Wednesday 22 March 2017

            *နှလုံးသားထဲက နွေသင်္ကြန်*
နွေရောက်ပြီဆိုတာ သစ်ပင်လေးတွေကသက်သေပြနေသည် ရော်ရွက်ဝါလေးတွေက မြေပြင်မှာ ကြွေဆင်းနေတယ် လေရူးလေပွေလေးတွေက တိုက်ခက်နေပေမဲ့ အပူရှိန်ကိုတော့ မရပ်တန့်နိုင်ပါ မကြာမီ နှစ်သစ်ကူးရောက်တော့မည် သင်္ကြန်သီချင်းသံလေးတွေကလည်း နေရာတိုင်းမှာ ကြားနေရသည် ကိုဘွား တစ်ယောက် ဆိုင်ကယ်လေးကို စက်အရှိက်သက်ပြီး လမ်းမကြီး၏ဝဲဘက်သို့ ကွေ့လိုက်၍ လဖ္ဘက်ရည်ဆိုင်လေးအနီးသို့ ဖြည်းငြင်းစွာ မောင်းနှင်ခဲ့သည် နေရာလွတ်သော ခုံတစ်ခုံသို့ ဝင်ထိုင်လိုက်ပြီး နောက်မှပါလာသောစားပွဲထိုးလေးကို စားသောက်ဖွယ်များ မှာယူလိုက်သည် ပြီးတော့ အိပ်ကဒ်ထဲမှ လက်ကိုင်ဖုန်းလေးကို ထုတ်ဖွင့်လိုက်ပြီး နံပါတ်တစ်ခုသို့ ခေါ်လိုက်သည်
ဟဲလို နေသူရိန်လား
********
အေး အခု ငါ မြကံသာတံတားအနားက လဖ္ဘက်ရည်ဆိုင်ကို ရောက်နေပြီ
*************
နောက်ထပ် ၁၅မိနစ်လောက် မောင်းရဦးမှာလား
***********
ငါမှ မလာတက်တာ ဒီကပဲ စောင့်နေတော့မယ်
*****-****
ok ငါစောင့်နေမယ် ဒါဘဲနော်
*************-
စကားပြောပြီးသောအခါ ဖုန်းကိုအိပ်ကဒ်ထဲပြန်ထည့်ပြီး စားပွဲထိုးလေး လာချပေးထားသော စားသောက်ဖွယ်ကို မြိန်ရေယှတ်ရေဖြင့် စားသုံးလိုက်ပါပြီ နာရီဝက်ခန့်ကြာသောအခါ သူထိုင်နေသောစားပွဲသို့ လူငယ်တစ်ဦး ဝင်ရောက်လာသည် 
ဘယ်လိုလဲ ကဗျာဆရာ တောရွာဇနပုဒ်ကိုလာပြီး တောရဲ့အလှကို ကဗျာဖွဲ့သီမလို့လား
ကိုဘွား ပြုံးလိုက်ပြီးနောက် 
သူရိန် ငါ့ကိုတွေ့တာနဲ့ ကဗျာဆရာ ကဗျာဆရာဆိုပြီး ခေါ်နေရတာ မရှက်ဘူးလား
ငါက ဘာရှက်ရမှာလဲ
ကဗျာဆရာ မဟုတ်ပဲ ကဗျာဆရာဆိုပြီး ခေါ်နေရတာလေ
ဒါကတော့ မင်းက onlineမှာ နာမည်ကြီးနေတာပဲ 
စာလုံး ကြီးကြီးနဲ့ ရေးထားလို့လား ဟားဟား
ငါက တကယ်ပြောတာကွ  ဒို့ရွာက ဆော်လေးတွေတောင် မင်းကဗျာဆို သိပ်ကြိုက်တာ
``ဒီစကား ကြားရတာ ဝမ်းသာပါတယ်ကွာ ဒါပေမဲ့ ငါ အခု onlineပေါ်က ခင်မင်နေတဲ့ ကောင်မလေးတစ်ယောက်ရှိတယ် ဒီမြကံသာရွာကလို့ပြောတယ်``
´´ဟုတ်လား နာမည်ဘယ်လိုခေါ်လဲ ဘယ်နားမှာလည်း သူအိမ်က``
´´အဲ့ဒါတော့ ငါလည်းမသိဘူး နာမည်ကတော့ မြတ်လေးနွယ် တဲ့´´
သူဖုန်းနံပါတ်ပါလား ဆက်လိုက်လေကွာ
``ဖုန်းဆက်တယ် လာခဲ့မယ်လို့တော့ ပြောတယ် '
ဘယ်လောက်ကြာပြီလည်း မင်းဖုန်းဆက်တာ
``ငါ ဒီရောက်ခါနီးမှာ ဖုန်းဆက်လိုက်တာ အခုထိမလာသေးဘူး``
သူအလာကို စောင့်ဦးမလား 
``မစောင့်တော့ဘူးလေ သူကိုလည်း မြင်ဖူးတာမဟုတ်ဘူး``
ကဲဒါဆိုလည်း ပြန်ကြစို့ကွာ     ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက် စားပွဲထိုးလေး ခေါ်ပြီး ကျသင့်ငွေကို ရှင်းပြီး ကိုဘွား ဆိုင်အပြင်သို့ လှည့်ထွက်ရာ တစ်စုံတစ်ခုနှင့် မထင်မှတ်ပဲ တိုက်မိရာ အွန့် ဟူသော အသံကို ကြားလိုက်ရသည် ထိုအသံသည် ကိုဘွားဆီမှ မဟုတ်ပဲ မိန်းကလေးတစ်ဦး သူနှင့်မျက်နှာခြင်းဆိုင် ဝင်တိုက်မိရာမှ ထွက်ပေါ်လာသော အသံဖြစ်သည် ထို အသံပိုင်ရှင် မိန်းကလေးကို လှမ်းကြည့်ရာ ရထားအစင်းတစ်ရာ  ရင်ခွင်ကို ခုတ်မောင်းသွားသကဲ့သို့ ကိုဘွားခံစားမိသည် ပါးလွှာသောနှုတ်ခမ်းတစ်စုံက နှင်းဆီငုံလေးလို နီရဲနေသည် အသားလေးကလည်း ဖြူ ဖြူ   မျက်လုံးလေးကလည်း ရွှေသမင်မျက်လုံးကဲ့သို့ ဝိုင်းနေတယ် မျက်ခုံးလေးတွေကလည်း လှပလို့   ပါးပြင်မှာလည်းသနပ်ခါးလေးကို ဘယ်ညာကွက်လို့မြန်မာဆန်ဆန်လေးနဲ့လှပနေသောသူမကို ကျနော်အတန်ကြာငေးကြည့်ပြီးမှ "ကျနော်တောင်းပန်ပါတယ်ဗျာ"
"ရပါတယ် ခိုင်ကလည်း နမော်နမဲ့နိုင်လွန်းတာပါ "
"နာမည်လေးက ခိုင်တဲ့လား မှတ်ထားပါမယ့်ဗျာ"
"ညီမနာမည်က ခိုင်သဇင်ပါ သူငယ်ချင်းတွေက ခိုင်လို့ပဲခေါ်ကြတာလေ"
"ဟုတ်ကဲ့ပါ ကျနော်ကိုခွင့်ပြုပါဦးနော် "
"ဟုတ်ကဲ့ဒါနဲ့ ဟိုအစ်ကိုက အစ်ကိုသူငယ်ချင်းလား" ဆိုင်ကယ်အနားရောက်နေသော သူရိန်ကိုလက်ညိုးထိုးပြပြီးမေးလိုက်သောကြောင့် "ဟုတ်ပါတယ် သူကိုသိလို့လား"
"သိပါတယ် သူက အောင်သပြေရွာကလေ ဒါနဲ့အစ်ကိုကရော အဲ့ဒီရွာကလား"
"မဟုတ်ပါဘူး အလည်လာတာပါ အဲ့ဒီမှာအစ်ကိုရှိတယ်လေ မရောက်ဖူးသေးလို့ပါ"
ဟုတ်ကဲ့ သူစောင့်နေတာ အားနာဖို့ကောင်းပါတယ် သွားလိုက်ပါဦးနော်
ဟုတ်ကဲ့ ခွင့်ပြုပါဦး မခိုင်သဇင် ဟုဆိုကာ နှုတ်ဆက်ပြီး လဖ္ဘက်ရည်ဆိုင်ထဲမှ ကိုဘွားထွက်လာခဲ့သည်..။
       အခန်း ၂
အောင်သပြေရွာလို့ခေါ်သော တောရွာလေးမှာ ကိုဘွားရောက်ရောက်ခြင်းပင် ဆွေမျိုးများကဝိုင်းကြိုကြသည် ငယ်စဉ်ကတည်းက ခွဲခွါခဲ့ရသော ဆွေမျိုးသားခြင်းများက ကိုဘွားကို ဘာလုပ်သလဲ မိဘတွေရော နေကောင်းကြရဲ့လား အဆင်ပြေလား စသည်စသည်ဖြင့် နွေးနွေးထွေးထွေးကြိုဆိုကြသည် အရမ်းလည်းကြည်နူးမိတယ် ဒါပေမဲ့ ရင်ထဲမှာ နေ့လည်က ဆိုင်ထဲတွင်တွေ့ခဲ့ရသော နတ်မိမယ်လေးကို တမ်းတလွမ်းသလိုလို ခံစားရသည် တစ်ခါမှဒီလိုခံစားမူ့မျိုးကို မကြုံဖူးခဲ့ပါ အခုတော့ အတွေးတွေထဲမှာ သူက နေရာအပြည့်ယူထားသည် နာမည်လေးက ခိုင်သဇင်တဲ့ ရုပ်ရည်ကလည်းမြန်မာဆန်အလှနှင့် အို မေ့မရပါလား ခိုင်သဇင်ရယ် ဟု ရင်ထဲတွင်ပြောပြီး ကဗျာလေးတစ်ပုဒ်ကို ရေးသားမိတယ် 
     *ချစ်ရသူသို့ ပေးစာ*
ခိုင်
 ဘဝမလှတဲ့ အညတရ ရဲ့
အချစ်တွေကို အပြစ်မမြင်
သခင် ကြင်နာခွင့်ပေးပါ...
ရင်ခွင်ထဲက မေတ္တာ 
မုသားမပါ သစ္စာစစ်နဲ့
ထာဝရ ချစ်နေမှာပါ...
ဆုံတွေ့ခဏ မြင်ရပေမဲ့
ကြင်နာမိတဲ့ နှလုံးသားကို
အမုန်းတွေ မပေးပါနဲ့နော်...
ထာဝရအပြုံးတွေကို
နှလုံးသားမှာ သီကာကုံးလို့
ဘဝဆုံးထိ ချစ်ပါရစေ...
      တစ်ကောင်ဘွား(ဓာတ်တော်)
ဒီကဗျာလေးကို ရေးသားပြီးချိန်မှာပဲ သူရိန်တစ်ယောက် ကျနော်အနားသို့ ရောက်ရှိလာပြီး
"ဘယ်လိုလည်းကဗျာဆရာကြီး ပျင်းနေပြီလားဗျ"
"မပျင်းပါဘူး သူရိန်ရာ ငါဒီမှာ ကဗျာလေးတစ်ပုဒ်ရေးနေတာ ဖတ်ကြည့်ပါလား"ဟုဆိုကာ လက်ထဲကဖုန်းကို သူရိန်ထံလှမ်းပေးလိုက်သည် သူရိန်သည်ကဗျာကိုဖတ်ပြီး ဖုန်းကိုကျနော်ထံလှမ်းပေးပြီး "မင်းကဗျာတွေကောင်းမှန်းသိပါတယ်ကွာ အခုမင်းကိုလာခေါ်တာ"
"ဘယ်ကိုလည်းသူရိန်ရာ ငါဘယ်မှ မသွားခြင်ဘူး"
"မသွားလို့မရဘူးဟ မင်းပရိတ်သက်က သူအိမ်ကို ထမင်းစားဖိတ်ခိုင်းလို့ပါ"
"ဟာကွာ ဒီမှာစားလည်းရတာပဲ မင်းကလည်း"
"မင်းကလည်းလုပ်မနေနဲ့ လာ အခုသွားမယ်" ဟုသူရိန်ကပြောပြပြီးခေါ်သဖြင့် ကိုဘွားလည်းမနေသာတော့ "အစ်ကိုရေ ငါသူရိန်နဲ့ ခဏလိုက်သွားဦးမယ် ထမင်းစားလာခေါ်လို့ပါ"
"အေး အေး သွားပါ မိုးချုပ်အောင် မလုပ်နဲ့နော်"
"ဟုတ်ကဲ့ပါ အစ်ကို" ဒီလိုဖြင့် သူရိန်နှင့်အတူရွာထဲသို့ ထွက်ခွါလာခဲ့သည်...တစ်ရွာလုံးက သူရဲ့ကဗျာပရိတ်သက်တွေ အားပေးကြသူတွေဖြစ်နေတော့ ရင်ထဲမှာဝမ်းသာပီတိဖြစ်ရပြီလေ ကျေနပ်ပြီပေါ့ ရှေ့ဆက်ကြိုးစားဖို့ ခွန်အားတွေရရှိခဲ့ပြီ တစ်နေရာမှာတော့ ဝေဖန်ခံရပြီလေ မိန်းကလေးသုံးယောက် အိမ်ရှေ့ကွတ်ပြစ်လေးပေါ်မှာ ထိုင်နေပြီး မိန်းကလေးတို့သဘာဝ စုံပြီဆိုတာနဲ့ အတင်းပြောကြပြီလေ သူတို့ပြောသောစကားသံကို ကျနော်နဲ့သူရိန်ကြားရသည် ပထမမိန်းကလေးက စပြောတယ်
"ဟဲ့ ကမတွေ ဟိုလေ onlineမှာ ကဗျာတွေနဲ့နာမည်ကြီးနေတဲ့ တစ်ကောင်ဘွားက ဒို့ရွာက ကိုဝင်းရဲ့ညီအရင်းတဲ့အခု ရွာရောက်နေတယ်တဲ့"
"ညည်းက အခုမှသိတာလား ငါကသူရိန်နဲ့ပါလာတုန်းကသိပြီးပါပြီဟယ်"
"ဟုတ်လား စန္ဒီ သူကအပြင်မှာချောလား onlineမှာလည်းသူပုံမတွေ့ရဘူးလေ"
"အမယ်လေး ကမ ယွမနေနဲ့ ညည်းလူက ကဗျာသာမိုက်တာ ရုပ်ကတော့ ဘူးသီးပုတ်နွားကျွေးတာမှ စားပါဦးမယ် ."
"စန္ဒီ ညည်းက သူများဆို အလွန်ပြောတာပဲ"
"အမှန်ကိုပြောတာအေ့ အရပ်ကပုပု အသားကလည်းမဲလိုက်တာ မီးသွေးခဲလား မှတ်ရတယ်"
"အဲ့လောက်တောင်မည်းသလား ဟယ် " 
"မယုံရင် နောက် ငါပြမယ် သူက ဒီမှာသင်္ကြန်နေဦးမှာတဲ့" သူတို့ပြောသောစကားများကို ကြားမိသောအခါ ကျနော် သူတို့စကားဝိုင်းကို လှမ်းကြည့်မိပြီး မှတ်ချက်တစ်ခုချမိလိုက်တယ် သူတို့ကလည်း တောသူ အသားလည်း မဖြူ ပါလားဗျာ ဟု ဖြစ်သည် ကျနော်တို့ကိုမြင်သောအခါ မိန်းကလေးသုံးယောက်ထဲမှ အိမ်ရှင်ဖြစ်ဟန်တူသော ကောင်မလေးတစ်ယောက်က သူရိန်အား လှမ်း၍အသံပြုလိုက်သည်
"ဟဲ့သူရိန် ဘယ်ကလာတာလည်း အိမ်လည်း အလည်လာခဲ့ဦးလေ"
"ဧည့်သည်ပါလို့နောက်မှလာခဲ့တော့မယ်"
"ဧည့်သည်ပါ အလည်ခေါ်တာပါနော်" သူရိန် ကျနော်ကြည့်လိုက်တော့ ကျနော်လည်းခေါင်းညိတ် အသိမှတ်ပြုလိုက်တယ်လေ 
"လာလာထိုင်ပါ သူရိန် နင့်နဲ့ပါလာတာ တစ်ကောင်ဘွားဆိုတာလား"
"ဟုတ်တယ် သူနာမည်က တစ်ကောင်ဘွား(ဓာတ်တော်)တဲ့"
"စန္ဒီ ညည်းပြောတော့ အသားမည်းသလေး ဘာလေးနဲ့ အခုညည်းထက်တောင်ဖြူနေပါလား ဟင်းဟင်း"
"ဟဲ့သူရိန် မနေ့ကနင်နဲ့ပါလာတာ သူဟုတ်လို့လား"
"အော် နင်ကလူမှားတာကို မနေ့က ငါနဲ့ပါလာတာ ရွာမြောက်ပိုင်းက ဝတုတ်ပါဟာ"
"ဒါနဲ့ အစ်ကိုက ကဗျာဆရာလား "
"မဟုတ်ပါဘူး ဝါသနာပါသူပါ  အခုလို ကျနော်ရဲ့ကဗျာတွေကို အားပေးကြတဲ့ ညီမလေးတို့ကိုလည်း ကျေးဇူးတင်ပါတယ် ခွင့်ပြုပါဦးနော်" 
"ဟင် ပြန်တော့မလို့လား"
"အစ်ကို မျှော်နေလိမ့်မယ် နောက်မှလာခဲ့ပါမယ်ဗျာ"ဟု နုတ်ဆက်ပြီး သူရိန်နှင့်အတူ ထွက်လာခဲ့တော့သည်။
              အပိုင်း၃
ဒီနေ့ဟာ သင်္ကြန်အကြိုနေ့မို့ ခိုင်သဇင်တို့အဖွဲ့သည် မြကံသာရွာရဲ့ အလယ်လမ်းမကြီးဘေးတွင် မဏ္ဍပ်ထိုးပြီး မုန့်လုံးရေပေါ်များဖြင့် ကုသိုလ်လုပ်နေကြသည် မဏ္ဍပ်အတွင်းမှ အသံချဲ့စက်ကလည်း မြူးမြူးကြွကြွ သင်္ကြန်တေးသီချင်းကလည်း ဖွင့်ထားတော့ ကိုလူပျိုတစ်သိုက်ကလည်း ရေကစားရင်း ကခုန်မြူးနေကြတယ်လေ ခိုင်သဇင်တို့အဖွဲ့လည်း မုန့်လုံးလေးများလုံး၍ ဒယ်အိုးထဲသို့ ထည့်ကြတယ် အားလုံးရဲ့ မျက်နှာလေးတွေမှာ အပြုံးပန်းတွေကိုယ်စီဝေလို့ပေါ့ သူတို့အဖွဲ့ထဲမှာ အသားညိုညို အရပ်ပုပုနဲ့ ကောင်မလေးတစ်ယောက်က ခိုင်သဇင်အနားသို့ကပ်ပြီး
"ဟဲ့ မိခိုင် ဟိုနေ့က နင် onlineက ဘဲနဲ့ သွားတွေ့ဆို ဟုတ်လား"
"ဘဲမဟုတ်ပါဘူး မညိုရယ် အသိတစ်ယောက်ပါ ကဗျာဆရာ တစ်ကောင်ဘွားလေ"
"ဟင် ငါ့တောင်မခေါ်ဘူး သူကိုမြင်ဖူးခြင်တာ  ချောလား သူက"
"အသားညိုတယ် ဆိုပေမဲ့ မျက်လုံးမျက်ခုံးကောင်းတယ် ချောတယ်လို့လညိး မဟုတ်ဘူး မညို"
"ဒါဆို ရုပ်ဆိုးတာပေါ့နော်"
"ရုပ်ကလည်း အရမ်းမဆိုးဘူး အသက်ကငယ်ပေမဲ့ လူကြီးဆန်တာ"
"နင်နဲ့တွေ့ခဲ့တာပေါ့"
"တွေ့တယ် ဒါပေမဲ့ သူက ငါမှန်းမသိဘူးလေ ငါFbအကောင့်က မြတ်လေးနွယ်ဆိုတော့ သူက မြတ်လေးနွယ်ပဲ သိမှာပေါ့ ခိုင်သဇင်လို့ပြောတော့ မသိဘူးလေ"
"ဟင် ဒါဖြင့် ညည်းက လူလည်ကျတာပေါ့ ညည်းကသူကိုသိပြီး သူက မသိရဘူး"
"လူလည်ကျတာ မဟုတ်ဘူး လေ့လာနေတာ လိုင်းပေါ်က ဘယ်သူမှမယုံရဘူးလေ"
"သူကိုတော့ ယုံရသေးဘူးလား"
"သူက အမှန်တိုင်းပဲ ပို့စ်တင်တာ သူနာမည် သူဖုန်းနံပါတ် ဓာတ်ပုံတွေက သူပုံအစစ်ဟဲ့"
"သူက ကဗျာရေးတာအရမ်းတော်တယ်နော် ဘာလို့များ စာအုပ်မထုတ်တာလည်း မသိဘူး"
"အဲ့ဒါတော့ သူပဲမေးကြည့်ဟေ့ မညိုက စပ်စုတာပဲ "
"စပ်စုတာမဟုတ်ဘူး သိခြင်လို့မေးတာလေ  ဒါနဲ့ ဟိုမှာ အောင်သပြေရွာဘက်က ဆိုင်ကယ်သုံးစီး လာနေတယ် ဟဲ့ ကမတွေ ရေပုံးတွေပြင်ထား ဟိုမှာလာနေပြီ"
မညို ညွှန်ပြရာကို ကြည့်လိုက်တော့ ခိုင်သဇင်မျက်နှာပေါ်တွင် အံ့သြခြင်းတွေ ဖြတ်ကျော်သွားတာ ဘယ်သူမှ မရိပ်မိပါ ခိုင်သဇင်လည်း မဏ္ဍပ်ရှေ့သို့ရောက်လာသော ဆိုင်ကယ်သုံးစီးမှ ရှေ့ဆုံးက နေကာမျက်မှန်တပ်ထားတဲ့ ကိုဘွားကို ဖလားထဲက ရေဖြင့် လောင်းလိုက်တယ် "ဟင် မခိုင်သဇင်ပါလား"
"ဟုတ်တယ် ကဗျာဆရာတစ်ကောင်ဘွားရယ် မုန့်လုံးရေပေါ်လေးလည်း ဆင်းစားပါဦးရှင်"
ဒီလို စကားလေးနဲ့ မြတ်လေးနွယ်သာ ခေါ်ရင် သိပ်ကောင်းမှာပဲ အခုတော့ ဘယ်များပုန်းနေသလည်း မြတ်လေးနွယ်ရယ် မင်းနဲ့တွေ့ရင် ပြောမယ်ဆိုတဲ့ နှလုံသားက စကားလုံးတွေလည်း သင်္ကြန်ရေနဲ့အတူ မျှော်လင့်ချက်မဲ့ခဲ့ပြီပေါ့..
"ဘာတွေတွေးနေတာလည်း ဒီက ခေါ်တာကို ပြန်မဖြေတော့ဘူး"
"မ မဟုတ်ပါဘူးဗျာ အသိတစ်ယောက်ကို သတိရသွားလို့ပါ"
"ဟုတ်လား ဘယ်ရွာက အသိလည်း ဒီရွာကလား"
"ဟုတ်တယ် သူက ဒီရွာကတဲ့ ကျနော်ရဲ့ အမာခံ ပရိတ်သတ်တစ်ဦးပါ '
"နာမည်ပြောပြလေ ဒီရွာကဆို ခိုင် အကုန်သိတယ် "
"သူနာမည်က မြတ်လေးနွယ်တဲ့ ကြားဖူးလား'
"သိတာပေါ့ အရမ်းရုပ်ဆိုးတာအစ်ကိုနဲ့ မလိုက်ဖတ်ပါဘူး ပြီးတော့ သူကတောသူ ဆင်းရဲတယ် ပညာလည်းမတက်ဘူး"
"ဘာပဲဖြစ်ဖြစ်ပါ သူကို တွေ့ခွင့်ရရင် တွေ့ခြင်ပါတယ် ကျနော် သူကိုလှပနေမှ ချမ်းသာနေမှ ချစ်တာမဟုတ်ဘူး သူရဲ့ ယဉ်ကျေးတဲ့ အပြောလေးတွေအားပေးတက်တာလေးတွေက ချစ်စရာကောင်းနေတယ်လေ "
"အစ်ကိုသူကို မြင်ဖူးလို့လား မမြင်ဖူးပဲနဲ့တော့ မချစ်နဲ့နော်"
"အချစ်မှာ လှခြင်း မလှခြင်း အဓိက မဟုတ်ဘူး သစ္စာတရားကအဓိကပါ"
"တကယ်လို့ အပြင်မှာ သူက အရမ်းရုပ်ဆိုးနေရင် အစ်ကိုအနေနဲ့ ချစ်နိုင်မှာလား"
"သူအပေါ်ထားတဲ့ မေတ္တာတရားက အဆုံးမဲ့မို့ တစ်သက်လုံးချစ်နေမယ်"
"ဒီလိုဆို အကျတ်နေ့မှာ သူကို ခေါ်ပေးမယ်လေ"
"ဒီနေ့ မတွေ့ရဘူးလားဗျာ"
"သူက ဒီရွာမှာမရှိသေးဘူး ဘုရားဖူးထွက်သွားတယ် အကျတ်နေ့မှပြန်လာမယ်တဲ့"
"ဟုတ်ကဲ့ ကျေးဇူးပါခိုင်သဇင် အခုတော့ ကျနော်တို့ကို သွားခွင့်ပြုဦးနော်"
"ဟုတ်ကဲ့ အစ်ကို မြတ်လေးနွယ်သာသိရင် သိပ်ပျော်နေမှာပဲ ညီမတောင် အစ်ကို သူအပေါ်ထားတဲ့ အချစ်ကို ရင်ခုန်မိတယ်"
"ညီမကို လည်း ချစ်တဲ့သူရှိမှာပါ  သွားပြီနော်" ဟု နုတ်ဆက်ကာ ဆိုင်ကယ်ကို မဏ္ဍပ်မှ ထွက်ခွါစေခဲ့လေသည်...။
ရှေ့ဆက်ရန် ရှိပါသေးသည်
တစ်ကောင်ဘွား(ဓာတ်တော်)
09775738619

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ