Sunday 19 February 2017

*အချစ်နဲ့ အမုန်း* အချစ်တဲ့လား မလာပါနဲ့တော့ ခဲမှန်ဖူးတဲ့ စာသူငယ်လို အသည်းနာဖူးခဲ့ပြီမို့ ဒီတခါ ချစ်မိရင် ငါရူးလိမ့်မယ်ထင် ငါ့ရင်ထဲက ဝေဒနာတွေ အနာမကျတ်သေးတာမို့ ငါနဲ့ဝေးရာ သွားပါတော့ကွယ်... အမုန်းတဲ့လား မလာပါနဲ့ ငါ့နှလုံးသား သေဆုံးသွားပြီ အချစ်နဲ့ပကာသန ယှဉ်ပြိုင်ပွဲမှာ သစ္စာတွေပဲ မခိုင်မြဲတာလား စဉ်းစားမရပေမဲ့ ချစ်လွန်းတဲ့ ငါ့ နှလုံးသားက ရှုံးခဲ့တာမို့ အဝေးဆုံးကို သွားပါတော့ကွယ်... တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ