Saturday, 5 March 2016

အချစ်ရေ

အချစ်ရေ............

နင်မလိုတော့တဲ့အချိန်ထိ

ငါ့ကို ရှိနေခွင့်ပေးပါ


အချစ်ရေ..............

မပိုင်ဆိုင်ရရုံနဲ့တော့

ငါ့အချစ်က ပွဲချင်းပြီးသေဆုံးသွားမှာမဟုတ်ဘူး


အချစ်ရေ...............

နင်အိပ်ပျော်လို့ အိပ်မက်တွေကောင်းနေချိန်မှာ

နင့်ကို သတိရလို့ အိပ်မပျော်တဲ့ငါအတွက်

အိပ်မက်တွေဆိုတာ ဘယ်မှာရှိမှာလဲကွယ်


အချစ်ရေ.............

ငါမရှိတော့တဲ့အခါ

ဥသြငှက်သံလေးတွေကြားရင်

ငါ့ကို ခဏလောက်သတိရပေးစေချင်တယ်


Credit - တရွာသား





အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ