Sunday 26 July 2015

ချစ်သူ

မျက်စိ မှိတ်ထားပါလျှက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။

အလွန်ဝေးကွာသည့် အရပ်သို့ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။

အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်တော်သို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကို ခံစားရရှိတတ်ပြန်သည်။

သေဆုံးသည့်အတိုင်
မျက်စိထဲ ကျွမ်းဝင်သွားစေမည့်အရာမှာ
ငါ့ ချစ်သူသာ ဖြစ်ပါ၏။ ။
smt
မင်းသိကြား

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ