Monday 4 January 2016

နင်မရှိတော့တဲ့ ရင်ခွင်

ဘာပြောတယ် 
ပြန်ပြောလိုက်စမ်းပါ
ငါ့ကို သိပ်ချစ်တယ် ဟုတ်လား
ဟားတိုက် ရယ်လိုက်ရင်
ကမ္ဘာကြီး စောင်းပြီး
နေနဲ့လ လမ်းကြောင်းတွေ
ပြောင်းတော့မှာပဲဟာ
ရင်ခွင်ဟောင်းကို စွန့်ခွါ
ရင်ခွင်သစ်မှာ ပျော်မွေ့
ငြီးငွေ့လာမှ ငါ့ကို
သိပ်ချစ်တယ်လို့
ပြောရဲတာ အံ့သြမိတယ်
အချစ်ကို ကြေးထားပြီး
ဈေးကစားတက်တဲ့
နင့် ပါးစပ်က သစ္စာဆိုတဲ့
စကားလုံးတွေကို ခဏခဏ
မသုံးစမ်းပါနဲ့   နင်နဲ့ မတန်လို့ပါ
နှလုံးသားအတုတွေနဲ့
အခုမှ မာယာသုံးပြီး ငါ့ဆီကို
မလာပါနဲ့တော့   ငါ့ရင်ခွင်မှာ
နင်နဲ့အတူ  ငါနှလုံးသားပါ
သေဆုံးခဲ့ပြီလေ  ငါအသဲတွေလဲ
ကြွေခဲ့ပြီမို့   ငါ့ရင်ထဲမှာ
နင်မရှိတော့ဘူး မိန်းကလေးရယ်
                        တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ