Saturday 16 January 2016

ကဗျာဂျာနယ် အတွဲ ၁ အမှတ် ၆၃

    တို့ကျောင်း

တုတ်ပြလို့ခြောက်
မျက်လုံးဒေါက်ထောက်လို့ကြည့်
တာဝန်အသိထက်
ပိုရှိတက်တဲ့
မေတ္တာတရားနဲ့
နာသုံးနာ
ရင်မှာပိုက်
အကြင်နာအလိုက်
စိုက်ခဲ့တဲ့
ပညာသစ်ပင်
အကြင်နာရစ်ငင်လို့
ချော့တခါ
ခြောက်တလှည့်နဲ့
ငေါက်ခဲ့တဲ့
ဆရာတွေရဲ့
တုတ်တချက်ကို
မုန့်တဖက်နဲ့မလဲနိုင်
ကျောင်းတွေလည်းပိတ်ခဲ့ပါပြီ
ဆရာနဲ့ဝေးတဲ့တပည့်သူငယ်ချင်းတွေနဲ့
ပျော်ရွင်နေသော်လဲ
တပည့်နဲ့ဝေးတဲ့ဆရာတို့မှာတော့
စာအံသံတွေမဲ့
တိတ်ဆိတ်နေတဲ့
စာသင်ခန်းကို
လွမ်းနေရောပေါ့
ကျောင်းတွေပြန်ဖွင့်
ပြောင်းပြန်ဖြစ်သွားတဲ့
ဆရာတပည့်
ဆုံတွေ့မှု့က
ဆရာ့နှုတ်ခမ်းမှာ
ပန်းတို့ပွင့်စေခဲ့ပြီ
မျက်စိရှုပ်နေပေမယ့်
တက်သိသမျှ
ပညာအသိကို
ဆရာသားမချန်
ဘဝအမှားအမှန်
ခွဲခြားတက်ဖို့
အသည်းခြားက
စေတနာနဲ့
ဥာဏ်အလင်းကို
ထွန်းငြှိပေးခဲ့ပြီ
ဘဝဇာတ်ခုံ
ခြေစုံပစ်ဝင်ခဲ့ချိန်မှာ
ပြန်မရနိုင်တော့တဲ့
ငယ်ဘဝကို
ဘယ်ကစလွမ်းရမှန်း
မသိလို့ သတိနဲ့
နားစွင့်မိချိန်မာတော့
မလှမ်းမကမ်း
တို့ကျောင်းဆီက
ခေါင်းလောင်းသံသဲ့သဲ့ကြားမိလိုက်တယ်
သြော့့်ဆရာ
ကျန်းမာပါ စ။


     သူရဇ္ဇ
**********************************
ချစ်သူသို့မှာတမ်း


ချစ်ရက်ကိုဖြတ်
လွမ်းသက်ကိုနိုး
တကယ်မရိုးနိုင်တဲ့
လွမ်းတေးကိုဟစ်
လမ်းဘေးပစ်ထားတဲ့
ပန်းတွေတောင်
အနမ်းခြွေသူကို
မျှော်လင့်မိကြမှာပါ
ဝေဒနားစကားကိုတပ်
အလွမ်းသက်သက်
နင်ပို့လိုက်တဲ့
မှာစာတွေထဲမှာ
သာယာနေဆဲ
အမှတ်တရတွေ
မပါခဲ့ဘူးနော်
ဝေးလို့လွမ်းတဲ့အခါ
မမေ့ဖို့အနမ်းလေး
ရင်ထဲမှာကျန်
လွမ်းလို့ငေးတဲ့အခါ
အနမ်းချိုလေးကို
ပြန်တမ်းတ
အရသာကို
လျှာကသိပေမယ့်
မင်းရဲ့အနမ်း
ချိုတဲ့အကြောင်းကို
ငါ့နှုတ်ခမ်းလေးလည်း
သိနေပါပြီ
အတွေ့အားလို့
မေ့ထားမယ်မထင်နဲ့
ရင်သဲ့သဲ့တချက်
လှိုက်ခုန်လိုက်တိုင်း
စွဲလမ်းဖူးတဲ့
မင်းနှုတ်ခမ်းလေးကို
ရေသောက်တိုင်း
လွမ်းနေမိပြီ
အိပ်လို့မပျော်
ပျော်လို့မအိပ်တဲ့
အထင်ကရညတွေကို
ရင်ဝမှာသိမ်းဆည်း
ပြန်လာစေချင်တဲ့
ငါ့အလွမ်းတွေကိုတော့ချစ်သူဆီ
မှာတမ်းခြွေလိုက်တယ်


         သူရဇ္ဇ
***********************************
ချစ်သူသို့မှာတမ်း


ချစ်ရက်ကိုဖြတ်
လွမ်းသက်ကိုနိုး
တကယ်မရိုးနိုင်တဲ့
လွမ်းတေးကိုဟစ်
လမ်းဘေးပစ်ထားတဲ့
ပန်းတွေတောင်
အနမ်းခြွေသူကို
မျှော်လင့်မိကြမှာပါ
ဝေဒနားစကားကိုတပ်
အလွမ်းသက်သက်
နင်ပို့လိုက်တဲ့
မှာစာတွေထဲမှာ
သာယာနေဆဲ
အမှတ်တရတွေ
မပါခဲ့ဘူးနော်
ဝေးလို့လွမ်းတဲ့အခါ
မမေ့ဖို့အနမ်းလေး
ရင်ထဲမှာကျန်
လွမ်းလို့ငေးတဲ့အခါ
အနမ်းချိုလေးကို
ပြန်တမ်းတ
အရသာကို
လျှာကသိပေမယ့်
မင်းရဲ့အနမ်း
ချိုတဲ့အကြောင်းကို
ငါ့နှုတ်ခမ်းလေးလည်း
သိနေပါပြီ
အတွေ့အားလို့
မေ့ထားမယ်မထင်နဲ့
ရင်သဲ့သဲ့တချက်
လှိုက်ခုန်လိုက်တိုင်း
စွဲလမ်းဖူးတဲ့
မင်းနှုတ်ခမ်းလေးကို
ရေသောက်တိုင်း
လွမ်းနေမိပြီ
အိပ်လို့မပျော်
ပျော်လို့မအိပ်တဲ့
အထင်ကရညတွေကို
ရင်ဝမှာသိမ်းဆည်း
ပြန်လာစေချင်တဲ့
ငါ့အလွမ်းတွေကိုတော့ချစ်သူဆီ
မှာတမ်းခြွေလိုက်တယ်


         သူရဇ္ဇ
***********************************
*  အနီးအဝေးချစ်သူ *

ပန်းပျိုးလက်
တကယ်တော့ဒါဟာ
နှလုံးသားမြေဆီလွှာမှာ
အချစ်မြေသြဇာတွေနဲ့ပျိုးထားတာ

သင်းရနံ့တွေနဲ့မွှေးပျံ့
လှပစွာဖူးပွင့်အဖြူ ထည်လေး
ဒီအတွက်ဥယျာဉ်မှုးကငါပဲလေ
တချိန်ချိန်ကြွေရမှာသိခဲ့ပေမယ့်

တတ်မတ်နေခဲ့မိ
အချစ်မသိတဲ့နှလုံးသားက
တကယ်တမ်းပွင့်လန်းတော့
မရိုးသားမှုတွေတစစီထွက်ခါကျ

အလိုက်မသိတတ်သူ
အရှုံးရဲ့နိဒါန်းအတွက်
အဆုံးမဲ့ချစ်ခြင်းတွေပေးခဲ့တာ
နိုးထလာတိုင်းအိပ်မက်တွေပဲလေ

ငြို ငြင်မှာစိုးလို့
နီးရက်နဲ့ဝေးနေရတဲ့ဘဝက
အကြွေစေ့လေးလိုခေါင်းနဲ့ပန်း
တံတိုင်းတွေခြားနေခဲ့ရသူမို့

ကာရံထားတဲ့
သိက္ခာနဲ့မာနကိုခြွေချ
တခါတရံတော့လဲသက်ဆင်းချင်သား
သူမရှေ့မှောက်ဒူးထောက်လို့

ပျိုးနေတဲ့ပန်း
မြေမခရအောင်ရင်မှာနား
ကြင်နာတရားနဲ့အချိုသာဆုံးပြောမဲ့
စကားတခွန်းတော့ရှိတယ်
( အရမ်းချစ်တယ်လို့ )
           Phyur…/\/*L့
***********************************
သခင့်အတွက်

မျှော်လင့်ချက်ကို
ရင်မှပျိုးရင်း
တန်ဖိုးထားလို့မင်းကိုချစ်ငါချစ်သလို
မင်းပြန်မချစ်ရင်တောင်
အရင်းခံနှစ်ထားတဲ့
ငါ့မေတ္တာတွေ
အကြွင်းအကျန်
မဖြစ်ပါရစေနဲ့
မင်းပျော်ရွင်မှု့နဲ့
ငါ့ဘဝကိုယှဉ်ပြိုင်
နင်အနိုင်ပေးတဲ့
မုသားတချို့နဲ့
ငါကျေနပ်ဖူးတယ်
အချစ်တခုအတွက်
အရှက်ကိုစတေး
ဖြေးဖြေးလေး
နှိပ်စက်တက်တဲ့
နှုတ်ခမ်းနှစ်လွှာကြား
လှုပ်ယမ်းကစားခံရလို့
နာကျည်းဖို့ခက်ခဲ
အရှက်နည်းစွာ
ဖြည့်ပေးခဲ့ဖူးတယ်
ယုံကြည်မှု့ကိုချခင်း
တံတားတစင်းလို့
ဖြတ်ကျော်နင်း
မင်းခြေထောက်မှာ
ရွံ့တွေပေစေဦး
နေဦးလို့ခဏတား
ငါ့နှလုံးသားကို
တချက်ငေါက်လို့
ပေါက်ခနဲ့ကျလာတဲ့
မျက်ရည်နဲ့
ခြေဆေးလို့သွား
နင်ထားရာငါနေလို့
ကျွန်တယောက်လို
ပြုစုခဲ့ဖူးတယ်


       သူရဇ္ဇ
***********************************
ဒီနေ့အတွက်ကတော့  ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီအစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။


No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ