Sunday 19 July 2015

မအားတဲ့ကြားကတင်ရတာပါ

မရယ်----
စိုးရိမ်စိတ်တွေကြောင့်
အရာရာတာမြစ်ရင်း
ချုပ်ချယ်သလိုဖြစ်ခဲ့တာပါ-----

မရယ်----
ချစ်လို့လွန်းလို့
တဝန်တိုရင်းက
နာမလည်တတ်တဲ့သူဖြစ်ခဲ့တာပါ-----

မရယ်----
တစ်ဘဝလုံးလက်တွဲဖို့
တစ်ခဏသာခွဲရင်း
ထာဝရကွဲခဲ့ရတာပါ-----

ချစ်လွန်းလို့ထားတဲ့မေတ္တာ
သစ္စာတရားကို
သံသယဝင်
ချစ်ကမ္ဘာကိုပျက်စေခဲ့ပီလော့---

နောင်ဘဝနောင်ကမ္ဘာမှာသာ
မနဲ့ဆုံဖြစ်ခဲ့ရင်
ထာဝရခွင့်လွှတ်ရင်း
မခွဲတမ်းနေရစ်မယ် ---ချစ်သူ

ရွှေကံမြေ (ထန်းတောသား)
ကျွန်တော့်ရဲ့အသိပညာဗဟုသုတblogကိုလာဖို့ဖိတ်ပါတယ်
ဒီမှာနှိပ်ပါ

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ