Saturday 18 June 2016

နင့်စိတ်နဲ့နှိုင်းနဲ့ငါတို့ကရိုးသားတယ်


"နင့်စိတ်နဲ့ မနှိုင်းနဲ့" ဆိုစကားတစ်ခွန်းအတွက်

စပ်စပ်ထိမခံ နာကျည်းသွားလိုက်တာ

အနာပေါ်တုတ်ကျသလိုများဖြစ်သွားခဲ့လို့လား ...

ငါ့ဘက်ကပေးဆပ်ခဲ့တာ 

အပေါင်းအသင်းအကုန်သိတယ် ...

နင့်ဘက်က ဆိုးမိုက်ခဲ့တာလည်း

အပေါင်းအသင်းအားလုံးသိနေခဲ့တာပဲ ..

ဒီလိုလူလိုဘာလို့များချစ်နိုင်ရတာလဲဆိုစကားကို

ငါ့အပေါင်းသာမက နင့်ဘော်ဒါရင်းတွေတောင်ဆိုခဲ့သေးတာပဲ ..

အခုကျမှ ...

ဘာမှဟုတ်တဲ့ကိစ္စတစ်ခုအတွက်

ငါ့အပေါ်စွပ်စွဲနေလိုက်တာများ

အနှစ်နှစ်အလလကအငြိုးထားခဲ့တဲ့

ရန်သူတော်ကြီးတွေအလား ...

ငါနင့်လိုမဟုတ်ခဲ့ဘူး ..

နင်ဘယ်လောက်ပဲဆိုးဆိုး နင့်အပေါ်သစ္စာမပျက်ချစ်ပေးခဲ့တာ ..

နင့်မှာသာ ...

ငါ့ဘက်က သည်းခံနေတဲ့ကြားက 

မသိအောင်တစ်မျိုး သိအောင်တစ်နည်းနဲ့တွဲနေလိုက်တာ ...

ဒါနဲ့များတောင်

နင်မသိတဲ့ယောင်္ကျားလေးမိတ်ဆွေတစ်ဦးရှိမိတာလေးနဲ့

စွပ်စွဲချက်တွေပြင်းထန်နေလိုက်တာ ...

နင်မကြိုက်လည်းထပ်ပြောမယ့်စကားက ...

"နင့်စိတ်နဲ့မနှိုင်းနဲ့"

ငါတို့က ရိုးသားတယ် ......


မုန်း (BeeTalk)


နှစ်သက်ရာ ကဗျာလေးတွေရှိရင် ပေးပို့ ၊  တောင်းဆိုခဲ့လို့ရတယ်နော် ...

ဆက်သွယ်ရန်-09256480246



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ