Saturday, 26 March 2016

အလွမ်းပြေ အနမ်း(ဇာတ်သိမ်းပိုင်း)

ကူးပြောင်းစ တန်ခူးနွေ သင်္ကြန်မှာအေးချမ်းတစ်ယောက် ဆိုင်ကယ်လေးကို ဖြေးဖြေးမှန်မှန်နဲ့ လမ်းမကြီးအတိုင်းမောင်းနှင်လာခဲ့ပြီ သူနောက်မှာ ဆရာဝန်လဲပါလာသည် ဝသုန္ဒရ ရောက်တော့ ဆိုင်ကယ်လေးကို လမ်းဘေးကဖေးဆိုင်သို့ထိုးရပ်လိုက်ပြီး ခါးကြားတွင်ချိပ်ထားသောဖုန်းကို ယူကာ မောင်ငယ်ဆီသို့ ဖုန်းခေါ်လိုက်သည် သူတို့ ကဖေးရောက်နေကြောင်းကို ပြောပြပြီး ဆရာဝန်နဲ့အတူ ဆိုင်လေးထဲသို့ဝင်လာခဲ့သည် သိပ်မစောင့်ရပါဘူး မောင်ငယ်ရောက်လာတယ် သူထုံးစံအတိုင်း စီးကရက်ဖွာပြီး"ဘယ်လိုလဲကဗျာဆရာ ဒီတခါ အိမ်မဝင်ပဲ ဆိုင်မှာခေါ်ရတဲ့ အကြောင်း" မင်းအိမ်ကကော်ဖီပဲသောက်ရမှာ ဒီမှာက လက်ဖက်ရည်လေကွာ"ဟု ပြောပြီး သူရှေ့တွင်ချထားသော လက်ဖက်ရည်ကို ယူပြီးတစ်ချိုက်မော့လိုက်သည် ထိုစဉ်မှာပင် လမ်းမပေါ်မှ ဝုန်းဆိုပြီး ကြောက်စရာအသံကို ကြားရ၍ကျနော်ရော မောင်ငယ်ပါ လမ်းမကြီးပေါ်သို့ လှမ်းကြညိ့မိရာ လမ်းဘေးတွင် လဲကျနေသောကောက်မလေးကို မြင်တော့ ကျနော် ဆိုင်ထဲမှပြေးထွက်ပြီး ကောင်မလေးအနားသို့ သွားကာ ကောင်မလေးကို ကြည့်တော့ အရူးမလေးမြသဇင် ဖြစ်နေသည်ကိုကြေကွဲစွာ တွေ့ရတော့ ကောင်မလေးကို ပွေ့ဖတ်ပြီး ဖြစ်ရလေ မြသဇင်ရာ မင်းဆီကို အကိုပြန်လာပြီလေ ထကြည့်ပါဦးဟု တိုးတိုးလေးပြောမိပါသည် ကျနော်နဲ့အတူပါလာတဲ့ဆရာဝန်လဲ ကောင်မလေးရဲ့ လက်ကောက်ဝတ်ကိုစမ်းကြည့်ပြီး*အေးချမ်း သူ မသေသေးဘူး ဆေးရုံပေါ်အမြန်ပို့ရအောင် စီစဉ်ကွာ* ဟုပြောတော့ မောင်ငယ်လဲ သူတို့ရွာထဲက လူမူကူညီရေး အသင်းဆီပြေးပြီး သူကိုယ်တိုင်ပဲ ကားကို မောင်းနှင်လာခဲ့သည် လူနာကို ဆေးရုံထိ ရွာထဲက လူတွေအကူညီနဲ့ ရောက်လာခဲ့သည် အရေးပေါ်လူနာအဖြစ်နဲ့ ဆရာဝန်များဆီ အပ်ပြီး ဆေးကုသမူ့ကို ခံယူစေကာ ဆေးရုံတွင် မောင်ငယ်နဲ့ အောင်သပြေရွာက ဘခက်ဇနီးလင်မယားက စောင့်မည် ဆိုသောကြောင့် ကျနော် မြကံသာဆီသို့ ပြန်လာခဲ့လေသည် ?
နောက်နေ့မနက် ကျနော်ဆေးရုံရောက်တော့ ဘခက်က "သူအရာအားလုံးကို သတိရပြီ သူငယ်ချင်း မင်းကိုတော့ မှတ်မိမလားမသိဘူး ကျန်တဲ့သူတွေတော့ သူအကုန်မှတ်မိတယ်" ဘာဖြစ်ဖြစ်ပါ သူအခုလို ပြန်လည်သတိရရင်ပဲငါကျေနပ်ပါတယ် ငါသူကို တွေ့ခြင်တယ်*ဟု ပြောသောအခါ ဘခက်က မြသဇင်ဆေးကုသသောအခန်းသို့ ခေါ်ဆောင်သွားသည် မြသဇင်သည်ကုတင်ပေါ်တွင် လဲလျောင်းနေသည်ကိုတွေ့ရသည် သူသည်ကျနော်အား မမြင်ဖူးသကဲ့သို့ သေချာစူးစိုက်ကြည့်နေသည် ကျနော်နှုတ်မှာ မြသဇင်ဟု ခေါ်လိုက်သောအခါသူဟာ မျက်လုံးလေးပေကလပ် ပေကလပ်ဖြင့်ပြန်ကြည့်နေသည် ကျနော် နှုတ်မှ ကဗျာလေးတစ်ပုဒ်ကို ရွတ်ဆိုလိုက်သည် ငယ်ကပေါင်းသင်း သူငယ်ချင်းရေ
ကံရေးမလှ ဝေးကွာခဲ့ရင်
သံယောဇဉ်မေတ္တာ မာယာမပါ
ညီရင်းပမာ ခင်နေဆဲမို့  ကျနော်ကဗျာမဆုံးလိုက်ဘူး သူမသည်ကျနော်လက်ကိုလှမ်းကိုင်ပြီး အေးချမ်း နင် အေးချမ်းမလားဟင်
"ဟုတ်တယ် မြသဇင် ငါ အေးချမ်းပါဟာ နင်ကို တွေ့ခြင်လို့ ပထမအခေါက်က ငါလာတယ် နင်အဖြစ်တွေကိုမြင်တော့*
ငါ နားလည်ပါတယ်အေးချမ်းငါအရမ်းဝမ်းသာတယ်ဟာ* 
ငါနဲ့ လမ်းခွဲခဲ့တဲ့ နေ့ကိုမှတ်မိသေးလား ဟင်*
မှတ်မိတာပေါ့ ငါဘယ်လိုမေ့နိုင်ပါမလဲ*
*ဒါဆိုရင် အဲ့ဒီနေ့က ပြောခဲ့တဲ့အတိုင်းပဲနော် ဈေးမစစ်နဲ့
နင်ကလဲဟာ ငါနေမကောင်းသေးဘူး
ဒါဆိုရင် ငါပြန်တော့မယ် 
စိတ်ကောက်သွားတာလား ဒီနားလေးကိုတိုး ပြောပြမယ်
ကျနော်လဲ သူမမျက်နှာအနီးသို့ကပ်လိုက်သောအခါ မမျှော်လင့်သော အနမ်းတစ်ခုကို သူမကခြွေလိုက်သည် ပြီးတော့ သူမကပဲ
#လွမ်းခဲ့တဲ့နေ့တိုင်းမှာ လွမ်းနေရလွန်းလို့ အလွမ်းပြေ အနမ်းတစ်ပွင့်နဲ့ မောင့်ကို ကြိုဆိုပါတယ်နော်%ကျနော်လဲ သူမလက်ကလေးကို ဆုပ်ကိုင်ပြီး မောင်လဲ နေ့တိုင်း မြကိုလွမ်းတယ် အခုတော့ အကိုယ်တို့နှစ်ယောက် ဘယ်တော့မှ မဝေးရပဲနှစ်သစ်မှာ အချစ်စစ်အချစ်မှန်နဲ့ ဘဝကို အတူလက်တွဲသွားမယ်နော် 
မောင့်သဘောပါ မောင်ရယ်တဲ့ မြသဇင်ရောကျနော်ပါ အပြုံးကိုယ်စီနဲ့ နှစ်သစ်မှာပျော်မြူးပါလို့ မေ့မရတဲ့တန်ခူးကို အချစ်ဦးနဲ့ ပျော်မြူးကြည်နူးရပါသည်လေ.
                                                 ပြီးပါပြီ
ဇာတ်သိမ်းလေးကို မျှော်လင့်နေသော စာချစ်သူများကို ကျနော် အနူးညွတ်တောင်းပန်ပါတယ်ဗျာ ဒီဇာတ်လမ်းလေးဟာ ကျနော်ရဲ့အတွေးစိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်မို့ တိုက်ဆိုင်မူ့တစ်စုံတစ်ခု သို့မဟုတ် အမှားတစ်ခုပါခဲ့ရင် ၀၉၄၄၂၀၉၅၄၆၅သို့ ဆက်သွယ်ပြောဆိုင်နိုင်ပါသည်ခင်ဗျာ ကျနော်ရဲ့ ၂၅နှစ်ပြည့်မွေးနေ့မှာ ဆုတောင်းပေးပါသော ညီငယ် ညီမငယ် အကို အစ်မ အားလုံးကိုလဲ ကျေးဇူးတင်လျှက်ပါ ရှေ့ဆက်ကာကြိုးစားပါဦးမည် 
ရွှင်လန်းချမ်းမြေ့ပါစေ
     တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ