ရင်ထဲမှာလေ
နွေလေးများစွာ သိမ်းထားပါတယ် ...။
မျက်ဝန်းစုံထဲ
ပုလဲများစွာ စုထားပါတယ် ...။
ငိုတတ်သောငှက်
အိပ်မက်ထဲမှာ အလည်လာတယ် ...။
ဝေးကြပြီပေါ့ ...
မေ့လျော့ခြင်းများ ၊ ပေးသနားပါ
ပိုးစား ၊ ဖုန်ကပ် ၊ သူ့ဓာတ်ပုံများ
စာအုပ်ကြားက ၊ ပြားချပ်သွေ့ရော်
ကံ့ကော်ခြောက်များ ၊ ဖျောက်ဖျက်ပါ၏..
ခြေရာရှိက ၊ သတိရမှာ
စိုးမိပါသည် ...။
တကယ်တော့ ခင် ..
ရင်ထဲ အရိပ် ၊ စိတ်ထဲတွယ်ငြိ
ဘယ်သူသိမလဲ..
ချစ်မိသည့်ဝန် ၊ သောကနွံ္ပ၌
နစ်ကျွံလည်စင်း ၊ ခွဲခွာခြင်းမှာ
ဝေဒနာဆိုး ၊ ကြိုးတန်းလန်းငင်
အမျှင်ရယ် မပြတ်...။ ။
မောင်စိန်ဝင်း(ပုတီးကုန်း)
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ