Saturday 30 January 2016

မင်းမရှိတဲ့ ဘဝ

ပန်းရွှေကြာဟာ
စမ်းရေပြာနဲ့ ဝေးရင်
မြေပြင်မှာ နွမ်းကြွေစမြဲပါ
မင်းမရှိတဲ့ ကိုယ့်ဘဝ
လွမ်းဝေဒနာနဲ့
တမ်းတခဲ့သူပါ
ချစ်သူရယ်..,
                       *  လောကထဲက အရူးများ*
ခေတ်ခါအလိုက် မိုက်တာကြိုက်၍
လူမိုက်တဲ့လေ  ဂုဏ်ယူနေရဲ့
လူတို့ခေါ်ကြောင်း ခေတ်နောက်ပြောင်းမို့
လူကောင်းဆိုလျှင် လူ အ ထင်ကြ
ကဲ့ရဲ့ကြသည် မေးငေါ့သည်နှင့်
ငါ တစ်လူခင်း အချင်းချင်းပင်
စော်ကားခြင်ကြ သားချင်းဆွေမျိုး
ဂုဏ်ပြိုင်းထိုးလျှက် မျိုးရိုးမထိန်း
ခါးသီးစိမ်းကြ သူစိမ်းသဖွယ်
မောဟနယ်မှာ နွံ့ဝယ်နစ်မြုတ်
နေကြသည်ကွယ်  သြော်   လောကသားတွေ
လောကသားတို့ ရူးပြီထင်ရဲ့......
                       တစ်ကောက်ဘွား (ဓာတ်တော်)
        ဝေဖန်အကြံပြု မေးမြန်းဆက်သွယ်လိုပါလျှင် ၀၉၄၄၂၀၉၅၄၆၅သို့ဆက်သွယ်နိုင်ပါသည်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ