တောင်းပန်ပါတယ်
==========
အပေါစား အချစ်တွေနဲ့
လှည့်စားခဲ့ပြီး
တန်ဖိုးမထား အထင်သေး
စွန့်ပစ်ခဲ့ပြီးမှ
ငြိမ်သက်နေတဲ့
ကန်ရေပြင်ကိုခဲနဲ့ပေါက်
ပတ်(စ်)ဝေါ့(စ်)ပျောက်နေတဲ့
နှလုံးသားတံခါးကိုခေါက်
သွေးတိတ်နေတဲ့အနာကိုမှ
တူးဆွချင်တာ
ဘာ့ကြောင့်
ဘာ့ကြောင့်
ဘာ့ကြောင့်လဲ
အချစ်အမုန်း
အဝေးမောင်းထုတ်
မေတ္တာတရားကို
ရေလောင်းပေါင်းသင်နေသူမို့
ရိုးရိုးလေးပြောပါရစေ
အသက်လောက်ချစ်ရတဲ့
မင်းရဲ့ပျော်ရွှင်မှုအပြုံးပန်းကို
အဝေးကပဲကြည့်ပါရစေနော့်
မွန်မြတ်သူ
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ