Sunday 6 November 2016

အမေ





အမေ 

ငယ်စဉ်တောင်ကျေး

 ကလေးဘဝအရွယ်ကတည်းက

 အရွယ်ရောက်လို့ 

လူလားမြောက်သည်အထိ...

 ကျမျက်ရည်အသွယ်သွယ်နဲ့ 

စီးဆင်းမေတ္တာတွေကြားက

 လောကဓံကိုရင်ဆိုင်ဖို့ 

စိတ်ဓာတ်ခွန်အားတွေ ပေးစွမ်းခဲ့တယ်.. 

အတောင်စုံလို့ ဝေဟင်ကိုပျံသန်းသွားကြတဲ့

 ငှက်ငယ်လေးတွေကို 

လမ်းမှန်ညွန်ပြရင်းနဲ့ 

ရင်ကွဲပက်လက် ကျန်ရစ်ခဲ့ကြပြန်တယ်... 

အမေ... သားငယ်သမီးငယ်တို့ရဲ့ 

အမေလို့ခေါ်သံတွေကြားမှာ

 ဘဝအမောတွေပြေပျောက်နိုင်ခဲ့ကြတယ်... 

ဘာသာတရားနဲ့ လူမျိုးတွေသာကွဲသွားပေမဲ့ 

အမေ့ရဲ့မေတ္တာတွေက

 ကမ္ဘာကိုလှုပ်ခတ်သွားစေသည်အထိ

 ခွန်အားကြီးမားလှပါတယ်... အမေ... 

အဝေးရောက်သားတစ်ယောက် 

လက်ဆုံမိုးဦးချရင်းက ဆုတောင်းနေပါတယ်... 

အမေ ကျန်းမာချမ်းသာပါစေ... 

သက်တန့် 

(ကိုယ်တိုင်ရေးကဗျာဖြစ်ကြောင်း ဝန်ခံပါသည်)

ခံစားချက်ချင်းတိုက်ဆိုင်ရင် Share လို့ရပါတယ် ။


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ