Monday 17 April 2017

နှလုံး​သွေး​ကြောနဲ့တီးတဲ့သံစဉ်

နှလုံး​သွေး​ကြောနဲ့တီးတဲ့သံစဉ်
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏

မင်းမသိပါဘူး
ငါ့ရာသီခွင်​မှာ
ကျိမ်​စာသင့်​တဲ့နာရီလို
အခါခါလှည့်​ပတ်​​နေရတဲ့
အချိန်​အို​လေး​တွေ

မင်း မသိပါဘူး
ပန်းပုရုပ်​​လေး​ပေါ်က
ငါ့မြတ်​နိုးခြင်း​တွေ
စာစီထားတဲ့ငါ့ကဗျာညံ့ညံ့​တွေ

မင်း မသိပါဘူး
မင်း​ကြောင့်​ပျက်​ဆီးခဲ့တဲ့ငါရဲ့
ညစ်​ညမ်းတဲ့စိတ်​​တွေ
အတိတ်​ဆိုတဲ့ အမှိုက်​ပုံထဲက
ငါမြတ်​နိုးတဲ့အရာ​တွေကို
အညှီနံခံ နိုက်​ထုတ်​​နေတာ​တွေ

မင်း မသိပါဘူး
မင်​နီတားပြီး​နောက်​ပိုင်း
ပိုမှားလာတဲ့ ဘဝလမ်းမှာ
တွေး​နေတုန်းပဲညစ်​တစ်​တစ်
ဂျစ်​ကန်​ကန်​ဖြစ်​​နေတုန်း

မင်းမသိပါဘူး
ကျ​ပျောက်​သွားတဲ့ ရင်​ခုန်​သံ​တွေ
မင်းရင်​ဘတ်​မှာ ​အော်​မြည်​​နေတာ

မင်းမသိပါဘူး
သွေးမထွက်​ခဲ့​ပေမယ့်
ငါ​ပေးဆပ်​ခဲ့တယ်

မင်းမသိပါဘူး
အလွမ်းဆိုတာ
အချစ်​​လောက်​မချိုမြိန်​မှန်း
ကြိုး​မပါတဲ့ တံ​ယောတစ်​လက်​ကို
စိတ်​ကူးနဲ့ကြိုးတပ်
အငြိုးနက်​နက်​နဲ့
ညဉ့်​နက်​​အောင်​တီးခတ်​တဲ့ည
ဒီည ငါမင်းကို လွမ်း​နေတုန်း....ဆိုတာ..

ရင်​ဘတ်​​ရေ မင်းကိုငါသနားလို
မျက်​လုံးကို အကူညီ​တောင်းလိုက်​တယ်
သူ​အေးချမ်းဖို့ ငါ့မျက်​ရည်​​တွေ
ခြေ​ဆေးခွင့်​​ပေးလိုက်​တယ်​ ဒီည...

     ဘာမထီဘွား


No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ