Sunday 22 January 2017

သူမရှိလည်း အဆင်ပြေနေပါတယ် 




အရင်လိုရန်ဖြစ်နေကျ လူတစ်ယောက်မရှိတော့

နည်းနည်းတော့ပျင်းတယ် ..

အရင်လို ကိုယ်တို့နှစ်ယောက်ရန်ဖြစ်ကြလိုက

ပြတ်ပြီလို့ပြောတဲ့အခါတိုင်း

ဘယ်နှစ်ရက်လဲလို့ မေးတတ်ကြတဲ့သူငယ်ချင်းတွေဆီက

အခုဆို ... အဲ့လိုမေးခွန်းမျိုးမကြားရတော့တာကြာပေါ့

လွမ်းတော့လွမ်းမိတုန်းပဲ

ဒါပေမယ့် ..

အမှတ်တရတွေအရင်လိုမပြောဖြစ်တော့ဘူး

စိတ်ထဲတော့ရှိနေတုန်းပဲ

ဒါပေမယ့် ...

သူငယ်ချင်းတွေကို အရင်လိုအပူမကပ်တော့ဘူး

နေတတ်လာတာမဟုတ်ပေမယ့်လည်း

တစ်နေ့နဲ့ တစ်နေ့

နေနိုင်လာအောင် ကြိုးစားခဲ့ရတာ .. .. 


♡ နန်းသဇင်ကို ♡

Credit - ကို့ရဲ့ရစ်လုံးလေး




No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ