Sunday 15 January 2017

ဟိုးတုန်းကငယ်စဉ်အချိန်တွေ






ဟိုးးတုန်းက ငယ်စဉ်အချိန်တွေ .. 🎸🎸🎸


ဒီလို ဂစ်တာသံလေးမကြားရတာ

ဘယ်လောက်ကြာပြီလဲ

လမ်းဘေးဝိုင်းလေးက

ဟိုတစ်ပုဒ် ဒီတစ်ပိုဒ်

ရောက်တတ်ရာရာ တီးခေါက်နေပေမယ့် 

လွတ်လပ်မှုအပြည့်နဲ့ စီးမျောနိုင်လို့

ကျမတော့ သိပ်သဘောကျတယ်

ကိုယ်တွေခေတ်တုန်းကဆို

ဂစ်တာတီးတတ်တဲ့ကောင်လေးတွေ

ဆိုတာ ဘယ်လောက်ဆော်ကြည်လိုက်သလဲ

မှတ်မိသေးတယ် ဆယ်တန်းတုန်းကပေါ့

မီးကပျက်တော့ ဖယောင်းတိုင်လေးနဲ့ Bioတွေ ကျက်နေတုန်း 

အိမ်ရှေ့မှာ သီချင်းလာဆိုနေတဲ့

အိုပါးတစ်သိုက်က 

မျိုးကြီးရဲ့ " မင်းသိဖို့ကောင်းတယ် စွဲမိတဲ့မင်းရဲ့အပြုံးလေး" တွေဆိုတာနဲ့ 

လက်နှစ်ဖက်ကို မေးမှာထောက်လို့ 

လိုက်ဆိုနေတဲ့ 16 နှစ်သမီးရဲ့ အပြုံးတွေကို 

ကောင်းကောင်းကြီးမှတ်မိသေးတယ်

သံစဉ်တွေကိုချစ်မြတ်နိုးတာမှန်ပေမယ့် 

Dj နဲ့ယှဉ်ရင် ဂစ်တာလေးကိုတော့ ပိုသလားပဲ

သြော် ငါလေးလည်း အသက်ကြီးလာပြီပဲ .... 🎸🎸🎸🎸


Credit - မေ (မောင်ဖတ်ဖို့)


No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ