Tuesday 5 January 2016

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၅၈

   မမေ့ပါနဲ့

နင့်အတွက်
ပေးဆပ်ပြီးပြီမို့
ပင်လယ်ပြင်ကို
ကူးခတ်ဖို့
ဝမ်းစာဖြည့်လည်း
အခုချိန်ထိ
ကမ်းရှာမတွေ့
ဝိုးတဝါးအသိတခုနဲ့
ကြိုးစားပြီးယူခဲ့တဲ့
ကောက်ရိုးတမျှင်ကလည်းအားကိုးရာမဲ့
နင့်အတွက်ဆို
ဘာကိုမှချန်မထား
မျက်ရည်တွေ
ခပ်ထုတ်ပြီးယူလို့
အားမရလည်း
အသက်နုတ်ပြီးလှူ
ငါ့အတွက်ကျန်တာ
ဒဏ်ရာဖြစ်ပါစေ
ပျော်ရွင်စေသူ
နင်သာအဆင်ပြေ
နင်စေတဲ့
လက်ညိုးညွန်ရာမှာ
အနွံတာခံသူ
ရှိတဲ့အခါ
နင်မမေ့ပါနဲ့
နင်ပျံသန်းနေတာ
ငါတပ်ပေးတဲ့
အတောင်ပံတစုံနဲ့
ဆိုတာ့။

         သူရဇ္ဇ
===========================
* မျှော်လင့် မဲ့ *

အချစ်သီချင်းတွေ
နားထောင်ရင်း
ခံစားတတ်လာပီ
အလွမ်းသီချင်းတွေ
နားထောင်ရင်း
နာကျည်းတတ်လာပီ
အချစ်ရဲ့လှပတဲ့
လှည့်ဖျားမှုတွေ
ခံရဖန်များလာတော့
မျှော်လင့်ချက်ဆိုတာ
မသိတော့ဘူး
အထီးကျန်စွာ
နေတတ်လာခဲ့တော့
ပျော်ရွှင်ခြင်းဆိုတာ
မတတ်မတ်တော့ဘူး
မိုက်ရူးရဲဆန်စွာ
တဇွတ်ထိုးတတ်လာတော့
တွေဝေခြင်းဆိုတာ
မသိတတ်ခဲ့ဘူး
လောကကြီးနဲ့
ဆန့်ကျင်ဘက်
နေတတ်လာခဲ့တော့
နေ့ရက်တိုင်းဟာ
ငါ့အတွက်
မလှပခဲ့ပါဘူးး…
               Phyur…/\/*L့
===========================
   ချစ်သူ { သို့ }

လိုင်းပေါ်မှာ

နင် မရှိမှန်း

ငါသိပါတယ်

ဒါပေမဲ့••••••

နင် သုံးခဲ့တဲ့

ဖုန်းနံပါတ်လေးတွေ

ငါလိုက်ငေးနေတယ်

စိတ်ချပါလို့

အတန်တန်နင် မှာထားလဲ

နင့်ကိုငါ

စိတ်မချနိုင် ဘူး

မယုံကြည်တာ

မဟုတ်ပါဘူး

ငါနင့်ကိုသိပ်ချစ်လို့

သဝန်တိုတာပါ………

   နေမင်းအာကာ
===========================
 ကြေကွဲမှု့ဖြစ်စဉ်

ဒဏ်ရာတွေက
ပြောတယ်
မင်းအခုထိ
နာကျင်နေတုန်းလားတဲ့
နှလုံးသားက
ပြန်ပြောတယ်
ပန်းနဲ့ပေါက်ခဲ့တာ
မဟုတ်တော့
တစစ်စစ်
နာကျင်တာပေါ့တဲ့
အလွမ်းတွေက
ပြောတယ်
ငါဘာကြောင့်
ပူလောင်နေရလဲတဲ့
နှုတ်ခမ်းလေးက
ပြောပြန်တယ်
ငါသတိရနေလို့ပါတဲ့
ချစ်တာချင်းအတူတူ
ငါကဘာကြောင့်
ပိုခံစားရတာလဲလို့
ကံတရားကိုမေးတော့
လမင်းကြီးက
ပြုံးပြုံးကြီးကြည့်ပြီး
ပြန်ဖြေတယ်
မင်းကအရမ်းချစ်လို့တဲ့
မခံစားနိုင်တဲ့အဆုံး
မုန်းပစ်ဖို့
ကြိုးစားမိတော့
ကြယ်ကလေးတွေက
ပြောကြတယ်
လမင်းကြီးလောက်
အလင်းမဖြာပေမယ့်
ရှိသလောက်
အရောင်ဝါနဲ့
ငါတို့နဲ့အတူ
ညကောင်းကင်ကို
အလှဆင်လိုက်ပါတဲ့
ပန်းပွင့်လေးတွေက
ထပ်ပြောတယ်
ရနံ့တမျိုးဆီနဲ့
မနက်မိုးသောက်ထိ
မွှေးစေလိုက်ပါတဲ့။

        သူရဇ္ဇ
===========================
''တမ်းခြင်း''

ချစ်စိတ်မပြေ  
 လွမ်းရိပ်ဝေ၍

ဆွေးလေတမ်းတ
 သတိရနှင့်

ချစ်ဦးသက်လျာ
  သည်းနင့်ချာသို့

နေ့စဉ်မပြတ်
     အလွမ်းရပ်ဖို့

ပြန်ခဲ့ပါတော့
    ချစ်တဲ့သူ ။

ရွာဦးကုက္ကို    
  ပင်ရိပ်ညိုလည်း

ရွာဝင်စိမ်ပန်း  
   ထနောင်းလမ်းနှင့်

ရွာဦး မဟာ  
    စေတီသာမှာ

ရွာနဲ့ ခွဲခွါ    
   နှစ်တွေ ကြာတော့

ရွာက ငယ်ချစ်  
 ငါ့ကို ပစ်-လား ။

အချိန်တိုင်းတွေး  
 နေ့တိုင်းဆွေးမိ

ရင်မှာမချိ        
    ဝေဒနာသိ မို့

လွမ်းအားပိုလှ    
  ဟေမာန်တမှာ

မပီဝိုးဝါး    
   မြူနှင်းကြားသို့

သူလာမည့်လမ်း
 ငေးမျှော်တမ်းမိ ။

နေမျိုးဗလ
===========================
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ