Saturday 18 June 2016

လမ်းမခွဲကြေး

တစ်ရက်ကနေ တစ်ပတ်

အဲ့ဒီကမှ တစ်လ တစ်နှစ် ..

ဘာလိုလိုနဲ့ တို့နှစ်ယောက်ရဲ့ 

ချစ်သက်တမ်း အမှတ်တရနေ့လေး

ရောက်လာတော့မယ် ..

ဒီလိုနဲ့ပဲ အသက်တွေလည်းကြီးလို့

ဦးဦး . ဒေါ်ဒေါ်ကနေ 

ဘိုးဘိုး . ဘွားဘွားအရွယ်တွေအထိ

သေတပန် သက်တဆုံး 

ရိုးမြေကျချစ်သွားကြမယ်နော် ..

နင်စိတ်တိုရင်ငါကချော့လို့

ငါစိတ်ဆိုးရင်လည်း နင်ပြန်ချော့ပေါ့

အကောင်းဆုံးကတော့ 

တို့နှစ်ယောက်နားလည်မှုရှိရှိနဲ့

တစ်ဦးပေါ်တစ်ဦး

ဖြူစင်တဲ့ဆိုးနွဲ့မှုတွေပဲပေးတော့မယ်

ဘယ်တော့မှ ရန်မဖြစ်ကြေး ..

ပြီးတော့ ...

ဘယ်တော့မှ လမ်းမခွဲကြေး ....


မုန်း(BeeTalk)


နှစ်သက်ရာ ကဗျာလေးတွေရှိရင် ပေးပို့ ၊  တောင်းဆိုခဲ့လို့ရတယ်နော် ...

ဆက်သွယ်ရန်-09256480246



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ