Sunday 15 January 2017

နောက်တစ်ခါမဆုံးရှုံးရပါစေနဲ့






💗💗 နောက်ထပ်တစ်ခါ မဆုံးရှုံးပါရစေနဲ့ 💗💗


အတွေးတွေ အဆုံးမသတ်သေးခင်မှာပဲ ..

အလွမ်းအိပ်မက်တွေ ဆက်တိုက်မက်နေဆဲ

ကိုယ်မဝေးဖို့ကြိုးစားနေရင်းက

တဖြည်းဖြည်းလွင့်မျောလာလိုက်တာ

သတိတရရှိလာချိန်မှာတော့

သူ့အရိပ်တွေ မှုံရီဝိုးတ၀ါးကျန်နေခဲ့ပြီလေ ..

အချစ်နဲ့ကပ်ပါနေတဲ့ အလွမ်းဒဏ်ရာတွေက

ကိုယ့်ရင်ကို ထပ်ခါထပ်ခါ နာကျင်စေတဲ့အခါ ..


အချစ်တဲ့လား ..

နောက်တစ်ကြိမ် ပြန်ဆုံဖို့ကို ကြောက်နေမိပြီ ..

အချစ်စစ်ဆိုတာကို မတွေ့နိုင်သေးခင်မှာတော့

ဟန်ဆောင်ခြင်းတွေကြားက သူ့အချစ်တွေလည်း

မှန်ကန်မှုမရှိမှာ ကိုယ်ကြောက်နေတယ် ..

ဒီတစ်ကြိမ် ထပ်ဆုံးရှုံးရရင်ဖြင့် ..

အချစ်နဲ့အတူ .... 

ကိုယ်သေဆုံးသွားနိုင်တယ် ..  💗💗


မုန်း (BeeTalk)


No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ