Sunday 22 January 2017

ဥယျာဉ်မှုး

ဥယျာဉ်မှူး ...


မခူးရက်ပါ ..

ဆူးချက်ကို ကြောက်လို့မဟုတ် ..

မဆင်ရက်ပါ

ပင်ထက်ကို မမီလို့မဟုတ် ..

မနမ်းရက်ပါ

အလှမ်းခက်မှာ စိုးလို့မဟုတ် ..

ခူးချင် ဆင်ချင် ယုယချင်မင့်

သခင့်အတွက် ပင့်သက်ဟာ " ကဗျာ "

" ကာရန် " ဟာအိပ်မက်ပေမို့

ရက်လမှ နှစ်တွေပြောင်း

သြော် ... အသက်တမျှ ချစ်နေကြောင်းကို

ရေလောင်းပေါင်းသင် ပြုပြင်ဖူးပါတဲ့

ဥယျာဉ်မှူးလို ကျွန်ုပ် ... .. ...


မောင်စိန်ဝင်း - ပုတီးကုန်း


No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ