Sunday 19 February 2017

*မမေ့နိုင်တဲ့ တေးတစ်ပုဒ်* ခေတ်ပေါ်သံစဉ် တေးသီချင်းတွေ ဘယ်လိုကောင်းစေ သားမောင်ရင်ထဲ မေမေသီဆို ချော့သိပ်ဖူးတဲ့ အို အို ဆိုတဲ့ တေးတစ်ပုဒ်လို မသာယာပါဘူး မေမေ... ခေတ်ပေါ်ဇာတ်လမ်း အသစ်လေးတွေ ဘယ်လိုကောင်းစေ ငယ်စဉ်ခါက အိပ်ယာဝင်တိုင်း ပုံပြောပြဖူးတဲ့ မေမေရဲ့ ပုံပြင်ဟောင်းတွေလောက် သားမောင် မစွဲလန်းပါဘူး မေမေ.. နှစ်တွေကြာညောင်းသွားပေမဲ့ သားမောင် တစ်နေ့ ပြန်လာခဲ့ရင် မမေ့နိုင်တဲ့တေးတစ်ပုဒ်နဲ့ မေမေ ရင်ခွင်မှာ ခဏတာလေး မှေးစက်ခွင့်ပြုပါ မေမေ... တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ