
အပိုင်း(၃)
ကျနော် ကျောက်ဆည်မြို့သို့ ရောက်လာခဲ့သည် မနက်က သူငယ်ချင်းမောင်ထွေးက ကျောက်ဆည်မြို့ပေါ်မှာ မောင့်ဗမာ ရှောပင်းမောပိုင်ရှင်၏တစ်ဦးတည်းသော သမီးချော ပျောက်နေတဲ့အကြောင်း လက်ခံထားသူအားလဲ သတင်းပေးပါရန် မပေးပို့ပါက ဥပဒေအရ အရေးယူမည်ဆိုတဲ့အကြောင်းတွေကို သတင်းစာတွေမှာ ပါဝင်နေ၍ မင်းအနေနဲ့ သဇင်နွယ်ကို ပြန်ပို့သင့်ကြောင်းပြောသဖြင့် ကျနော် ဆိုင်ကယ်လေးနဲ့ မောင်ထွေးနဲ့ကျနော် ကျောက်ဆည်သို့လာခဲ့ခြင်းဖြစ်သည် ဆိုင်ကယ်ကို မောင်ထွေးကမောင်းသည်ကျနော်ကဆိုင်ကယ်မစီးရဲသေးသဖြင့် သွားခြင်ရင် သူကိုခေါ်တက်သည်လေဒါကြောင့်လဲ ဒီနေ့ မောင့်ဗမာရှောပင်းမောစ်စင်တာသို့ ရောက်တော့ ဆိုင်ကယ်ကိုစက်သတ်ပြီး အပေါ်ထပ်သို့ တက်လာခဲ့သောကျနော်တို့ကို အရောင်းစာရေးမလေးတစ်ဦးက ဘာအလိုရှိပါသလဲရှင် ဟု မေးသည်ကို ကျနော်က ဒီဆိုင်ပိုင်ရှင် ဦးကျော်ဘနှင့် တွေ့ခြင်ပါ သူရှိလားဟင်
အရောင်းစာရေးမလေးက ဟုတ်ကဲ့ဆရာရှိပါတယ် ခဏနော် ညီမ သွားသတင်းပို့ပေးမယ်
ဟုတ်ကဲ့ ကျေးဇူးပါ
ဒါနဲ့ ကိစ္စက ဘယ်လိုပြော ကောင်မလေးစကားမဆုံးမီမှာပဲ မောင်ထွေး ဝင်ပြီး
သဇင်နွယ်ဆိုတဲ့ ကောင်မလေးကြောင့် လာခဲ့တာလို့ ပြောပေးပါ
သြော် မမလေးဟုတ်လား ခဏနော် ဟုဆိုကာ ကောင်မလေးသည် အခန်းတွင်းသို့ ဝင်သွားပြီး မကြာမီ ပြန်ထွက်လာကာ
အကိုတို့ အခန်းထဲဝင်ပါ ဆရာရှိပါတယ် ဟုဆိုသဖြင့် ကျနော်နဲ့မောင်ထွေး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အခန်းထဲသို့ဝင်လာခဲ့သည် အခန်းထဲမှာ အသက်လေးဆယ်ဝန်းကျင် ဦးကြီးတစ်ယောက်ကိုတွေ့သောအခါ ကျနော်က မင်္ဂလာပါ ဦး ဟု နှုတ်ဆက်သဖြင့် ဦးကြီးကလဲ ကျနော်ကို စိုက်ကြည့်ပြီး မင်္ဂလာပါ ဦးသမီး ဘယ်မှာလဲ လူငယ်
ဟုတ်ကဲ့ ကျနော် ရွာက ကျနော်အိမ်မှာပဲ ကောင်းကောင်းမွန်မွန်နဲ့ရှိနေပါတယ် ဦး
ဒါဖြင့် သမီးက မင်းနဲ့ ဘယ်လိုပတ်သက်လဲ
ဘယ်လိုမှ မပတ်သက်ပါဘူး လွန်ခဲ့တဲ့ သုံးရက်ခန့်က မိုးကြီးသည်းထန်ရွာတဲ့နေ့က ကျနော်အိမ်ရှေ့မှာ လဲကျနေလို့ ကျနော်ကူညီပြီး စောင့်ရှောက်ထားတာပါ
မင်းက ဘယ်ရွာကလဲ သူငယ်
ကျနော်ရွာက ဓာတ်တော်ရွာပါ ဦး
အော် ဟုတိပါပြီ ဦးလဲ သမီးရဲ့ရှေ့ရေးကိုတွေးပြီး သမီးကိုအိမ်ထောင်ချပေးဖို့ဇွတ်အတင်းလုပ်ခဲ့မိတယ် တကယ်တော့ဦးအမှားပါ ဟုပြောလိုက်သော ဦးကျော်ဘရဲ့မျက်ဝန်းမှာ အလွန်အင်မတန်စိတ်ထိခိုက်နေကြာင်းကိုပေါ်လွင်နေသည်ကိုပြသနေသည်ကျနော်လဲ ဦးကို တစ်ခုလောက်ပြောခြင်ပါတယ် အခုဆို သဇင်နွယ်ဟာအိမ်ပြန်ရမှာကို ငရဲသွားမည့်အလား ကြောက်နေတယ် ဒါကြောင့် ဦးအနေနဲ့ လူငယ်တွေရဲ့နှလုံးသားကိုလဲ အသိမှဆ်ပြုစေခြင်ပါတယ်
ဦးက ဦးသမီးကို လမ်းဘေးအညတရဆင်းရဲသားနဲ့ ညားမှာစိုးတယ်
မင်းကိုကြည့်ရတာ ပစ္စည်းဥစ္စာမပြည့်စုံတဲ့ မျိုးရိုးထဲကထင်တယ်
ဦးထင်တာမမှားပါဘူး ကျနော်ဟာ မပြည့်စုံတဲ့ဘဝပါ
ဦးသမီးကို ဦး လာခေါ်ပါရစေ သူငယ်စောင့်ရှောက်ထားတဲ့အတွက် ကျေးဇူးတင်ပါတယ် တုန့်ပြန်သောအနေနဲ့ ငွေတစ်သိန်းပေးလိုက်မယ်ယူသွားပါ
ဓာတ်တော်ရောက်ရင် မကေသီအောင် ရဲ့မောင် ကောင်းပိုင်အိမ်ကို လမ်းညွှန်ပါလို့ပြောလိုက်ပါ ဦး အခုဦးပေးတဲ့ငွေတစ်သိန်းကို ကျနော်မယူပါဘူး ဦးသမီးကို ကယယ်တင်စောင့်ရှောက်ခဲ့တာလဲ ဘာမျှော်လင့်ချက်မှမပါဘူး လူသားခြင်း ကူညီခဲ့တာပါ ဒါကြောင့် ကျေးဇူးတင်ဖို့လဲ မလိုပါဘူး ဦး ကျနော်တို့သွားပါဦးမယ် ဟု ပြောကာ ကျနော် ဦးကျော်ဘကို ကျောခိုင်းထွက်ခွါလာခဲ့ပြီ အပြန်လမ်းတစ်လျှောက်မှာလဲ သဇင်နွယ်နဲ့ ခွဲရတော့မည်အကြောင်းကို တွေးကာ ဝမ်းနည်းမိပါသည် ခွင့်လွတ်ပါ သဇင်ရယ် ပန်းရွှေကြာဟာ ရေလွှာမှာပဲ တင့်တယ်တာပါ မြေပြင်မှာရွှေကြာရောက်ရင် နေဒဏ်ကြောင့် နွမ်းမှာစိုးလို့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ရတာပါ လွမ်းရဲလို့ လမ်းခွဲတာမဟုတ်ပါဘူးသဇင်ရယ် လို့ ရင်ထဲမှာ တောင်းပန်စကားပြောကြားမိခဲ့ပါလေသည်ရယ်...,
တစ်ကောင်ဘွား(ဓာတ်တော်)
09442095465သို့ ဝေဖန်အကြံပြုနိုင်ပါသည် ဆရာမဟုတ်တဲ့အတွက် တစ်စုံတစ်ရာ အမှားပါခဲ့ရင် ခွင့်လွတ်ပေးပါ လေးစားခင်မင်လျှက်
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ