Wednesday, 16 March 2016

အလွမ်းပြေ အနမ်း

အပိုင်း(၃)
မောင်တော်ရေ လာပါတော့ နှမတော်လေး မျှော်ရပေါ့ မောင်တော်မလာတော့ နှမတော်လေး ငိုရပေါ့ဟယ် ဟု အသံကို တမာပင်အောက် တဲအိုလေးအတွင်းမှ ကြားရသည် အေးချမ်းဆိုတဲ့ကျနော်လဲ တဲအိုလေးဆီသို့ ကပ်သွားပြီး "မြသဇင်ရေ ထမင်းစားရအောင် ငါထမင်းလာပို့တာပါ"ဟု အသံပြုလိုက်သောအခါ တဲအိုအတွင်းမှ မြသဇင် ထွက်လာပြီး "ငယ်ကျွန် ဘယ်လိုပြောလိုက်တယ် မင်းသမီး ပွဲတော်တည်ဖို့ အသံကျယ်လောင်စွာ အော်ခေါ်ရသလား" တောင်းပန်ပါတယ် မင်းသမီးရယ် ငယ်ကျွန် မသိလို့ပါ"ဟု သူအကြိုက် လိုက်ပြောပြီး လက်ထဲတွင် ပါလာသော ထမင်းချိုင့်ကို တဲအိုလေးအတွင်းမှ ကုတင်ပေါ်တွင် ခင်းကျင်းပြီး "သခင်မလေး သုံးဆောင်တော်မူပါ "ဟု ပြောလိုက်အခါ မြသဇင်သည် သဘောကျစွာ ပြုံးပြီး  "သခင်မလေး ပွဲတော်တည်မယ် ငယ်ကျွန် "ဟု ဆိုပြီး ထမင်းချိုင့်ကို ယူကာ အားရပါးရ စားနေသည်ကို ကြည့်၍ မြသဇင်ရေ ငယ်ငယ်က ကစားခဲ့တဲ့ ကလေးဘဝကို ပြန်လည်အောက်မေ့မိပါသည် ငယ်စဉ်ကလေးဘဝက ဒီရွာလေးမှာ အလွန်အင်မတန်မှ ခင်မင်ရင်းနီးကြတဲ့ သူငယ်ချင်းသုံးယောက်ရှိကြပါတယ် အဲ့ဒါကတော့ ကျနော်ရယ် မြသဇင်ရယ် ဘခက်နဲ့အတူ စာသင်ကျောင်းလေးသို့ ပညာတွေသင်ခဲ့ဖူးတဲ့ အချိန်မှာပေါ့
မြသဇင်ဟာ ရွာလူကြီး ဦးမာဃရဲ့ တစ်ဦးတည်းသောသမီး ပစ္စည်းဥစ္စာ ပြည့်စုံတယ်
ဘခက်ကတော့ ပစ္စည်းဥစ္စာ မကြွယ်ဝပေမဲ့ ဆင်းရဲသားတော့မဟုတ်ဘူးပေါ့   ကျနော် အေးချမ်းကတော့ သူကြီးဦးမာဃရဲ့ အိမ်မှာ စာရင်းငှားလုပ်တဲ့ မိဘတွေရဲ့ သားဆိုတော့ ဘယ်သူကမှ အဖတ်လုပ်ပြီး ကျနော်နဲ့ မကစားကြဘူး ဘခက်နဲ့မြသဇင်ကတော့  ဂုဏ်ဓနမခွဲခြားပဲ ရိုးသားဖြူစင်စွာနဲ့ ကျနော်ကို ခင်တယ် ကျောင်းသွားတိုင်းလဲ ကျနော်တို့ အတူ သွားကြတယ် အောင်သပြေရွာလေးမှာ လေးတန်းအထိပဲရှိတော့ ငါးတန်းတက်ခြင်ရင် မြကံသာရွာလေးကို စက်ဘီးနဲ့ ကျောင်းသွားတက်ရတဲ့အချိန်မှာ ပစ္စည်းဥစ္စာမပြည့်စုံတဲ့ ကျနော်ကတော့ ဘခက်စက်ဘီးနဲ့နှစ်ယောက်အတူ ကျောင်းတက်ရတာပေါ့ ဘခက်ကတစ်လှည့် နင်းလိုက် ကျနော်က တစ်လှည့်နင်းလိုက်နဲ့ မမောနိုင်ရှာတဲ့ သူငယ်ချင်းတွေပါ တခါတလေ မြသဇင်ကို ကျနော်က သူစက်ဘီးနဲ့ တင်ပြီးနင်းရတဲ့အခါလဲ ရှိခဲ့ပါတယ် ရွာအဝင်ရောက်ရင်တော့ သူဘာသာပဲ ပြန်နင်းရတယ် သူမိဘတွေက မြသဇင်ကို ကျနော်နဲ့သူငယ်ချင်းဖြစ်ခွင့်မပေးဘူးလေ . ကျနော်တို့က သူတို့အိမ်ရဲ့ စာရင်းငှားဆိုတော့ အိုးခြင်းထားပြီး အိုးခြင်းငြိစေမဲ့ဇာတ်လမ်းမျိုးတွေကိုမဖြစ်စေခြင်တဲ့သဘောပါပဲ အဲ့ဒါတွေ ဘာနားလည်မှာလဲကလေးဆိုတော့ ပျော်မယ် စာကျက်မယ် လေ ဒါပေမဲ့ရွာမှာဆို ကျနော်နဲ့မြသဇင်က မမြင်ဖူးတဲ့သူစိမ်းတွေလိုပဲနေခဲ့ရတယ် နွေရာသီ ကျောင်းပိတ်ရက်တွေ ကို ရောက်လာမှာကိုအရမ်းစိုးရိမ်ခဲ့ဖူးတယ် အခုလဲ စာသင်ကျောင်းကအပြန် ဘခက်က မင်းတို့ရွာက ပြောင်းတော့မယ်ဆိုဟုတ်လား အေးချမ်း"အေး ကျောက်ဆည်ကို ပြောင်းမှာလို့တော့အမေကပြောတယ်"မြသဇင်ကဝင်ပြီး"ဒါဆိုနင်တို့က ဒီရွာမှာ မနေကြတော့ဘူးပေါ့ နင်မရှိရင်တော့ ငါတော့ ပျင်းနေမှာပဲ" မဟုတ်တာ မြသဇင်ရယ် နင်နဲ့ငါနဲ့ နှောက်နှစ်ကျောင်းအတူတူတက်တာပေါ့"ဟု ဘခက်ကဝင်ပြောသည် ကျနော်လဲ 'ငါလဲ ဒီရွာလေးက ဘယ်ခွဲခြင်ပါ့မလဲ ဒါပေမဲ့ ငါမိဘတွေသွားတဲ့နေရာကို ငါမလိုက်လို့မှ မရတာ 'ဒါပေမဲ့နင်ဒီရွာေးကိုတော့ ရောက်အောင် ပြန်လာခဲ့ဦးနော် ဟု ငယ်ငယ်က ပြောခဲ့တဲ့စကားတွေကို နင်သတိရပါဦးဟာ အခု နင်ရှေ့မှာရောက်နေတဲ့ အေးချမ်းဆိုတာ ငယ်ငယ်က နင်ရဲ့ ခင်မင်ဆုံး သူငယ်ချင်းပါပဲ မြသဇင်ရယ် 'အတွေးတွေ ဘယ်ထိအောင်ရောက်သွားသလဲ မသိတော့ လက်တစ်စုံက ပခုံးပေါ်သို့လာရောက်ထိမှ သတိရလို့လှည့်သောအခါ ဘခက်ဖြစ်နေသည်ကို အံ့သြစွာ တွေ့ရသည် ဘခက်သည် သူ့အား ကြည့်ပြီး ဘာတွေတွေးနေတာလဲ အိမ်မှာမတွေ့လို့ ငါ့မိန်းမက မင်းဒီသွားတာဆိုလို့"ဟုတ်တယ် ငါ မြသဇင်ကို ထမင်းလာပို့တာ"မင်းကသာအတွေးလွန်နေတာ မရွှေချောက စက်တော်ခေါ်နေပြီးဟု ပြောလို့ ကြည့်သောအခါမှ မြသဇင်သည် ခွေခွေလေးအိပ်စက်နေသည်ကို တွေ့ရသည် "ကဲပါ ငါတို့ပြန်ရအောင်"ဟု ပြေသဖြင့် ကျနော်လဲ တဲအိုအတွင်းမှ ထွက်လာခဲ့သည်.,
                  အပိုင်းလေးကို မျှော်ပါ
                    တစ်ကောင်ဘွား(ဓာတ်တော်)
                ၀၉၄၄၂၀၉၅၄၆၅
bee talik id(nayminkyaw) သို့ဆက်သွယ်ဝေဖန်အကြံပြုနိုင်ပါသည်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ