Thursday 23 March 2017

         *မွေးနေ့ အမှတ်တရ*
အဝေးဌာနေ ရောက်နေသော်လည်း
မွေးရပ်မြေမှ မွေးမိဘတို့
ဆုံးမပဲ့ပြင် သွန်သင်စကား
သားမောင်ရင်မှာ ကြားယောင်ရ၍
ယနေ့ရောက်လာ မွေးနေ့ခါမှာ
သားစွမ်းသမျှ ပန်း ရေချမ်းကို
ပူဇော်လှုဒါန်း လွမ်းသမျှတွေ
သာဓုခေါ်စေ အမျှဝေ၍
မွေးဋ္ဌာနေမှ မွေးမိဘနှင့်
သုံးပါးလောက ရှိကြကုန်သော
ဝေနေယျတွေ ကျန်းမာ ချမ်းသာ
လန်းဖြာစေကြောင်း ဆုမွန်တောင်းကာ
မွေးနေ့ဒါန အမှတ်တရ
သားမောင်လူလှ ပျော်ရွှင်ရပြီ...။
       တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ