Friday 11 November 2016

*အမုန်း နွေ*
အလွမ်းလို့ စာ မတင်တော့ဘူး
ရီတစ်လှည့် ငိုတစ်ခါနဲ့
ညဥ့်နက် ရှိုက်သံတွေဟာ
သုညနဲ့ စခဲ့လို့လား မသိ
အကြွင်းက နတ္ထိမို့
ရလာဒ် အဖြေက ဝေဒနာ
နွေတစ်ရာ ညတွေထဲမှာ
ငါ့ အသည်းတွေက ရော်ရွက်ဝါလို
တစ်စစီ ကြွေလွင့် 
ရင်နင့်အောင် ခံစားရပြီ ခိုင်ရယ်...
 တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ