Tuesday 5 January 2016

အလွမ်းတေး

မိန်းကလေးရေ
ဘဝမလှတဲ့ အညတရမို့
မချစ်တက်ဘူး  မလွမ်းဘူးလို့
မထင်လိုက်ပါနဲ့         ရင်ထဲက
မေတ္တာ သစ္စာတွေနဲ့
ပထဝီ မြေကြီးကို  သက်သေတည်
ချစ်သစ္စာဆိုရဲပါတယ်လေ....
အညတရ တောသားဆိုပေမဲ့
ရိုးသားတဲ့ ချစ်ခြင်းတွေနဲ့
ထာဝရချစ်နေမှာပါ မိန်းကလေးရယ်
ပကာသန အလွှာတွေ ခြားလို့
နှလုံးသားကို စတေး
မင်းဘဝလေး သာယာစေဖို့
အဝေးဆုံးကို ထွက်ပြေးခဲ့သူရဲ့
ရင်ထဲက ဝေဒနာတွေကို
နားလည်ပေးပါ မိန်းကလေးရယ်.....
အဝေးဆုံးက နှလုံးသားရဲ့
ငိုရှိုက်သံတွေကို
ရင်ထဲမှာ နားဆင်ကြည့်ပါလား
သံယောဇဉ်လွမ်းတေးကို
မင်းကြားရမှာ မိန်းကလေးရယ်,.,
                                တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ