ရာသီတွေပြောင်းလဲ
မမေ့နိုင်ဘူး အချစ်ဦးရယ်...
ဘုံတကွေ့မှာ
ဆုံတွေ့လာ ခဏ
မေ့မရတာ အချစ်လား...
ခွဲသွားမယ်ဆိုတာ
ရင်ထဲသိပေမဲ့
နှလုံးသားက လက်မခံဘူး
အခုတော့ ရက်စက်သူရေ
တစ်သက်တာ အလွမ်းတွေကြောင့်
ငိုရှိုက်နေတဲ့ နှလုံးသား
ပင်ပန်းလှပါပြီဟာ....
အလွမ်းဆိုတာ ကြောက်လို့
ဒူးထောက်ပြီး တောင်းပန်လဲ
အရူးတစ်ယောက်လို ဆက်ဆံ
ရာသက်ပန် နှုတ်ဆက်ခဲ့ပြီလား.....
ရှိပါစေတော့ နင်လဲတစ်နေ့
ငါလို ဝဋ်မလည်ပါစေနဲ့လို့
တောင်းဆုခြွေရင်း တိုးတိုးလေးပဲ
ငိုပါရစေတော့ ချစ်သူရယ်.......
တစ်ကောင်ဘွား(ဓာတ်တော်)
09442095465
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ