Thursday 3 November 2016

*နွေ ရင်ခွင်*
ခိုင်
ရင်မှာ သန္ဓေတည် 
အချစ်ကို မွေးဖွားပေးလိုက်တဲ့
နှလုံးသားကို အပြစ်တင်ရမည်လား...
ပင့်သက်တွေ ရှုရှိုက်တိုင်း
ရင်မှာ လွမ်းတက်နေပြီ ခိုင်ရယ်...
မျှော်လင့်ချက် ကင်းမဲ့
ခြောက်သွေ့တဲ့ ရင်ခွင်
ကြင်နာခွင့်မရတဲ့ ဘဝမှာ
ဒဏ်ရာတွေက လက်ဆောင်တဲ့လား...
အသည်းကြွေတဲ့ ဝေဒနာက
ဒိုင်ယာရီ ပုံပြင်မဟုတ်လေတော့
မေ့မရသူ အညတရ ရင်မှာ
နွေလို ပူတယ် ခိုင်ရယ်...
 တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ