Tuesday 8 November 2016

ကဗျာဂျာနယ် အတွဲ ၁ အမှတ် ၉၇

မင်းစိတ်တိုင်းကျပျော်ပါစေ...

ငါမြတ်နိုးမိတဲ့ပန်းတစ်ပွင့်ဟာ
ပိုင်ဆိုင်သူရှိခဲ့မှန်းမသိခဲ့ဘူးလေ....

ချစ်ခဲ့မိကြတာကိုက ပြသနာပဲ
ဒါပေမဲ့ ဘယ်သူကစချစ်ခဲ့မိတာလဲဆိုတာ
အဖြေမဟုတ်ဘူး.....

ဘာကြောင့်မင်းရောက်လာတာလဲလို့
ငါမင်းကိုအပြစ်ဖို့ခဲ့ရင်
ငါနှင့်ဘာ့ကြောင့်ဆုံရတာလဲလို့
မင်းပြန်ပြောမှာပေါ့

ဒါပေမဲ့ ကွာ
ကုသိုလ်ကံခြင်းကမတူဘူး
မင်းကျတော့ ချစ်တဲ့သူနှစ်ယောက်ရှိတယ်
ငါကျတော့ မင်းတစ်ယောက်တည်း..ရယ်

ခွင့်လွှတ်ပေးနိုင်တယ်
စွန့်လွှတ်ပေးနိုင်တယ်
ထွက်ခွာပေးနိုင်ပါတယ်
အရာရာမင်းစိတ်တိုင်းကျစေဖို့
ငါဖြည့်ဆည်းရမှာပါ....

ငါ့ခံယူချက်ကိုက
ချစ်ရတဲ့သူ ပျော်ရွှင်ဖို
                 အဆင်ပြေစေဖို့
                     ဖို့......ဖို့.......ဖို့

ဒါပေမဲ့ ဟာ
ငါရင်ဘတ်ထဲ ကနှလုံးခုန်နုန်းတွေ
နေသားပြန်မကျသေးသ၍
မင်းကိုလွမ်းနေခွင့်
    တမ်းတနေခွင့်
       သတိယနေခွင့်လေးတော့
           မင်းခွင့်ပြုပါ.......

တကယ်လို့ မင်းအချစ်ဦးဆီမပျော်တော့ရင်
ငါ့အချစ်ဦးလေးအဖြစ် မင်းပြန်လာခဲ့ပါ....

     ရှိန်းတမ်
___________________________________________

  မင်းရှိမှ

သေချာတယ်
နင်မရှိတဲ့တ​နေ့
ဘယ်၍မျှငါမ​နေချင်
နင်မခင်တွယ်တဲ့အဆုံး
ငါ့နှလုံးခုန်သံလည်း
ရပ်တန့်မယ်ထင်
နင်ရယ်လို့
စုတ်ထွင်းမိတဲ့​နောက်ပိုင်း
ငါ့သမိုင်း​တွေ
လှပခဲ့
နင်နဲ့သာလို့
စိတ်ကူးမိတိုင်း
ရိုင်းစိုင်း​သောငါ့စိတ်
အလိုလို
သိမ်​မွေ့ လာခဲ့
လ တစင်းထက်
အေးမြခြင်းကိုဖန်ဆင်း
လေညှင်း​လေးထက်
မွှေးပျံ့ ခြင်းကို​ဆောင်ကြဉ်း
နေမင်းကြီးထက်
အ​နွေးဓာတ်ကို
ထွေးဖက်မထားပဲရ​စေ
ည​တွေထက်
အိပ်စက်ခြင်းကိုပို​စေ
ငါငို​နေတဲ့အခါ
နင်ဟာပုဝါတထည်ဖြစ်
သေချာတယ်
ငါ့ရဲ့ ရက် လ နှစ်​တွေတိုင်း
အသက် မက ချစ်ရတဲ့မင်း
ရှိ​နေမှဖြစ်မယ့့် ။

        သူရဇ္ဇ

___________________________________________
အလွမ်းဧည့်သည်

တံခါး​ခေါက်သံတချက်
နားနဲ့ဆတ်ဆတ်ကြားရ
ခွင့်မ​တောင်းနဲ့
ဝင်ခဲ့ပါ
အခွန်မ​ဆောင်ရတိုင်း
အသိုင်းအ၀ိုင်းနဲ့
ရောက်လာတက်တဲ့
အလွမ်းဧည့်သည်
ကျင်လည်ရာ
ငါ့နယ်ပယ်တ၀န်း
မျက်ဝန်း​ရွေ့ ရာအရပ်မှာ
ရှိ​နေတက်
သတိ​တွေမလပ်တိုင်းသာ
လွမ်းရစတမ်းဆို
ငါ့နှုတ်ခမ်းမှာ
တမ်းတခြင်း​တွေ
အတည်ချလို့
ဒီဘဝ
ငါရီရမယ်မထင်
ရင်ခွင်ဟာဇရပ်လို့
ကင်ပွန်းမတပ်လည်း
ခို နား ခွာ ထွက်
အလွမ်းမိတ်ဖက်​တွေအတွက်
အိပ်စက်ရာကြမ်းပြင်ဖြစ်လို့
ဒီတနှစ်ရဲ့
အလွမ်းသစ်​တွေလည်း
နောင်တနှစ်​ပြောင်း
အလွမ်း​ဟောင်းဖြစ်
လမ်း​ကြောင်းသင့်တိုင်း
ကဆုန်စိုင်းလို့တခါ
ငါ့ဆီ့ 
အ​ရောက်လာကြလိမ့်မယ့့် ။


         သူရဇ္ဇ
____________________________________________

***လွမ်းတေး  စာ ***

မေတ္တာတေးအထပ်ထပ်နဲ့
သစ္စာတွေလည်းမပျက်ခဲ့ပါဘူး  မောင်
ဒါပေမယ့် မောင်ရေ..
ယုံကြည်ပေးပါ ဆိုတဲ့စကားလုံးကို
မေ မသုံးဘူး မောင်

အချစ် ဆိုတဲ့အရာထဲမှာ
ယုံကြည် မြတ်နိုး မှု့တွေက
အလိုလိုပါပြီးသားလေ..

နားလည်မှု့ဆိုတဲ့အရာလေးကတော့
အပြောလွယ်သလောက်အလုပ်ခက်တယ် မောင်
ဘာကြောင့်ဆိုရင်..ကျွန်မတို့က
မိန်းမသားလေ မောင်ရဲ့..
စိတ်ဆိုး စိတ်ကောက်မှု့တွေက
တခါတလေတော့ ရှိခဲ့မှာပေါ့ မောင်ရယ်..

ဟော..မောင်အကြောင်းတွေးရင်း
စာရေးနေလိုက်တာ
နေလုံးနီနီနဲ့အတူရောင်နီပျို့ပြီလေ..

ကျေးငှက်သံသာလေးတွေနဲ့အတူ
တွေးလျက်သာ ယာယီလွမ်းရပေမယ့်
မေ အတွက်မှာတကမ္ဘာစာကြာမြင့်ပြီမို့
မောင်ရေ..လွမ်းလျှက်ရင်ဆွေးးးး

ရင်ဝှက်တေး
/သစ်ရွက်
Sep :26:9:16
___________________________________________
*** စည်း ပါးလေး ရဲ့ ဒဏ်ရာ ***

ဝေ ဒနာ အချစ် စကားလုံး အနုရွ
မခံစားနိုင်တော့ဘူး...

သွေးအစုတို့ထိန်းလွှတ် ပစ္စည်းလေး
အက်တက်တက်နဲ့ အလုံးစုံ ခံစားချက်
တည်ငြိမ်ခြင်းတွေ ပျောက်ရှခဲ့ပြီ...

ငယ်...
အချစ် ဘဝ ဒဿန မှတ်ထားဖို့ မဟုတ်ဘူး
စည်း နဲ့ ကမ်း အလုံးစုံ မပြည့်ဝတောင်
ရသ စည်းချက်ကို စောင့်စည်းရမယ်...

မေတ္တာ သစ္စာ  အသိတရား ရှိရမယ်

စည်းစိမ် လား...

ထင်သာမြင်သာနေတာပဲ..

အခြေပြု တဖက်ကမ်း လှမ်းနေသလား..

အတက်မှာခက်ခဲသလောက်
အဆင်းမှာ ဒလိမ့်ခေါက်ကွေး....

ဒဏ်ရာတွေ ပြမနေချင်ပါဘူး..

ခြောက်သွေ့သွားခဲ့တဲ့ အိုအေစစ်
မင်း...
ရေငတ်မှ သိလိမ့်မယ်လေ...

တကယ်တော့...
ငါဟာ....
တုံးအအ နဲ့ လောကစီးပွားသာ
အငမ်းမရလိုက်ဖမ်းနေတဲ့
ပုဇဉ်းတစ်ကောင်ပါလေ....

ထို့ကြောင့်သာလျှင်......

/သစ်ရွက်
---------------------------------------------------------------------
ကျွန်တော်တို့ရဲ့ကဗျာဂျာနယ်အစီအစဉ်လေးမှာ ကဗျာတွေကို ကိုယ်တိုင်ရေးသားပေးပို့ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ 

ကဗျာတွေရေးသားပေးပို့ချင်တယ် ဆိုရင်တော့ viberဖုန်းနံပါတ်
09-256480246သို့ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။အားလုံးကို ကြိုဆိုလျက်ပါ


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ