဇ်​တွေ
အ​ကြွေ​နှေးခဲ့
ဖြေ​ဆေးကူမဲ့
ဥသြဖွဲ့တဲ့အလွမ်း​တေးနဲ့
လမ်း​ဘေးသစ်ကိုင်း​တွေ
လွမ်းမုန်တိုင်းမိ
လေမထိ​နွေမထိနဲ့
ကြွေမိတဲ့မျက်ရည်
ရက်ရှည်စီး​မျော
အလွမ်းနဲ့
နှီး​နှောလိုက်တဲ့အခါ
နွေကန္တာဟာ
အဆတရာ့ ။



         သူရဇ္ဇ
*********************************************
စေလိုရာ​စေ ၂


နာခံခဲ့​သောအမိန့်
အဆိပ်တို့ဖိတ်စင်
မြင်လွှာကို
မပိတ်ချင်​ပေမယ့်
သူစိတ်ငြိုငြင်မှာစိုး
ချူပ်ရိုးကာပိတ်
တိတ်တိတ်သာ​နေ
အသ​င်္ချေကမ္ဘာ​မြေအဆုံး
သူ ​စေလိုရာ​စေ
လက်ညှိုးညွန်ခိုင်း
အရှုံးတံတိုင်း​နောက်မှာ​နေ
ခွန်းဟ​ခြွေ
နေ​စေစွန့်ရင်လည်း
မ​နေ၀ံ့​နေ၀ံ့
အ​ခြေမတွန့်ဝံ့သူပါ​လေ
ကျန်​နေချန်ထား
သူသွားရာမလိုက်ရဲ
သူထားရာ​နေ
သူ့အ​ဖြေမ​စောင့်ပဲ
သူအ​ကြွေစွန့်လို့
မ​နေ​စေချင်လည်း
သေရဲတဲ့သူပါ​လေ
အပူဗျာ​ပွေ
ကျမျက်ရည်
ပင်လယ်​ဝေ​နေလည်း
သူ ​စေလိုရာ​စေ့ ။






         သူရဇ္ဇ
*********************************************
*       မဲ့                 *

ပြောချင်တာတွေပြောမထွက်သေးပါဘူး အပျိုစင်လေးရေ
တလှိုက်လှိုက်နဲ့ရင်မှာခုန်
သူမကြင်နာရင် ငိုမလို့တဲ့
နှလုံးသားကသံပတ်ပေး နာရီသံတွေနှိုးစက်မြည်
လှိုင်းတွေထနေတဲ့ ရွက်လှေပေါ့

စမ်းချောင်းလေးတွေမှာစီးဆင်း
မြစ်ငယ်လေးတွေမှာမျောရင်း ပင်လယ်ကြီးထံ ခရီးလွင့်
ညနေခင်းရဲ့ ငှက်ငယ်လေး
တကျီ ကျီ နဲ့အသံပေး သူ့နာမည်လေးထထမြည်
တေးသံကြူးနေဆဲ အသိုက်တွေပေါ့

စပါကလင်ရောင် ညီမျှ ချင်း နဲ့ ရနံ့သင်းလေသောသူရေ
ပူစီပေါင်းလိုအမြုတ်ကလေးတွေနဲ့
လေနီလေစိမ်းတွေကိုငြိမ်သက်ပေးပါ
တိတ်ဆိတ်ချင်းကို အလှဆင်ပါ
တကွက်စာကာတွန်းနဲ့ အဆိပ်ဟာဆာလွန်းခဲ့

ညဘက်ရောက်တိုင်း
လေလိုင်းထဲမှာအပေါင်းသင်းတတွေနဲ့ ဘောလုံးကန်
နှစ်ချို့သေရည်တခွက်ကြောင့် လျှာကျွမ်းပြန်ပေါ့
အမည်မသိသူအချင်းချင်း ဆွေမျိုးတွေတော်
ကိုယ့်အမကသူ့သက်ထားဖြစ်လိုက်
သူ့ညီမကကိုယ့်သက်ထားဖြစ်လိုက် အချစ်ငတ်နေသူပဲ

၁၅၀၀တန်ဖုန်းလေး လက်ထဲရောက်လာကတည်းက
သူ့ကိုလွမ်းတတ်လာပါတော့တယ်
အခမဲ့ အင်တာနက်လိုင်းတွေကနေ
သတိရစရာတွေ ပြောဖြစ်ကြ ခံစားချက်တွေဖွင့်ထုပ်ပြ
အိမ်ကအမေကိုသာ နေကောင်းရဲ့လား တခွန်းမမေးဖူးတာ
သူ့ကိုပို့နေကြမက်ဆေ့တွေကကျန်းမာရေးဂရုစိုက်ပါသားမိုက်ဂျ လေဘီလေ ဝါသနာအရ
လမ်းတွေပေါ် ခြေချ ခဲ့တယ်
အိမ်ကအဖေကိုတော့အားနာပါရဲ့
အမေ့ကိုသတိရတိုင်းလဲငါ ထမင်းဆာလာခဲ့
မာတာပိတုဂုဏ်တောအနန္တနောကညတိုင်းရွက်ဆိုလျက်ပေါ့

သီချင်းတွေကိုငါချစ်တယ်
ကြယ်တွေစုံတဲ့ညကို ငါမြတ်နိုးတယ်
ချောကလက်ရောင် ကော်ဖီကို ငါးကြော်နဲ့မြည်းရတာ
ငါသဘောကျတယ် တညနေလို့တခေါက်
သူမဆီကို အိပ်မက်တွေနဲ့ အတူငါရောက်တယ်
မျက်ရည်မခိုင်တတ်သူမို့ ဝတ္တု ဖတ်ဖြစ်တိုင်း နောက်ဆုံးစာမျက်နှာကို ငါလှန်တယ်
သဘောကောင်းသူ တယောက်မဟုတ်လို့
ဘေးပတ်ဝန်းကျင်အတင်းအဖျင်းတွေကို စီးကရက်ငွေ့လို
ငါမှုတ်ထုပ်တယ်
သြကာသလောကသားတွေအတွက်တဲ့
စံပယ်ပန်းလေးတွေ ဖြူ စင်သင်းပျံ နေတုန်းပဲလား

ဒီဇာတ်လမ်းကို ဒီမှာတခန်းရပ်လို့ အိပ်မက်တွေ မျက်နှာဖုံးချုပ် ခဲ့ပြီလေ
ထာဝရမေတ္တာရှင်ရဲ့အလင်းရောင်နဲ့အတူ
မေတ္တာရှင်မလေး လရိပ်ကလေးလို အေးပါစေ ။
                                       Phyur.../\/*L့
*********************************************
*နွေ မျက်ရည်*
ပွင့်နေပြီပေါ့ လက်ပံပွင့်တွေ
နွေရောက်ပြီတဲ့ သက်သေပြနေ
ဝေဒနာတွေ မဖြေသာဘူး...
လေရူးလေပွေ တိုက်ခက်မြူးတော့
ရက်စက်ခဲ့သော ချစ်ဦးသူရေ
နွေရောက်လေတိုင်း လွမ်းနေမိတယ်...
ရော်ရွက်ဝါတွေ မြေမှာကြွေလို့
ငါ့အသည်းတွေ ကြွေခဲ့ရတာ
နွေကာလမို့     နွေကိုမုန်းတယ်...
ပြုံးသူကနိုင် ရှုံးသူမှိုင်လို့
နှလုံးသားကို ဈာပနသွင်း
ငါရင်တွင်းမှာ မြစ်တစ်စင်းက
မျက်ရည်စက်တွေ စီးဆင်းနေပေါ့...
         တစ်ကောင်ဘွား(ဓာတ်တော်)
*********************************************
နွေ သို့မှာတမ်း


ရော်ရွက်​တွေညို
ဥသြပျို
အ​ဖော်ရှာမ​တွေ့သည်အထိ
ကြွေ​မြေ့​ဆွေး​ခြောက်
ရေတ​ပေါက်မကျ​အောင်
ပူချင်သ​လောက်သာ
ပူလိုက်စမ်းပါ​နွေ
လေ​ဝှေ့ လို့မ​ကြွေ
မြေ​ငွေ့ တို့မ​ဝေလည်း
နွေသင့်လို့အ​ခြေညိုး
ကံဆိုးသူအသည်း
နွေထဲမှာရပ်
လွမ်း​မောတက်​အောင်
ရမ္မက်နဲ့​ဆောင်သွင်း
ပူပြင်းသည့်ဒဏ်
လူးလိမ့်ခံခက်
ကံဇာတ်ရယ်ညှင်း
လွမ်းချင်း​တွေထပ်လို့
နွေရက်​တွေရှည်ကြာ
ကြေငြာအားနည်း
ဥသြလည်းငါ့လို
ဘ၀မစို
အလိုမကျသည်မို့
ကိုယ်ကတမ်း​သော်လည်း
နွေလမ်း​တွေ
လှမ်း​လျှောက်မဆုံးလို့
အလွမ်း​နောက်ဆုံး
နိဂုံးမချူပ်သာ​လေပြီ့ ။






        သူရဇ္ဇ
********************************************
*     ယုံပါ ဧဒင်          *

မနက်ခင်းတိုင်း
ကိုယ်မျှော်နေတတ်သူတယောက်အကြောင်း
နံနက်ခင်းဟာ
ကော်ဖီတခွက်နဲ့ ထမင်းကြော်တပွဲ
ကြိုက်တတ်သူလေးနဲ့စတယ်

လေးနက်လှတယ်ကွယ်
ချိုစိမ့်မကြိုက်တဲ့ မင်းအကြည့်လေးတွေက
ခါးသက်လွန်းပါတယ်
ဆီမပါတဲ့ဘဝတွေ
အဆင်မပြေတဲ့    အကြောင်းကိုတော့
တကူးတကမပြောတော့ပါဘူး

ပွဲလန့်တုန်း ဖျာဝင်ခင်းမဲ့ သူတွေထဲမှာ
အရံသရုပ်ဆောင်တွေပါဝင်ခွင့်မရှိဘူးလေ
ကြိုးဆွဲရာကို လိပ်ပြာသန့်သန့်လေးသာကလိုက်ပါ
ဧဒင်ဟာ မင်းအပြုံးတခုနဲ့တင်လှနေမှာကိုယုံပါ
                                           Phyur.../\/*L့

*********************************************

*    အဖြူ အစိမ်းနဲ့ ကောင်မလေး            *

အဖြူ အစိမ်းနဲ့ ကောင်မလေးရေ
ကိုယ်ဟာ
သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးကပါ
တွက်မရတဲ့ ပုစ္ဆာတပုဒ်နဲ့
မင်းနှုတ်ခမ်းပါးလေးတွေကို
လက်ချ မှားနေသူပေါ့
ကုတ်ရာချက်ရာတွေနဲ့ ကိုယ့်ကို
ကျောင်းလွယ်အိတ်ထဲက
မနှင်ထုတ်ပါနဲ့ကွာ
တကယ်ဆိုရင်
မင်းပြုံးလေးတွေနဲ့
ကိုယ့်ပတ်ဝန်းကျင်ကို ဂရုစိုက်စေချင်တာ
အဖြူ အစိမ်းနဲ့
ကောင်မလေးက သိပေးပါ
                                  Phyur.../\/*L့
*********************************************
ရင်တွင်း   မေ



မေ့ဖို့အရေး
မတွေးစေလို
ချစ်သူအငိုမမြင်ဝံ့
ရင်နင့်အောင်မြတ်နိုး
ရိုးသားစွာချစ်ခဲ့သူပါမေ
သောကစေတဲ့
စိတ်တေလေ
မှိတ်လေလေ
မေ့မယ်အထင်နဲ့တော့
မေ့ရင်ခွင်နဲ့အဝေး
ထွက်ပြေးစေဖို့
တွန်းအားမပေးပါနဲ့လားမေ
မေ့လိုရင်မေ့
မတွေ့လိုရင်ရှောင်ထွက်
မေမနှစ်သက်တော့ရင်လည်း
ချစ်လျက်အမေ့ခံဖို့
ငါ့မာန်တွေဖြိုချ
မေအလိုမကျလို့
ငိုရသည်ထား
အပစ်စကားမဆို
မေသွားလိုရာ
သွားပါမေ့ ။





         သူရဇ္ဇ
*********************************************


ဒီတစ်ပတ်ရဲ့ ကဗျာဂျာနယ်အစီအစဉ်လေးကတော့ ဒီလောက်ပါပဲခင်ဗျာ။ ကျွန်တော်တို့ မြန်မာလူငယ်သတင်းစုံ မှ စီစဉ်တင်ဆက်နေတဲ့ ကဗျာဂျာနယ်လေးမှာ ကဗျာတွေ ရေးသားပေးပို့ချင်တဲ့ ဝါသနာရှင်များအားလုံးကို ဖိတ်ခေါ်ပါတယ်။ ကဗျာများကို ပေးပို့ချင်တယ်ဆိုရင်တော့ Viber ဖုန်းနံပါတ် 09-256480246 သို့ လိပ်မူ၍ ရေးသားပေးပို့နိုင်ပါသည်။



ကဗျာဂျာနယ်အစီအစဉ်လေးကို သင့်Android ဖုန်းထဲကနေ အလွယ်တကူ စောင့်မျှော်ဖတ်ရှုချင်တယ်ဆိုရင်တော့ မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAPK လေးကို    ဒီနေရာကိုနှိပ် ပြီး ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။



မျက်မမြင်ကျောင်းများ၊ မိဘမဲ့ဂေဟာများ နှင့် ပရဟိတဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသော မြန်မာလူငယ်ပရဟိတအသင်းသို့ တတ်အားသ၍ ပါဝင်လှူဒါန်းလိုပါက ဖုန်းနံပါတ် 09962385542 သို့ ဆက်သွယ်၍ သဒ္ဒါတရား နည်းများမဆို ပါဝင်လှူဒါန်းဖို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်ခင်ဗျာ။


No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ