Thursday 9 March 2017

ကဗျာဂျာနယ် အတွဲ ၂ အမှတ် ၆

ကောင်မလေး ရေ....
မင်းကြောင့် အချစ်ဆိုတာနဲ့
ထိတွေ့ခွင့်ရခဲ့တယ်ဆိုတာ
ငါဝန်ခံပါတယ်......

ဒါကြောင့်လည်းပဲ
ငါရင်ခုန်သံတွေ မျှော်လင့်ချက်တွေ
အားလုံး အားလုံး ဝရုန်းသုန်းကားနဲ့
လွဲချင်တိုင်း လွဲကြလေရဲ့...

မင်းစကားတွေထဲက
မုသားဆိုတာကိုလည်းသိခွင့်ရတယ်
ဟန်ဆောင်မှုဆိုတာကိုလည်း
ထိတွေ့ခွင့်ရခဲ့တယ်
အလိမ်အညာ အကြံအဖန်တွေ
အရောင်ဆိုးတဲ့မင်းအပြုံးအောက်မှာ
ငါခုထက်ထိ ပြုံးပြုံးလေးနဲ့
ခေါင်းညိမ့်တတ်အောင်
သိမ်းပိုက်ထားတဲ့မင်းကို
ချီးကျူးပါတယ် ဟာ....

ရုန်းထွက်ချင်နေတဲ့ငါ့စိတ်ကူးတွေကို
ကျော်လွန်ခွင့်မရှိအောင်
နင်စေခိုင်း ပြုစားနေတာကြောင့်
ငါလေ နောင်တဆိုတာကို
ငါ့စိတ်ထဲနေပဲရေရွက်ခွင့်ရခဲ့တာပါ...

ရှိန်းတမ်
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
ချစ်သူ....
သမင်လည်ပြန်အကြည့်
၂၃နှစ်ပိုင်းတစ်ပိုင်းဒီဂရီ မျက်ဝန်းနဲ့
မင်းရဲ့ညို့မျက်ဝန်းကြားမှာ
ငါရင်ခုန်သံတွေ
ကသောင်းကနင်းဖြစ်ခဲ့ရတယ်...

ဝင်ရိုးစွန်းမတူညီစွာ အတူရှိခဲ့ကြပေမဲ့
ချစ်ခြင်းတရားအကြင်နာတွေနဲ့
ဆွဲငင်အားမျှတစွာ တည်ရှိခဲ့ကြလို့
မင်းနဲ့ငါ သဘာဝကျစွာ
ထပ်တူထပ်မျှ နားလည်ကြတယ်...

တကယ်လို့များပေါ့...
ဖောက်လွဲဖောက်ပြန် တတ်တဲ့
နိယာမတွေကြောင့် မင်းနဲ့ငါလေ
တနေ့နေ့ဝေးသွားခဲ့ကြရင်
တနေ့နေ့ခွဲခွာခဲ့ကြရင်
ဒို့နှစ်ယောက်ရည်မှန်းချက်လမ်းမတွေထက်
ဦးတည်ချက်တွေမတူညီကြတော့တဲ့အခါ
ဒီမျက်ဝန်းလေးကိုခုံမင်ခဲ့မိတဲ့ငါ
ကြေကွဲစွာ လွမ်းနေခဲ့မယ်ဆိုရင်
မင်းနာလည်ပေးပါနော်
တကယ်ကိုစစ်မှန်စွာ
ငါချစ်ခဲ့ပါတယ်......


ရှိန်း တမ်
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
အကငဥဘ



မောင့်ရဲ့ရင်ထဲ
ခင် မမြင်ပဲနဲ့
အထင်လွဲကာ​မေ့
နေစိမ့်လှတယ်
မငို မရီ မတည် မပြုံး
အမုန်းတုံးခု
အပြုံးတုမစွန့်ကျဲ
ခင့်အသည်းမှာ
ရင့်သန်ဟန်သ​ဘော
သံ နဲ့များ
ရောထားသလားခင်
တနွယ်မငင်
တပင်မယှက်ခင်
သံ​ယောစဉ်တန်း
ရှင်ခန်းပြတ်​အောင်
ရင်နှစ်ချမ်းကိုခွဲ
သွေးရဲရဲနီ​စေဦး
ခင်ရီကာပြုံးရင်
ပီတိနှလုံး
မောင့့် 
အ​ကျေနပ်ဆုံး​ပေါ့ခင့့် ။





        သူရဇ္ဇ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
အချစ်​ဆိုတာ

ပေးတိုင်​ပြန်​မရတာအချစ်​လား
စွန်​လွတ်​ခြင်​ကအချစ်​လား
အနစ်​နာခံခြင်​ကအချစ်​လား
ပေးဆပ်​ခြင်​ကအချစ်​လား
ရယူခြင်​ကအချစ်​လား
ပိုင်​ဆိုင်​လိုချင်​ကအချစ်​လား
ဘယ်​လိုအချစ်​မျိုးကအချစ်​လဲ
ငါ့ခံယူမိတဲ့အချစ်​က
ငါ့ဘဝထက်​သူကိုချစ်​တယ်
သူ​ပျော်​​နေရင်
ငါ့ကို ဥ​ပြစ်​ခါပြုထား
နေရင်​​တောင်
ငါသူကို​သေမတပ်​လွမ်း​နေပါ​စေ
ငါ့ရင်​ကွဲခံပီ နင့်​ကိုချစ်​​နေမဲ့အချစ်​မျိုးပါဟာ

မြတ်​နိုးခင်
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿

❆အဓိပ္ပါယ်​​တွေရှိချင်​တယ်​ ❆

စိတ်​ဆိုးခွင့်​မရှိတဲ့ဘဝမှာ
စိတ်​​ကောက်​ပြီး
ဟန်​မူပို​နေ​တော့လည်း
အလကားပါဘဲ.....

အပြုးံ​လေးတစ်​ချက်​နဲ့
တစ်​သက်​လုံးကျွန်​ခံ
နွံ့ထဲမှာထပ်​မံပြီး
ဆက်​​လျှောက်​လှမ်း​နေမိတယ်​.....

စိတ်​သွားတိုင်းကိုယ်​မပါ
ကိုယ်​သွားတိုင်းစိတ်​မပါ
အကျဉ်းစံထဲ
ထာဝရ​မှေးစက်
တစ်​ခဏ​တော့​ပြေးထွက်​ချင်​မိရဲ့......

နားတစ်​စုံကိုဖုးံအုံ
မျက်​စိနှစ်​ကွင်းကိုချုပ်​ပိတ်
မမြင်​နိုင်​၊မကြားနိုင်​သူမှာ
ပြောဖို့လည်းမသာ
နှုတ်​ခမ်းဖျားများကိုလည်း
ဇစ်​ဆွဲခံလိုက်​တယ်​.....

လမ်းဖွင့်​​ပေးထားတဲ့
နှာ​ခေါင်းနှစ်​​ပေါက်
မပိတ်​ခင်​အထိ
အသက်​ရှင်​​နေ​သေးတာဘဲ
ဘုရားသခင်​ရဲ့ဆုလာဒ်​​တော်​.....

တစ်​​နေ့​နေ့
တစ်​​နေ့​နေ့​တော့တစ်​​နေ့​နေ့​ပေါ့
မျှော်​လင့်​ရင်​အသက်​ရှင်​​နေတာ
အဓိပ္ပါယ်​​တွေရှိလို့......။


         စုန်း
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
အကျွန့်ဝေဒနာ



ရီခဲ့ဖူးတဲ့နှုတ်ခမ်း
အလွမ်းရင့်ရင့်
အဆင့်ဆင့်မှီခို
ရီ ငိုခဲ့သမျှ
မျက်ဝန်းနဲ့သာ
သက်ဆိုင်ပါသလေ
ရည်ရွယ်အချစ်
အရစ်ရစ်နှောင်တွယ်
ရှောင်ဖယ်တွယ်မက်
အရုန်းခက်သမျှသည်
သမုဒယ နဲ့သာ
သက်ဆိုင်ပါသလေ
ချသမျှသက်ပြင်း
အမျက်နဲ့ညှင်းသလို
ပူပြင်းခံခက်
နာရက်သမျှသည်
အကျွန့်၏စိတ်
တစိတ်တဒေသမျှ
မပါလေရပဲ
အကျွန့်၏အတိတ်
အဆိပ်ဖြစ်စေလို့သာ
ဝေဒနာအရင့်
ရင်နှင့်မမျှအောင်္ဇ
ပူလောင်ပါသည့့် ။





        သူရဇ္ဇ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
ပဲ့တင်



တမ်းတသံ​တွေ
ပဲ့တင်မြည်ဟီး
ရင်ခုန်သံနီးလျက်
ခရီးမဆက်ဖြစ်တဲ့
တို့နှစ်​ယောက်ဇာတ်လမ်း
မျက်ခန်းမှာပုလဲဥ​တွေနဲ့
အသည်းနုသူငို
မျက်ရည်စိုရင်
အလွမ်းပိုသတဲ့လားဟာ
နင်ညှာတာမဲ့လို့
မသာယာတဲ့ဘ၀နဲ့ငါ
မျှော်​လေရာ
အတိတ်​နွေလမ်းမှာ
စိတ်မ​ပြေနွမ်း
ငါ့နှုတ်ခမ်းက
တမ်းတသံကြူးတိုင်း
ပင်ထ​နောင်း​တွေဖူး
ရူး​လောက်​အောင်
နာကျင်ဖူးခဲ့ရပြီဟာ့ ။







        သူရဇ္ဇ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿


ဝေးးးးးး



အလွမ်း​တွေတ​ဖြေး​ဖြေး​ဝေး
နှေး​ကွေး​လေးလံတဲ့
ရော်ရွက်တရွက်ရဲ့
အ​ကြွေခရီး
ညည်းတွားခြင်း​တွေနဲ့
အပင်ကိုင်းမှာ
အရင်တိုင်းပြန်​နေဖို့ဆန္ဒ
နွေကအသိမှတ်မပြုခဲ့
ဒီလိုနဲ့
ဖေးကူရာမဲ့
ကြွေခဲ့တဲ့​ရော်ရွက်ဟာ
နွေကန္တာမှာ
အ​ကြွေသံသရာ့ ။



        သူရဇ္ဇ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
နင်​အတွက်​မသိတဲ့အ​ဝေးတစ်​​နေရာကချစ်​​နေတဲ့​ကောင်​​လေးး


နင်​ခံစား​နေရတာသိ​ပေမဲ့မ​ဖြေသိမ်​​ပေးနိုင်​ခဲ့ဘူးး

အာ့အတွက်​ငါဝမ်းမနည်းဘူးငါရှိ​နေသမျှ

နင်​ဝမ်းမနည်း​စေရဘူး


နင်​အတွက်​ငါဟာာ



BOY FRIENT ON2
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
အချစ်​၏အရှုံး

ငါ့နင့်​ကိုစချစ်​ကတည်​က အချစ်​ကိုအရှုံးအမြတ်​တွက်​ပီ
ချစ်​ခဲ့တာမဟုတ်​ရပါဘူး
မ​ခေါ်ပဲ ငါ့ဘဝထဲနင့်​​ရောက်​လာတယ်
မနင်​ပဲငါ့ဘဝထဲကပြန်​ထွက်​ခွာသွားပြန်​တယ်
အမုန်းစကားတစ်​ခွန်းမ
မသုံးပဲ အပြုံးက​လေးနဲ့
လက်​ပြ​နေတတ်​တဲ့
အ​ပြောချိုတဲ့ နင့်​နှုတ်​ခမ်း ရက်​စက်​တတ်​တဲ့
နင့်​နှလုံးသား အရာရာ
ငါ့အရှုံး​ပေး ချစ်​ခဲ့ရတယ်​သူ
အပြုံး​တွေလဲ
ကွယ်​​ပြောက်
နိက​တော့​နောက်​တစ်​​ယောက်
ငါ့မ​ဖြေသာ​ပေမဲ့
နင့်​က​နေသာသလို​နေ​တော့
ငါ့ရင်​​တွေ ကွဲ​ကြွေပျက်​သုန်​ အမုန်းစကားမသုံးပဲ
ငါ့နှလုံးသားကို
နင့်​block သွားနိုင်​တယ်​​နော်
နင့်​​ပျော်​ပါ​စေချစ်​သူရယ်​ ကွယ်​ရာကပဲ
နိ​ပျော်​တာကြည့်​ပီ
ငါ့​ကျေနပ်​​နေပါမယ်
နင့်​ချစ်​ခဲ့ဖူးတဲ့​ကောင်​မ​လေး

မြတ်​နိုးခင်

[♥]]] [♦]]] [♣]]] [♠]]][♥]]] [♦]]] [♣]]] [♠]]][♥]]] [♦]]] [♣]]] [♠]]]

ဒီတစ်ပတ်ရဲ့ ကဗျာဂျာနယ်အစီအစဉ်လေးကတော့ ဒီလောက်ပါပဲခင်ဗျာ။ ကျွန်တော်တို့ မြန်မာလူငယ်သတင်းစုံ မှ စီစဉ်တင်ဆက်နေတဲ့ ကဗျာဂျာနယ်လေးမှာ ကဗျာတွေ ရေးသားပေးပို့ချင်တဲ့ ဝါသနာရှင်များအားလုံးကို ဖိတ်ခေါ်ပါတယ်။ ကဗျာများကို ပေးပို့ချင်တယ်ဆိုရင်တော့ Viber ဖုန်းနံပါတ် 09-256480246 သို့ လိပ်မူ၍ ရေးသားပေးပို့နိုင်ပါသည်။ 



ကဗျာဂျာနယ်အစီအစဉ်လေးကို သင့်Android ဖုန်းထဲကနေ အလွယ်တကူ စောင့်မျှော်ဖတ်ရှုချင်တယ်ဆိုရင်တော့ မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAPK လေးကို    ဒီနေရာကိုနှိပ် ပြီး ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။



မျက်မမြင်ကျောင်းများ၊ မိဘမဲ့ဂေဟာများ နှင့် ပရဟိတဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသော မြန်မာလူငယ်ပရဟိတအသင်းသို့ တတ်အားသ၍ ပါဝင်လှူဒါန်းလိုပါက ဖုန်းနံပါတ် 09962385542 သို့ ဆက်သွယ်၍ သဒ္ဒါတရား နည်းများမဆို ပါဝင်လှူဒါန်းဖို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်ခင်ဗျာ။


No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ