Monday 14 November 2016

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၉၈

*** ခါး..သွားခဲ့တဲ့ အချစ်တစ်ခု ***

အစဉ်မြဲလွမ်းနေတဲ့ရသတချို့ကို
စိမ်ရည်နဲ့ဆေးကြောလိုက်မယ်...

ရွက်ဆွေးခြောက်တချို့ရဲ့
နှလုံးသားလွင်ပြင်က
အလွမ်းပေါင်းပင်ကို
ဇိမ်ခံခြင်းကြက်ကာလသားဟင်းထဲ
ရောသပြွမ်းလိုက်မယ်...

အရီးဥ ရဲ့ဘူးသီးက ချိုမြိန်သလို
ကိုဖိုးထွေးရဲ့တိန်ညင်ကြက်လေးက
သိပ်ချိုမြလေတော့
နွမ်းလျဗိုင်းရပ်စ်ကိုလွှတ်ချကာ
ခါးသက်သက်သေရည်တွေက
လည်ချောင်းတလျှောက်ပူမြမြအဆင်း...

ဝေ့ဝဲဆင်းသက်ခဲ့တဲ့မျက်ရည်တချို့
မြတ်နိုး ခုံမင်ခြင်း အချစ်....

တစိုက်မက်မက်လွမ်းခဲ့ဖူးတယ်...

ဝန်ခံပါတယ်...
ဘယ်တော့မှမမေ့ဘူးဆိုတာ...

တရိပ်ရိပ်တက်လာတဲ့အယ်လကိုဟော့စ်
သွေးတွေကိုကျဲသွားစေလိုက်တာ...

ကောင်ကင်ကရွာချမှပြည့်တဲ့အိုင်..

ဘာမှမဆိုင်ပါဘူး..မပြောပါနဲ့..

တခါတရံ..အလွမ်းငွေ့တွေအစား
င့ါရဲ့အဆုပ်ကြားတို့ဝှေ့သွားတဲ့
မီးခိုးတချို့ကို ခုံမင်မိပေါ့..တခါ...

/သစ်ရွက်
___________________________________________
မောင့်ရဲ့သစ္စာ

ကြယ်​ပေါင်းစုံဝန်းရံခ
အေးမြတဲ့ဒီည
ချစ်သူဘ၀လမ်း
လျှောက်လှမ်းသည့်
အချိန်မှစ
ဒီတည​တော့
နွေး​ထွေးစွာ
အတူရှိချင်လှရဲ့
ဆုံစည်းရခက်တဲ့
လေလှိုင်းချစ်သူဘ၀မို့
ဝေး​နေရတာကိုလည်း
မငြိုငြင်​တော့ဘူး
အသည်းနင့်​အောင်
ချစ်ဖူးခဲ့ပြီမို့
ချစ်ဦးသူနင်
ချစ်ဆုံးလည်းနင်ဖြစ်လို့
ရာသီခွင်​တွေ
ပြောင်းချင်သလို​ပြောင်း
နင့်​တောင်းဆိုမှု့ မပါလည်း
ငါ့အသည်းထဲမှာ
နင်အမြဲရှိ​နေမှာပါ
သေချာ​သောကတိ
နင်သိ​အောင်
အ​ဖြေစစ်ခဲ့ပြီမို့
ဝေး​နေစဉ်
ခြွေပစ်မယ့်
မျက်ရည်တစက်ကို
ရက်ရှည်ဆုံနိုင်ခွင့်အတွက်
ပါးထက်က​နေ
ကြွေဆင်းခွင့်
မပြုလိုက်ပါနဲ့
ငါတို့တ​နေ့
ဆုံစည်းခွင့်
ရမှာပါချစ်သူ့ ။

         သူရဇ္ဇ
___________________________________________
ထားဝယ်​မြေသို့

ဆုပ်ကိုင်မရ​သောကြမ္မာ
ညှာတာမှု့ ကင်း
ချစ်ခြင်းကို​သွေးခွဲ
လူချင်းကွဲလို့
စိတ်ထဲက
စွဲလမ်းမှု့ တခုနဲ့သာ
အ​ဝေးတ​နေရာဆီကလွမ်း
ဒီအချိန်ဆို
သူ့နှုတ်ခမ်းမှာလည်း
တမ်းတခြင်း​တွေ
တွဲခို​နေ​လောက်ပြီ
နားလည်​ပေးပါချစ်သူ​ရေ
အတူ​နေချင်​ပေမယ့်
မလှည့်သာတဲ့
အ​ခြေ​နေမို့
ကြွေစို့စို့
မျက်ရည်တပွင့်
ငါ့အတွက်နဲ့
မလွင့်လိုက်ပါနဲ့
မကြာ​သော
အခိုက်တန့်တခုမှာ
နင့်အချစ်ငါ့အချစ်
ညီမျှခြင်းဖြစ်​စေဖို့
မျှော်သူရှိတဲ့
ထားဝယ် ​မြေတ​ခေါက်
မောင့့် 
ရောက်​အောင်လာခဲ့မယ့့် ။


        သူရဇ္ဇ
____________________________________________
*** စိတ်...အကူး ***

အဆင်မပြေပါဘူးဟာ....

ရင်လှိုင်းခတ်သံတွေက
တိမ်ယံကြားထိ ထိုးဖောက်ခါ
ဝတိံကြားစံစားတဲ့နတ်မိမယ်လေး.....

လှည်းအစီး(60) ခြောက်ဆယ်
အဝတ်တန်ဆာဆင်ရင်း
သူမက....

ငါ့ရင်မှာလေပြင်းတိုက်နေပြီလေ...

ဂျေဒိုးနတ်ထဲက သကြား မလိုင်တချို့
ငါ..ကြောက်ကြောက်နဲ့ပဲ
မလိတ နား အသာကပ်
နတ်တချို့အလစ်မှာ
မဉ္ဇူသာက နတ်ပန်းတက်လှမ်းချိုးယူလာ
သူဇာပျိုနှမလေးပန်ကာအပေး...

သြော်...တနယ်ဆီဝေး...
ပင်လယ်ကြီးဘေး....
ငါလေ...တောင်နံရံကိုထိုးဖောက်ကာ
နင့်ဆီအရောက်..

ဒီလိုနဲ့...
ငါလာရာလမ်းတလျောက်
ကတ္တရာခင်း.အင်္ဂတေမဖို့ခဲ့သော်လည်း
ရင်ဝှက်လို့ယူဆောင်လာ
အသဲလွှာထဲက မြတ်နိုးခြင်းတွေ
နင်ရှေ့ချခင်းပြလိုက်မယ်...

နင့်ကိုချစ်တဲ့ချစ်ခြင်းတို့က
ပင်လယ်ကြီးကို ဖို့လို့မကုန်နိုင်..

/သစ်ရွက်
___________________________________________
❆ ​သေဆုးံခြင်းမှ လွတ်​​မြောက်​ပြီ ❆

နင်​မမြင်​နိုင်​တဲ့
အခြားတ​နေရာမှာ
ငါအဆင်​​ပြေ​နေတယ်

နင်​ထင်​တာ​တွေ
မှားတယ်​ မှားတယ်
သိမ့်​သိမ့်​ မှားတယ်
အရာရာတိုင်းသာ
တန်​ပြန်​သက်​​ရောက်​ရင်
အမုန်း​တွေစွန့်​​ခဲ့တဲ့နင့်​ကို
နာကျည်းမှု​တွေပြန်​​ပေးချင်​မိတယ်

မေ့ပင်​​အောက်​မှာရပ်​ပြီး
အထီးကျန်​ခြင်း​တွေ​ပျောက်​​အောင်
အိပ်​ချင်​မိ​ပေမယ့်
ဝင်​စားရမယ့်​ခန္ဓာ​ပျောက်​​နေတာခက်​တယ်

အရစ်​ရစ်​နဲ့တက်​လာတဲ့
လှိုင်းကြက်​ခွတ်​​လေးနဲ့အတူ
လှေက​လေးတစင်းမြင်​​ပေမယ့်
ကူးတို့ခမပါအသဲဗလာငါမို့
ရင်​ကွဲပက်​လက်​ကျန်​ရစ်​ဖြစ်​တယ်

အရာတခုနဲ့ရိုက်​ပုတ်​လှုပ်​အနိုး
အသိတခုဝင်​လာပြီး
အသံ​တွေကြားရ​တော့တယ်
ငါ့ကိုချစ်​​သော
မြတ်​နိုး​သော
အားကိုး​သော
ထိုသူ​တွေကိုပစ်​ပြီး
ငါ​သေခဲ့တယ်

ယခုငါ....
ရှင်​သန်​ရာလမ်းစ
သွားရာလမ်း​ဖောက်
ကတ္တရာ​​လောင်း
အင်္ဂ​တေကိုင်
အ​ဆောက်​အဦး ​ဆောက်​လို့
မာထန်​ပြမယ်​.....။

                     စုန်း
---------------------------------------------------------------------
ကျွန်တော်တို့ရဲ့ကဗျာဂျာနယ်အစီအစဉ်လေးမှာ ကဗျာတွေကို ကိုယ်တိုင်ရေးသားပေးပို့ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ 

ကဗျာတွေရေးသားပေးပို့ချင်တယ် ဆိုရင်တော့ viberဖုန်းနံပါတ်
09-256480246သို့ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။အားလုံးကို ကြိုဆိုလျက်ပါ


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ