Thursday 3 November 2016

ကဗျာဂျာနယ် အတွဲ ၁ အမှတ် ၉၆

မင်္ဂလာပါဗျာ။ ကျွန်တော်တို့ကဗျာ ဂျာနယ်မှ ပြန်လည်ကြို ဆိုလိုက်ပါတယ်။ ကဗျာ ရေးသားပေးပို့သူများ ပိုမိုများပြားလာတဲ့အတွက် မကြာမီ တင်ဆက်မဲ့ ကဗျာ ဂျာနယ် အတွဲ ၂ မှစ တင် ပြီး တစ်ပတ်လျှင် ၁၀ ပုဒ်နှုန်း တိုးချဲ့တင်ပေးတော့မှာပဲ ဖြစပါတယ်ဗျာ။ ကဗျာဂျာနယ်လေးမှာ ကဗျာ ရေးသားနေတဲ့ သူများရော အားပေးနေတဲ့သူများအားလုံးကို အထူး ကျေးဇူးတင်ရှိပါတယ်ခင်ဗျ။

အမုန်းတွေဆိုတာ
ဘာမှန်းမသိခဲ့ရလောက်အောင်
ငါမင်းကိုချစ်ခဲ့တာပါလေ....

ခုနေပြန်ပြောကြတဲ့အခါ
ငါဟာ ငပေါကြီးတစ်ယောက်လို့
မင်းပြောနေမှာပေါ့လေ....

ကိုယ်ချစ်တဲ့သူကို အပြစ်မမြင်
တစိမ့်စိမ့်ကြည့်ပြီးချစ်တတ်ကြတာ
ငါတယောက်ထဲတော့မဖြစ်နိုင်ဘူး...

အဆင်မပြေတာတွေများတဲ့ဒီလောကမှာ
ဒို့နှစ်ယောက်အတွက်ငါမက်ခဲ့တဲ့အိမ်မက်
မင်းရဲ့မာယာအောက်မှာ ပြိုပျက်ခဲ့ရတယ်...

မလွမ်းတတ်တော့လောက်အောင်
ငါမုန်းတတ်သွားခဲ့ပေမဲ့
ငယ်ကချစ်အနှစ်တရာ မို့
တိုက်ဆိုင်မှုတိုင်းမှာ အမှတ်ရနေဆဲပါ...

မဖြစ်နိုင်တော့တဲ့လမ်းမှာ
မဆုံနိုင်မှန်းသိရဲ့နဲ့
မျော်လင့်နေမိတာကိုလည်း စိတ်နာတယ်...

ငါသေသွားတဲ့တနေ့
မင်းကိုမေ့သွားနိုင်မယ်လို့ ယုံကြည်ထားပါတယ်..

ရှိန်းတမ်
___________________________________________
❆ လွမ်း၍ လွမ်းတယ်​ ချစ်​သူရယ်​ ❆

လွမ်းတယ်
ဘာကိုလွမ်းလို့လွမ်းမှန်းမသိ​အောင်​ကို
လွမ်းတယ်......

ဆောင်းဝင်​စ
နှင်း​ငွေ့​ဖွေး​ဖွေးလွှလွှ​တွေက
ငါ့တကိုယ်​လုးံကိုရစ်​သိုင်းလို့
အေးစက်​ခြင်းကနှလုးံသား​လေးကို
ခိုက်​ခိုက်​တုန်​​စေတယ်......

အချမ်း​ပြေဖို့မီးလင်းဖို​လေး​ဘေးအထိုင်
တ​ဖျောင်း​ဖျောင်းနဲအသံက့
နင်​များငါ့
လက်​ခုပ်​တီးပြီး​ခေါ်​နေသလား
အသံကြားရာလှမ်းကြည့်​မိတယ်

သစ်​သားမီးစွဲအသံ​ပေဘဲ.....ဲ

ခန့်​​ဖေး​ဖေး​လေးမှီ
မျက်​လုံး​လေးအမှိတ်
ငါ့အာရုံထဲ​တော့နင့်​​ကျောပြင်​​ပေါ့
တကယ်​​တော့ဒါဟာ
နံရံတခုသာ......

ဝမ်းနည်းမှု​တွေနဲ့
ပိတ်​​လှောင်​​နေတဲ့ငါ
နင်​နဲ့ရင်​ဖွင့်
အပြန်​အလှန်​နှစ်​သိမ့်​လို့
တင်းတင်းကျပ်​ကျပ်​ဆုပ်​ကိုင်​မိတယ်
နွေး​ထွေးတဲ့နင့်​လက်​တစုံမဟုတ်
ပူ​နွေး​နွေးဒီဖုန်းတစ်​လုးံ..
..ံ

ချစ်​သူ​ရေ
ငါ့နှလုးံသား​လေးရဲ့​စေ​ဆော်​ချက်​အရ
လက်​​ချောင်း​လေးကကီးဘုတ်​ကိုပွတ်​တယ်
ထွက်​​ပေါ်လာစာသားများကို
မျက်​ဝန်း​လေးနဲ့ဖတ်​​တော်​မှု၍
နင့်​နှလုးံသားသို့စူးနစ်​ဝင်​​စေ......

သတိရတာထက်
တွေ့ချင်​မိတာပိုရင်
အဲတာအလွမ်းတဲ့
တောင်​နဲ့​မြောက်​ဘယ်​​လောက်​ကွာကွာ
နှလုံးသားခြင်းနီး​နေသ​ရွေ့
ဝေးကွာမှုဆိုတဲ့တံတိုင်းက
နင်​နဲ့ငါကြားဖြိုဖျက်​ကာထားဆဲ
ထို​ကြောင့်
လွမ်း၍ လွမ်းတယ်​ ချစ်​သူရယ်​.. ...။

                  စုန်း

သူငယ်​ချင်း​လေး
          ပိန်​တာရိုး
မဟူရာ
            သမွတ်​သီးစုပ်​ဖတ်​သို့
___________________________________________

ဗေဒါရယ် ရွှေကြာရယ်
©©©©©©©©©©©

ဒီရေဇလာ
ရေဇလာပေါ်မှာ
အတူ တူညီလှတဲ့
ဗေဒါကမ်းက ရေဇလာမှာ ရွှေကြာ
ပန်းလေးကိုမှ ချန်ရန်ကာပေးခဲ့တာ
ရွှေကြာပန်းလေး အသိပါ ကို့ဘဝက
ဗေဒါပင်လေး ဖြစ်နေပေမဲ့ ရေဇလာအလယ်က
မိရွှေကြာပန်းလေးကို
အကာအရံပေးခဲ့ရတဲ့
ဗေဒါပါ ရွှေကြာရယ်

ရွှေကြာလေးတွေတာ
ထာဝရ လှပတင့်တယ်စွာနဲ့ လောကကို အလှဆင်ပေးရင်ဖြင့်
ဗေဒါလိုလူက ရေပြင်ထက်က ဝန်းရံခ၍ ရွှေကြာလေး စံပျော်ရာနန်းထက်က
ရွှေကြာလေး လန်းဆန်းနေသရွေ့
ဗေဒါလေးက ထာဝရ အပျော်အရွှင်တွေနဲ့ ဒီရေ ထာဝစဉ်တည်ရှိနေသမျှ ဗေဒါလေးက ရေဇလာအလယ်က
ရွှေကြာလေးကို ဝန်းရံခပေးနေမှာပါ

အတူတူပျော်မြူးခဲ့ရတဲ့ ဗေဒါနဲ့ ရွှေကြာ

ပန်းပျိုးသောလက် ခွဲ
     မုံရွာ
လင်းလက်ကြယ်စင်
___________________________________________
သဘာဝပတ်ဝန်းကျင်
©©©©©©©©©©

အရောင်အသွေး စုံတဲ့ သဘာဝ ပတ်ဝန်းကျင်ရဲ့ အလှအပနဲ့ လိုက်ရေားညီထွေစွာ
ရှိလှတဲ့ ဒီလောကကြီးကို အရမ်းပဲ အားကျမိပါတယ် အရောင်အတွေး စုံနေတဲ့ သဘာဝ ရေမြေတောတောင်မှ
စီးဆင်းနေတဲ့ စမ်းချောင်းလေးတွေရယ် သဘာဝအလျှောက် ပေါက်ရောက်နေတဲ့ သစ်ပင် ပန်းပင်လေးတွေရယ်
ရှု့မြင်ရသူတိုင်းရဲ့ ရင်ထဲပီတိမိုးတွေ ဖြာနေမိတဲ့ သဘာဝ
ဤပတ်ဝန်းကျင်ရဲ့ အလှက ရင်ထဲအထိ အေးချမ်းနိုင်တယ်
အရောင်အတွေးစုံလင်နေတဲ့ ငှက်ကျေးသာသကာ
အမျိုးပေါင်းစုံလင်လှတဲ့ သတ္တဝါတွေကလဲ ဤလောကကြီးထဲမှာ
အထူးအဆန်းတွေက
အမြဲတမ်းရှိနေလေရဲ့
ပန်းပေါင်းစုံ ဖူးပွင်ဝေဆာနေတဲ့
ပန်းရောင်စုံတွေကြားက အလှအသွေးရောင်စုံ
ချယ်သထားတဲ့ ငှက်လေးများဟာလည်း သဘာဝပတ်ဝန်းကျင်နဲ့ အညီ လိုက်လျေားညီထွေ ရှိလို့နေတာ တောင်တန်းကြီးတွေ
စမ်းချောင်းလေးတွေ
သဘာဝပေါက်ရောက်နေတဲ့ သစ်ပင် ပန်းပင်ရဲ့ အလှနဲ့ ရေမြေသတ္တဝါ အရောင်အသွေးစုံလင်လှပ၍တာ စိမ်းလန်းစိုပြေနေတာ
ဤကမ္ဘာ ဒီကမ္ဘာမြေ
တည်ငြိမ်အေးချမ်းနေသမျှ သဘာဝအလှတွေ မပျက်ဆီးပါစေနဲ့ ထာဝရ လှပပါစေ

ပန်းပျိုးသောလက် ခွဲ
      မုံရွာ
အထက်အညာဒေသ

လင်းလက်ကြယ်စင်
____________________________________________
❆ ကျမရဲ့....​မောင်​ ❆

မောင်​လား
ကျမအတွက်​ ဆုလာဘ်
ကျမလား
မောင့်​အတွက်​ အ​နှောင့်​အယှက်
ထင်​မိတာလား
ဖြစ်​​နေတာလား
ကိုယ်​တိုင်​​တောင်​​ဝေခွဲမရတဲ့
အ​ကြောင်းတရား.....

ဖြစ်​ချင်​တာ​ပေါ့
မောင်​ကဂီတာ​လေးတီး
ကျမကသီးချင်း​တွေဆိုညည်း
တ​ယောက်​မျက်​နှာတ​​ယောက်​ကြည့်​ပြီး
ပြုံး​ပျော်​​နေတဲ့အချိန်​​တွေ
က​လေးတ​ယောက်​လိုအ​တွေးနဲ့
မျှော်​ကိုးမိတာကလွဲလို့
ကျမပိုင်​ဆိုင်​တာက
ဥပက္ခာ.......

ငါမ​ချော့တတ်​ဘူးတဲ့လား​မောင်
စိတ်​ချပါ
တည်​ငြိမ်​တဲ့စိတ်​တခု
ကျမ​မွေးမြူထားပါ့မယ်
သဝန်တိုလည်းရှင်းပြစရာ
ဇယားမရှိဘူးတဲ့
ဟုတ်လားေ​​​​မာင်
ထိုထိုအေ​ကြာင်းများေ​ကြာင့်
ဝမ်းနည်းမှုေ​​​တွ​ရောက်
တလိမ့်လိမ့်နဲ့ဆင်းလာခဲ့ပြီ
ဒီမျက်ရည်.......

ချစ်တယ်လို့
အသက်မပါ
အနှစ်ဗလာနဲ့
ဖွင့်ေ​​​​​​​​​​​ပြာခဲ့တာလားချစ်သူ
နဂိုကတည်းက
ကျမအသဲနုနုရယ်
ေ​​​မာင်မခွဲလည်းအက်ေ​​​ကြာင်းေ​တွနဲ့ပါ

                   စုန်း
___________________________________________

ကျွန်တော်တို့ရဲ့ကဗျာဂျာနယ်အစီအစဉ်လေးမှာ ကဗျာတွေကို ကိုယ်တိုင်ရေးသားပေးပို့ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ 

ကဗျာတွေရေးသားပေးပို့ချင်တယ် ဆိုရင်တော့ viberဖုန်းနံပါတ်
09-256480246သို့ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။အားလုံးကို ကြိုဆိုလျက်ပါ


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ