Thursday 28 January 2016

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၆၆

ကျွန်မကခရေပါမောင်
***********************

ပင်မြင့်မှာနေပေမယ့်
ဘဝင်မြင့်တယ်မထင်ပါနဲ့ မောင်
လိုချင်သူပင်အောက်မှာတင်ကောက်ဖို့ 
ကိုယ်ကိုတိုင်မြေခပေးပါ့မယ်မောင်***-

ခြွေယူသူမထိခိုက်အောင်
နှင်းဆီလို ဆူးတွေနဲ့ 
ထူးခတ်မထားပါဘူးမောင်*******

မောင်လိုချင်  မောင်ရင်ခွင်
တစ်သက်မွှေးရအောင်
ရနံတွေကို ထိန်းထားပါတယ်မောင်****

မောင်
ခရေဆိုတာ ဖြူဖွေးနေမှမွှေးတက်တယ့်
စံပယ်လိုမဖြူ   စင်တာမဟုတ်ပါဘူး****

ဖြူးဖွေးနေချိန်  မွှေးနေသလို
မြေပြင်ပေါ်သက်ဆင်း
ကြွေကာကျပြီး  လူသူတစ်ကာနင်းခံရပြီး
မောင်ကောက်နမ်းမယ်ဆိုလဲ
မောင့်အတွက်  ရနံကရှိဆဲပါပဲ*****

မောင်
တကယ်ဆို  ခရေးဆိုတာ
နှင်းဆီလို  ဆူးတွေးနဲ့ 
ထူးခတ်မထားသလို
စပယ်လိုလဲဖြူနေမှ
ရနံသင်းတာမဟုတ်ပါဘူး
မောင်သိအောင်ပြောပြချင်တာက
ဝေလဲမွှေး  ကြွေးလဲမွှေးတယ့်
ကျွန်မက ခရေပါမောင်********


                 သွေးငယ်(ဖြိုးဇင်ကို)
            ပုသိမ်သား(မြန်မာလူငယ်)
============================
ပျော်တော်ဆက်
******************
မောင်   ***မောင်မသေရဖူး
မောင်ရှိနေရင်  ချစ်ပျော်တယ်တယ့်
သူလေးဆီကကြားရတယ့်စကား
ဘယ်သောသူသေမှာလဲ
မင်းလေးပျော်ဖို့ ပဲလဲ****

မကြာမီ

မောင် ***ဘာဖြစ်နေတာလဲကွာ
သူ့ ကိုသူငယ်ချင်းလိုခင်တာပါကွာ
အော် သူငယ်ချင်းတယ့်လား
အင်းယားကန်ဘောင်
လက်ချင်းချိတ် လမ်းလျောက်ပြီး
ခုံတန်းလေးပေါ်အနမ်းတွေဝေနေတာ
ရှိစေတော့လေ  သူပျော်နေတာပဲ****

နောက်တစ်လအကြာ

ရှင့်   ****ကို ကျွန်မမုန်းတယ်  လောကကြီးမှ နင်မရှိမှ  ငါစိတ်ချမ်းသာမယ်
အော်  ပြောရက်လိုက်တာချစ်သူရာ  မြင်မြင်သမျှ
မသိကျိုးကျွန်ပြုပြီး နေပေးနေတာ
ငါငတုံး ငအ   ဖြစ်နေလို့ မဟုတ်ဘူး
အယ့်အချိန် ငါ့နေရာမင်းဝင်ကြည့်သင့်တယ်
ရပါတယ်ချစ်သူ   ငါမရှိမှပျော်မယ်ဆို
ငါသေပေးပါ့မယ်****

          လောကကြီးမှာ    လှည်းစားနေတာကို
          သိသိကြီးနဲ့   နားလည်ပေးနေတာကို
           ငတုံးထင်ပြီး   အခွင့်ရေးမယူပါနဲ့ 
            တကယ်ဆို သူတို့ ဘဝတွေက
            အချစ်စစ်ကိုရင်မှာပိုက်ပြီး
            ချစ်နေရရှာတယ့်   ပျော်တော်ဆက်တွေပါ****


      သွေးငယ်(ဖြိုးဇင်ကို)
     ပုသိမ်သား(မြန်မာလူငယ်)
============================
  *မေမေ*
 သားသမီးတွေအပေါ် အမြဲ
နွေးထွေးမူတွေပေးခဲ့တယ်
မေမေရဲ့ဂရုစိုက်မူတွေ နဲ့
ကြီးပြင်းခဲ့ရတယ်  အရာ
ရာကို ကိုတိုင်ဝင်ရောက်ဆုံး
ဖြက် လမ်းပြပေးခဲ့တယ် မေ
မေဟာအပြုံးနဲ့ ကျန်တော်
ကိုဆုံးမပေးခဲ့တယ် မေမေ
ဟာ ကျန်တော့ဘဝအတွက်
ရှေ့ဆက်မယ့်လမ်းတွေကို
နောက်ကနေ  မေတ္တာခွန်
အားတွေ ပေးတဲ့ ကျန်တော့
ဘဝအတွက် မရှိမဖြစ်ပါ
မေမေ  ကိုကျန်တော် အသက်ရှင်နေသရွေ့ လုပကျွေးပြုစုသွားမယ်
မေမေအသက်ရာကျော်
ရှည်ပါစေ ဒီစာလေးနဲ့
ကျန်တော် မေမေ့ကို
ကန်တော့လိုက်ပါတယ်
အမေများနေ့မှာ ကမ္ဘာပေါ်
မှာရှိရှိသမျှအမေတိုင်းသား
သမီးတွေရဲ့ ဂရုစိုက်ဖြည့်
ဆည်းမူ့တွေနဲ့အတူပြုံးပျော်
ရွှင်နိုင်ကြပါစေ'''
 *ကိုယ့်သခင်*
============================
* ငအရဲ့ကဗျာ *

သွားကြမယ်လာအဝေးဆုံးကို
ကာရံမတူတဲ့ကဗျာတပုဒ်
လှပစွာရေးဖွဲ့နိုင်ဖို့အတွက်
မြက်ခင်းစိမ်းလေးပေါ်မှာ
နှစ်ချို့ဝိုင်တခွက်စပ်ထားတယ်
အသွေးကိုဖောက်လို့
ခြင်္သေ့တကောင်ရဲ့အနှစ်ကို
ရူးသွပ်စွာသောက်သုံးမယ်
ကတ္တရာလမ်းပေါ်က
သဲဖြူ ဖြူ လေးတွေကိုအခင်းလုပ်
မာကြူ ရီမီးအလှလေးက
အေးချမ်းတဲ့ညတွေမှာနွေးဓာတ်ပေါ့
လာခဲ့ပါသူငယ်ချင်း
ကောင်းကင်ကကြယ်လေးတွေကို
တို့အတူတူစာတွေဖွဲ့ကြမယ်
ကော်ဖီတခွက်ရဲ့အရသာ
အတူတူခံစားရင်း
တို့အတူတူအနွေးဓာတ်ခြုံမယ်
အေးသဲ့သဲ့ညလေပြေရဲ့အောက်မှာ
အတွေးတွေကိုယ်စီနဲ့
ညနတ်သမီးအလှငြင်းခုန်ကြမယ်
ဘယ်သူကပိုလှတယ်
ဝင်းဝင်းထိန်နေတဲ့လမင်းကြီးလား
မာကျု ရီမီးရောင်အောက်က
မြို့ငယ်ကလေးလား
ပျော်ရွှင်စွာကြည်နူးနေကြတဲ့
ချစ်သူစုံတွဲတွေလား
အလင်းရောင်ကိုမင်တစက်နဲ့
ထောက်လိုက်မယ်ဆေးစက်တွေ
ပြန့်ကျဲနေတာပဲ
ရေတွင်းလေးအထဲမှာပေါ့
အိမ်ကလေးတလုံးဆောက်ထား
ဆန်ဖွတ်တဲ့အဖိုးကြီးလဲ
အိပ်မောကျနေလိုက်တာလေ
ယုန်ကလေးဆန်တွေခိုးစားနေပြီ
ကမ္ဘာမြေကြီးအိပ်မောကျနေတုန်း
သေနတ်သံတွေ
ကြားနေရတယ်အောက်မှာ
ယမ်းငွေ့တွေနဲ့ဆောင်းရိပ်ကြေကွဲ
ကဗျာလေးတပုဒ်
ရုတ်တရက်ထပေါက်ကွဲတယ်
မင်းသားမပါမင်းသမီးမပါ
ဒုက္ခတွေပေါင်းစုံတဲ့ကျုပ်တို့ကမ္ဘာ
 Phyur…/\/*L့
============================
အနှိုင်းမဲ့မေမေ

ပင်လယ်ပြင်
လှိုင်းတွေကိုဖြတ်
သမုဒ္ဒရာထက်
ကျယ်ပျန့်သော
အမေ့မေတ္တာ
စင်္ကြဝဠာ
တံတိုင်းတွေထပ်
အနန္တရဟတ်
မပြတ်လည်နေတဲ့
အမေ့မေတ္တာ
နှိုင်းယှဉ်မြင့်မိုရ်
ဆင့်လိုရာဆင့်
မြင့်လို့လာလည်း
အမေ့ရဲ့မေတ္တာနဲ့ယှဉ်ထားရင်
နွားဦးဂျိုအလား
သေးငယ်သွား၏
အမိ ၏အသက်
အဖ ၏ရတက်က
သား၏မျက်နှာ
ရွင်ကြည်ပါမှ
ရေကြည်တပေါက်ကျ
အေးချမ်းရ၏
နို့ချိုတိုက်ကြွေး
ပုခက်လေးထဲက
သား၏ရုပ်အသွင်
မြင်နေလည်းမဝ
ညညကိုဆိုတေးဖွဲ့လို့
အို ကလေးရဲ့
အိပ်ပါဆိုခိုဖမ်းလို့ပေး
နွေးထွေးတဲ့အမေ့ရဲ့အသံတရွေ့ရွေ့ပြန်
နာရီသံတချက်ချက်နဲ့
ရာသီရဲ့ဒဏ်
ကြံ့ကြံ့ခံလို့
သားလေးရဲ့ဘဝ
လူပီသအောင်
တူညီမျှတဲ့မေတ္တာနဲ့
ပန်းချီကားတချပ်လို
ဆေးစက်တင်ပေး
မမြင်သေးတဲ့
အနာဂါတ်တဝက်မှာ
သားလေးအသက်ဟာမိဘအတွက်
အားဆေးတခွက်ပေါ့
စာဖွဲ့လို့မမှီ
ရေးသီလို့မကုန်
ဂုဏ်အင်ကြီးမား
မိဘများသည်
အဓိကထား
ဘုရားသခင်နှင့်
တစ်ဂိုဏ်းထဲထပ်
အနှိုင်းမဲ့မြတ်၏
သားသမီးတိုင်း
သိတက်စေ့။


       သူရဇ္ဇ
===========================
ကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်အစီအစဉ်မှာ ကိုယ်တိုင်ပါဝင်ချင်တယ်ဆိုရင်တော့ viberဖုန်းနံပါတ်-09256480246သို့ ရေးသားပေးပို့နိုင်ပါတယ်ဗျာ။
အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ