ဆုံတွေ့လာ ခဏဆိုပေမဲ့
မေ့မရပါဘူး သူငယ်ချင်း
onlineမှာ
ခင်မင်ဖူးလို့ ဒို့တတွေ
မမြင်ဖူး မသိဖူးပေမဲ့
ပျော်ခဲ့ဖူးတယ် သူငယ်ချင်း
ညီ အစ်ကို မောင်နှမ ရင်းပမာ
သိတာတွေ ဝေမျှ
မသိတာတွေ မေးကြရင်း
ဖေးမလို့ ကူညီခဲ့တဲ့
ကျေးဇူးတွေ မမေ့ပါဘူး
မေ့မရဘူးလေ သူငယ်ချင်း
တစ်နေ့နေ့ တစ်ချိန်ချိန်
ကံမကုန်လို့ အပြင်ပမှာ
ဆုံတွေ့ခဲ့ရင် ခေါ်ပါ ပြောပါ
နုတ်ဆက်ပါ သူငယ်ချင်း
တစ်ကောင်ဘွား(ဓာတ်တော်)
ဝေဖန် အကြံပြုလိုပါက ၀၉၇၉၅၉၅၀၇၆၇သို့ ဆက်သွယ် ဝေဖန်နိုင်ပါသည်
သင်ဆရာ မြင်ဆရာ ကြားဆရာများရဲ့ ခြေဖဝါးအောက်က မြူမှုံလောက် အနုပညာလေးနဲ့ ရေးစပ်ခွင့်ရတဲ့အတွက်
အရမ်း ဂုဏ်ယူမိပါကြောင်း ရိုးသားစွာနဲ့ ဝန်ခံပါတယ်
- ကြိုးစားပါဦးမည်
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ