Friday 31 July 2015

သရဲကဗျာ

ညဥ့်နက်သန်းခေါင်ယံ
ညဉ်းသံတစ်ခု ငါကြားခဲ့တယ်…
ဝိညာဉ်သံလား လေသံလား ။

ညဥ့်နက်သန်းခေါင်ယံ
အော်သံတစ်ခု ငါကြားခဲ့တယ်
တစ္ဆေခေါ်သံလား လှိုင်းသံလား ။

သင်္ဂြိုင်းဂူဝ အမှောင်နက်က ရှိုက်ငိုရယ်သံ လေတိုးသံတို့
အမှားကိုလှန် အမှန်ကိုဖုံး
ငါ့ကိုပင်ကျွံ့ ရွံ့စေခဲ့သည် ။

ညကြီးညဥ့်နက် ရမုံထက်က
ညဉ်းတွားရှိုက်သံ တီးတိုးသံတို့
ငါ့ကိုဖမ်းစား အာရုံပြားစေ
လွင့်မျှောစေ…။

သင်းတို့လှည့်စား လွှင့်မပါးခင်
ကံဥာဏ်ဝီရိယ နှလုံးလှဖြင့်
မေတ္တာကိုမူ ခံယူစေမည်
ဘယ်မှာ စိုးရွံ့ ထိပ်တော့လေ…။
ညို

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ