Thursday, 3 March 2016

လွမ်းရဲမှ လမ်းခွဲပါ

အပိုင်း(၂)
အရင်တုန်းက အိမ်မှာ မောင်နှမနှစ်ယောက်ထဲ ပျော်ပျော်ရွှင်ရွှင်နေလာခဲ့သလို အခုတော့ မိုးနတ်မင်းကပေးလိုက်သော မရွှေချောနှင့်ဆိုတော့ အိမ်မှာ သုံးယောက်ဖြစ်နေပြီလေ ဒီနေ့ မမက သဇင်နွယ်ကိုတောင်ပေါ်ရောက်ဖူးအောင်လိုက်ပို့ပေးပါဆိုလို့ ကျနော်နှင့်သဇင်နွယ်တောင်တက်လှမ်းလေးအတိုင်းတက်လာခဲ့ရာ ဇရက်တစ်ခုသို့ရောက်သောအခါ သဇင်နွယ်ကမောတယ် ခဏနားရအောင်ဟုဆိုသဖြင့် ခုံတန်းလေးပေါ်မှာကျနော် ထိုင်လိုက်တယ် သူကတော့ လှေကားထစ်တစ်ခုပေါ်မှာ ထိုင်ပြီး နဖူးမှချွေးစက်လေးများကို တစ်ရှုးဖြင့်သုတ်ပြီး"အကိုကောင်း ရေဆာလိုက်တာ "
ရော့ ရေဗူးပါပါတယ်ဟုဆိုကာ ကျနော် လက်ထဲမှ ရေဗူးကို သဇင်နွယ်ထံလှမ်းပေးလိုက်သည် သဇင်နွယ်ဟာ ရေဗူးကိုယူပြီး ကျနော်ကို အကိုကောင်း တောင်ပေါ်ကဝေးသေးလား 
မဝေးတော့ပါဘူးသဇင်ရဲ့
ဒီတောင်ပေါ်ကို ဒါပထမဆုံးပဲ ရောက်ဖူးတယ် အပေါ်မှာ ဘာတွေအံ့သြစရာရှိသေးလဲ
ဒါကတော့ တောင်ပေါ်ရောက်ရင် သိလိမ့်မယ်လေ
အင်းပါ ဒါနဲ့ ရေထွက်ကလဲ ထူးခြားတယ်နော်အကိုကောင်း
အကိုကောင်းတို့ တစ်ရွာလုံး အဲ့ဒီရေထွက်လေးကို အမှီပြုနေရတာ အဲ့ဒီရေထွက်သာ ခမ်းခဲ့ရင် အကိုတို့ရွာမှာ ရေကို ဈေးကြီးကြီးပေးသုံးရမှာ
ဟုတ်တယ်နော် အဲ့ဒီရေထွက်လေးက ဒီရွာရဲ့ အားထားရဆုံး ကန်လေးပေါ့
ကဲ အမောပြေရင် ဆက်တက်ရအောင် ဟုဆိုကာ တောင်တက်လှေကားထစ်များအတိုင်း ကျနော်တို့တက်လာခဲ့လေသည်
တောင်ပေါ်လှိုင်ဂူထဲမှာ အလွန်အေးမြသောကြောင့် ပင်ပန်းသမျှ လန်းဆန်းခဲ့သည်ဟု သူမက ချစ်စဖွယ်အပြုံးနှင့် ပြောသည် မှန်ပြဘုရားဟု ခေါ်သောတောင်ထိပ်ပေါ်မှ ရှုခင်းစိမ်းစိမ်းများကိုကြည့်သောအခါ လွမ်းမောဖွယ်ရာလေးဟု ပြောသောသဇင်နွယ်ကို ကျနော်က သဇင်က အိမ်ကို လွမ်းနေလို့လား အစ်ကို လိုက်ပို့ပေးမယ်လေ
အစ်ကိုကလဲ သဇင်က အိမ်မပြန်ရဲပါဘူးလို့ ဘယ်နှခါပြောရမလဲ
တစ်နေ့တော့ အိမ်ပြန်ရမှာပဲလေ သဇင်
ဘာလဲ အကိုကောင်းတို့အိမ်မှာ သဇင်ကို မနေစေခြင်တော့ဘူးလား ဒါဆိုရင်လဲ
မ မ မဟုတ်ပါဘူး အကိုဒီလိုသဘောနဲ့ပြောတာ မဟုတ်ပါဘူး သဇင်
သဇင် နားလည်ပါတယ် အကိုကောင်းတို့ကျေးဇူးကိုလဲ သဇင်တစ်သက်မမေ့ပါဘူး
မပြောပါနဲ့တော့ သဇင် အကိုကောင်း ကယ်ခဲ့တာ ကျေးဇူးတင်ခံပါဖို့မဟုတ်ပါဘူး သဇင် သာတစ်နေ့နေ့ မြိုပေါ်ရောက်လို့ တောက အစ်ကိုကိုသတိရစာလေးရေးရင် အကိုကျေနပ်ပါတယ်
သဇင်နွယ် လှပသောအပြုံးနှင့် ကျနော်ကိုကြည့်ပြီး တကယ်လို့ သဇင်က အစ်ကိုတို့နဲ့ ခွဲမသွားဘူးဆိုရင်ရော 
ဆန္ဒနဲ့ဘဝ တစ်ထပ်မကျနိုင်ပါဘူး အကိုဘဝက သဇင်သိတဲ့အတိုင်းပဲ အစ်မကဈေးရောင်း မောင်ဖြစ်သူက ၁၀၉ ၁၁၀ ဆိုးဝါးလှတဲ့ အစ်ကို ဘဝက ညီမတို့နဲ့ အဆင့်မတူဘူးလေ
အဆင့်အတန်းကို ခွဲခြားပြီးနေရရင် သဇင် အကိုတို့နဲ့ ဘာလို့နေမှာလဲ
ကဲပါ အကိုတို့ပြန်ရအောင် ဟုပြောတော့ ချစ်စဖွယ်အပြုံးတစ်ပွင့်နဲ့ ကြည့်ပြီး ခေါင်းငြိမ့်ပြသော သဇင်နွယ်ကို ကျနော်ရင်ထဲက ဘယ်တော့မှ မခွဲပါရစေနဲ့ စွယ်တော်ရွက်လိုပေါင်းစည်းပါရစေလို့ ဆုတောင်းခဲ့ပါသည်လေ....
                                                တစ်ကောင်ဘွား(ဓာတ်တော်)
            09442095465သို့ ဝေဖန်အကြံပြုနိုင်ပါသည်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ