Sunday 19 February 2017

*အလွမ်းမျက်ရည်* သိပ်ချစ်နေပေမဲ့လည်း ပေါင်းစည်းခွင့် ကြမ္မာ ဗလာဖြစ်လို့ လက်ပြနှုတ်ဆက် ချစ်လျှက်နဲ့ ဝေးခဲ့ပြီ... ဒို့နှစ်ဦး ရင်ထဲကိုယ်စီ ဒဏ်ရာတွေက နာကျင် ကံကြမ္မာရယ် ရက်စက် ညဉ့်နတ်သန်းခေါင်မှာ တိုးတိုးလေ ငိုကြွေး လွမ်းဆွေးတမ်းတ သက်သေပြစရာ မျက်ရည်စက်တွေက ပါးပြင်ထက်မှာ ယနေ့တိုင် စိုစွတ်နေလျှက်ပါပဲ ချစ်သူရေ...။ *ပဲပြုတ် နံပြား* ရုပ်ရည်ရှုပကာ အဆင်းမှာ မင်းသားတွေလို မချောပေမဲ့ သူသေခဲ့တာ ၁၀၂နှစ်ပြီ မေ့လိုက်ပါတော့လား...။ ငါတို့နှလုံးသားထဲမှာ ယနေ့တိုင် မမေ့နိုင်သေးသလို သေထိတိုင် လွမ်းရဦးမယ် သူလိုလူကို တမ်းတတယ်...။ ပန်းလေးတစ်ပွင့် နေရောင်ခြည်ကြောင့် နွမ်းလွင့်လို့ ခြောက်သွားလိမ့်မယ် နောင်မျိုးဆက်သစ်တွေ ရင်ထဲ ထာဝရရှင်သန်နေမည့် သူ....။ သူသမိုင်းကို ဘယ်လိုဖျောက်ဖျတ် ရက်စက်ကြပါစေဦးတော့ ဒို့ရင်ထဲမှာ ထာဝရရှိမည့် သူနာမည် ဗိုလ်ချု ပ်အောင်ဆန်းတဲ့....။ ဗိုလ်လုပ်ပြီး မအုပ်ချု ပ်သလို တိုင်းပြည်လည်း ရောင်းမစား သူစားခြင်တာ ဘာပါလိမ့်? အော် ပဲပြုတ်နဲ့ နံပြား....။ တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ