Thursday 23 June 2016

ဆုတောင်း

အမှောင်ခန်းထဲ 

မမြင်ရတဲ့စည်းတွေကြား

ရှေ့ရာက်ပြီအထင်နဲ့

တလှမ်းမှ မရွေ့တဲ့ငါ.....

အလင်းဆိုတာမသိ

အတောင်ပံလည်းမရှိ

တိတ်ဆိတ်ခြင်းထဲမှာပဲ

အထပ်ထပ်အခါခါ ၀န်ခံနေမိခဲ့တာ.....

ပျံသန်းရမှာလား

အကျင့်ပါနေတဲ့အမှောင်ထဲက

ဖြစ်နိုင်ရင် အခန်းထောင့်လေးမှာ

လက်တစ်ဖက်ကမ်းထားချင်တယ်ကွယ်....

ဒါပေမယ့်

စိတ်ရှိတိုင်း ငါမှမရှိတာ

ငါမဟုတ်တဲ့စိတ်လည်း မရှိချင်

နှလုံးသားအနက်ရောင် တစ်စုံအဖြစ်

အမှောင်ထဲမှာ ကျောချင်းကပ်ထားနိုင်မလား....

ဆုတောင်းဆိုတာ

မာနနဲ့ ဒူးထောက်ထားပေမယ့်

စိုက်ပြီးသားကျိန်စာအတွက် ပျော့ညံ့လွန်းလှတယ်.....။


ပန်းပွင့်လေး (BeeTalk)






ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ