Saturday 25 July 2015

ခင်

နင်ရယ် ငါရယ်
နောက်ပြီးတော့
ခဏလေးပဲ အသက်ရှင်ခဲ့တဲ့
“တသက်လုံး” ဆိုတဲ့ စကားလုံး . . .။

အဲ့ဒိတသက်လုံး စကားရဲ့ အပြင်ကို
အူကြောင်ကြောင် ငါတစ်ယောက်ထဲပဲ ရုန်းထွက်လာနိုင်ခဲ့တယ် “ခင်” ။

ဘဝ လို့ခေါ်ရမဲ့ အရာအကုန်လုံးဟာ
အိပ်မက်ဖြစ်ပီးသာ ခင်နဲ့ တူတူပြောဖူးတဲ့ တသက်လုံးထဲမှာ နေထိုင်တယ်။
ငါဟာ
အသေခံ ဗုံးခွဲ ချင်းဖြစ်သာ ခင့် စီရောက်နိုင်တယ် ။
အစိတ်အပိုင်းတစ်ခုစီကို ခင် ပြန်ချုပ်ပေးပီးအကောင်းအတိုင်းပြန်ဖန်တီးမယ်လို့                                        ဆုံဖြတ်ခဲ့ပြီးငါတို့ဟာ မှန်ကွဲစတွေအဖြစ် နဲ့သာ ဖြေဆည်ရာမဲ့ အဆုံးသတ်ခဲ့ရတယ်။
အကောင်းအတိုင်း ပြန်ဖြစ်နိုင်ခြင်း နဲ့ တွယ်ဖက်မိခြင်းတွေဟာ ခင်နဲ့အတူ အိပ်မက်ထဲကပြန်မလာခဲ့ဘူး၊
အသက်ရှင်နေ(ယုံ) မှုလေးတစ်ခုပဲပါလာခဲ့တယ်၊
ခင့်ကို မုန်းသူတွေ
ခင်က မုန်းသူတွေ အတွက် အမြဲတမ်း တက်နင်းနေခံနေဖို့ မြေမြှုပ်မိုင်းတွေလို ငါကိုယ်တိုင် ငါ့ကိုငါ ကြိမ်စာတိုက်ပစ်လိုက်တယ်၊

ခင်ရေ . . .
ငရဲပါပဲ အမှောင်ပါပဲ အစွဲပါပဲ၊ ဒီအကြမ်းဖက်မှုအပြီးမှာတော့
တစ်ခုခု အိပ်မက်ထဲမှာရှိပါတယ်လို့ ယုံပြီးတစ်ဘဝလုံအိပ်ပစ်လိုက်ပါမယ်။
ဒီအခန်းတွေဟာ အဖြူရောင်တွေ ခင်၊
လက်က သွေးတွေဟာ ၂ရောင်စပ် ပန်းချီကားတွေ ဖန်တီးလို့ရမဲ့ တစ်ခုတည်းတော့ မျှော်လင့်ချက်ပဲ
ညံ့ဖြင်းစွာပဲ ခင့်ပုံတွေ အမှတ်မရှိဆွဲပီး ငါ နံရံတွေကို ခေါင်းနဲ့တိုက်နေလိုက်တယ်။
ခင် နေလို့ ထိုင်လို့ ကောင်းပါစေ၊
အဲ့လို ဆုတောင်းမျိုးကို ခင့်ပုံအရှေ့မှာ ဒူးထောက်ပီး ဆုတောင်းနေလိုက်တယ်၊
ဘုရားသခင်ထက် ဆိုးတဲ့ ဗိုင်းရပ်စ်တစ်ခုပဲ၊
ဒဏ်ရာတွေကို သေသေခြာခြာ ချစ်နေတဲ့ရောဂါ
ခင်ဟာ ဒဏ်ရာဆိုပေမဲ့ အမြတ်နိုးရဆုံးဒဏ်ရာ၊
ခင် စိတ်ချမ်းသာနေပါစေ။
အဲ့ဒိ နှုတ်ခမ်းကသွေးတွေနဲ့ ငါကိုယ်ငါ လူရွှင်မျက်နှာအတိုင်းပြင်ဆင်ပြီး အသုံးတော်ခံမယ်                                           နောက် ပျက်စီးနေတာတွေဖုံးဖိပီး ခင့်ကို ဖျော်ဖြေမယ်၊
ခင်မျက်နှာလွှဲသွားတဲ့အခါ ခဏလေးဖြစ်ဖြစ် ငိုလိုက်မိ ၊ နောက်ပီး ခုလေးတင် မိုးတွေရွာသွားတာ ခင်မသိဘူးလားလို့ ကြမ်းပေါ်က ရေစက်တွေလို့ လိမ်တယ်။ ငါအိပ်ပျော်သွားမိတော့မယ်ခင်။

နောက်ပီး
ခင့်အတွက် စိတ်ချရပါစေ၊
ခလုပ်မထိ ဆူးမငြိဖို့ဆိုတာထက် အဲ့ဒိဆူးတွေက ငါဘယ်တုန်းကမှမဟုတ်ခဲ့ဘူးဆိုတာလေးပဲ ယုံခြင်နေပါခင်၊        ခင့်ကိုအဲ့ဒိ အဖြူရောင်အခန်းထဲမှာထားခဲ့ပြီးသာ ဘဝထဲ ထွက်လာခဲ့တယ်။

ခင်ဟာ အဲ့ဒိ အဖြူရောင်နံရံတွေပေါ်က ရုပ်ပုံ၊ ဒီထက် ပိုမယ်ဆို ၊ အဖြူရောင်အခန်းထဲက . . .

ငါသွားရဦးမယ် … ခင်။
မင်းသိကြား

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ