Monday 6 June 2016

ငါမြတ်နိုးရဆုံးသောချစ်သူ



ချစ်သူ…
ငါ မင်းထက်ပိုကောင်းတဲ့လူကို မတွေ့နိုင်တော့လို့မဟုတ်ဘူး.
ငါ မင်းရှိပြီးနောက်ပိုင်း ပိုကောင်းတဲ့လူကိုမတွေ့ချင်တော့လိုပါ.

ငါတခြားလူကို စိတ်မလှုပ်ရှားတတ်တော့တာမဟုတ်ဘူ.
ငါမင်းရှိနေပြီဖြစ်တဲ့အတွက် ငါတခြားလူတွေကိုစိတ်လှုပ်ရှားဖို့မလိုအပ်တော့လို့ပါ.

ငါတခြားလူကို မချစ်မိတတ်တော့တာမဟုတ်ဘူး.
ငါ မင်းကို အရာရာထက်ပိုပြီးတန်ဖိုးထားလို့ပါ.

အချင်းချင်း အတူလက်တွဲနိုင်ဖို့ဆိုတာ လွယ်တဲ့အရာမဟုတ်ပါဘူး
မင်း ငါ့အတွက် အကောင်းဆုံးမဟုတ်
ဒီထက် အသင့်တော်ဆုံးလူမဟုတ်ရင်တောင်
မင်းဟာ ငါအမြတ်နိုးရဆုံးသော
တန်ဖိုးထားရဆုံးသောချစ်သူ တစ်ယောက်ပါ.

ချစ်သူရှိသူများအိုအောင်မင်းအောင် ပေါင်းသင်းနိုင်ကြပါစေ.

ချစ်သူမရှိသေးသောသူများလည်း အလိုက်ဖက်ဆုံး ချစ်သူနဲ့ အမြန်ဆုံးတွေရပါစေ.
Credit: Zane



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ