Wednesday 12 April 2017

ငါ့နှလုံးသား လုံခြုံရာသို့

မင့်မချစ်တဲ့ငါ
ငါချစ်မိတဲ့မင်း
ကံကြမ္မာအငြိုးထားလို့
မဆုံသင့်ဘဲဆုံခဲ့ရတယ်
ငါ မမှားခဲ့သလို မင့်အပစ်မဟုတ်ပါဘူး
အချစ်ဆိုတာ ငါ့အတွက်မဖြစ်ခဲ့လေတော့
အမုန်းကမ္ဘာရဲ့ ဟိုတစ်ဖက်မှာ
အရှုံးတွေမလာခင်
အပြုံးမပါ ရင်ဗလာနဲ့
ငါထွက်သွားလိုက်ပါ့မယ်
ချစ်သူရယ် မင်းပျော်ပါစေနော်။


No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ