နောက်ဆုံးနွေ
~~~~~~~~~~
ပွင့်ပြီးရင် ကြွေ ကြွေပြီးရင်နွမ်းရ
ပုစ္ဆာတစ်ဝက်အဖြေတစ်ဝက်နဲ့
ငါ့နှလုံးသားဆီကခွဲခွာခြင်းအပူတစ
မျက်ရည်ကြိုးမှာ ငြိတယ်။
ဥသြသံကြားလည်းရူး
ကံကော်ပွင့်လည်းမမွှေးမြတဲ့
ထိရှမူ့ထန်ရင်ဘတ်က
နွေသရုပ်ဖော်ကကွက်တွေနဲ့
ပိုပြီးအရူးရင့်ခဲ့
နင့်အငွေ့သက်တိုင်းကတော့
ငါ့ဘဝကိုကျွမ်းလောင်မယ့်လောင်စာ
လွမ်းဆွတ်ရင်းနဲ့အသက်ဇီဝတောင်
ပြတ်တောက်နိုင်တယ်ချစ်သူ။
ငါ့အတွက်တော့လေ
အေးမြတဲ့အရိပ်တောင်ဘေးခတဲ့အဆိပ်ဖြစ်ခဲ့
နှောင်ဖွဲ့ဖို့အိမ်မက်တစ်ချို့ကို
နေမင်းကထိုးသုတ်သွားပြီ
မျက်ရည်ကလွဲလို့ငါဘာများပေးဆပ်နိုင်တော့မှာလဲချစ်သူ
အဆိပ်လူးမြှားတံအထပ်ထပ်နဲ့
ဒီရင်ဘတ်တစ်နေရာစာမှာ
ကျွမ်းမြေ့စွာရှင်သန်
ဟော့ ကြည့် ဒီနှစ်နွေဟာအကာခပ်ပါးပါးနဲ့
ပိုပြီးပူလောင်လို့ပေါ့။ ။
လင်းညိုမိုး(ကြို့ပင်ကောက်)
Bee Talk ID-7656141900
ကိုယ်တိုင်ရေးသားပါသည်။
ခံစားချက်ချင်းတိုက်ဆိုင်ရင် Share လို့ရပါတယ် ။
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ