ထိုကြောင့်လွမ်းသည်
မေတ္တာကိုဖြတ်
အဝေးရပ်ကိုနှင်
ပြေးထွက်ဖို့ပြင်
ခြေလှမ်းကိုစ
နေနမ်းလို့နွမ်းတဲ့
အရင်ပန်းတွေလည်း
အမြင်ဆန်းဖို့
လန်းနေခဲ့ပြီ
ငါ့မှာသာ
ကြေညာအားနည်းလို့
ဝေဒနာစကားတွေက
နွေမှာခါးလို့ပေါ့
သစ္စာမပျက်
အပ်သွားထပ်လို့လည်း
ခံစားချက်ကမလျော့
မျက်ရည်မကျဖို့
မော့ထားတဲ့
မျက်နှာမှာလွင့်
အပြုံးကမလွင့်
နင့်နေအောင်
ခံစားရလည်း
ကံတရားကို
အပစ်မဖို့
ချစ်လို့သာ
နားလည်ပေး
ငါ့ရဲ့နံဘေးမှာ
ဝေးဝေးပြေးတဲ့
ချစ်သူအရိပ်တွေသာ
ရှိနေစေလို့
သောကနဲ့နှစ်သိမ့်
ထိုကြောင့်ပဲမင်းကို
လွမ်းတက်ခဲ့တယ့်။
သူရဇ္ဇ
=================================
* Say Good Bye *
ရှုံးနိမ့်ခဲ့ပြီလားနောက်ဆုံး
အသဲကွဲဇာတ်လမ်း
တစ်ပုဒ်ရဲ့မလှပတဲ့နိဂုံး
ခြောက်ကပ်ကပ်လေးနဲ့
စာတန်းထိုးခဲ့တာ ပြီးပါပြီ
ခွဲခွာခြင်းရဲ့အစပျိုးနိဒါန်းက
သိပ်ချစ်တယ်ဆိုပဲ
ငါမငိုခြင်ပါဘူးလေ
ဒါပေမဲ့ငါယုံချင်သေးတယ်
ပကတိဖြူ စင်လှပစွာနဲ့
နောက်ဆုံးတော့လည်း
သူ့အပြုံးလေးတွေက
ငါ့အရှုံးတွေဖြစ်စေခဲ့တာပဲ
ဒါတွေဟာ
အချစ်အတွက်ရတဲ့တန်ကြေးလား
ငါစာနာနိုင်ပါတယ်ချစ်သူ
နင်ပျော်ရွှင်ဖို့အတွက်ပဲ
ငါနောက်ဆုတ်လှည့်ထွက်
ကြိုးစားရင်းနှုတ်ဆက်ပါ့မယ်
နင်လွတ်လပ်စွာပြုံးရက်နိုင်ဖို့လေ
Phyur.../\/*L့
=================================
* အဖြူ ရောင်စာရွက်ကလေးရေ *
အတိတ်ကနေ့ရက်တချို့မှာ
ငါတို့ပျော်ရွှင်ခဲ့ဖူးတယ်
ဘာအစွန်းအထင်းမှမရှိဘူး
အသုံးမပြု ရသေးတဲ့
အဖြူ ရောင်ဗလာစာရွက်လေး
နှလုံးသားနဲ့သိမ်းဆည်းထားဆဲ
ရုတ်တရက်အကြည့်တချက်မှာ
ခေါက်ရိုးကျိုးသွားခဲ့
ငါလွန်ဆန်ခွင့်မရှိခဲ့ဘူး
သေဆုံးခဲ့တဲ့ဒဏ်ရာတချို့
ငြိမ်ဝှက်ပိပြားဖို့အတွက်
ငါတိမ်မြုတ်ပေးပါ့မယ်ကောင်မလေး
Phyur.../\/*L့
=================================
* သူငယ်ချင်းလို့သာခေါ်ခွင့်ပြု ပါ *
နှလုံးသားထဲကတမ်းတမှုတွေ
အနာတရဖြစ်လာတဲ့အခါ
စွဲလန်းခြင်းဆိုတာ
သေရာပါမဲ့ဝေဒနာတမျိုး
တချက်တချက်ထထငုတ်တဲ့
feelလို ကြွေစေတာပဲ
အမှတ်တမဲ့မျို ချ လိုက်မိတဲ့
ရှာလကာရည်လိုဆာတာတာနဲ့
အပေါင်ဆုံးထားတဲ့နှလုံးသား
အတိုးမများခင်ပြန်ရွေးနိုင်ဖို့
အခန်းတံခါးပိတ်
တိတ်ဆိတ်စွာဖြေသိမ့်လိုက်ဦးမယ်
အမှတ်တမဲ့လေးမို့
အမှတ်တရတွေမထားချင်ပေမဲ့
နှလုံးသားမှာ
မင်းနာမည်တွေပြည့်နေတယ်
တနေ့နေ့ဆိုတဲ့စိတ်
တဖြေးဖြေးနဲ့မေ့လာတဲ့အခါ
တချိန်ချိန်မှာပြန်တွေ့ခဲ့ရင်
နင်နဲ့ငါသူငယ်ချင်းဖြစ်နိုင်ဦးမလား
Phyur.../\/*L့
=================================
အညာခံ
သို့
သားကောင်
လှည့်စားနေမှန်းသိ
အမှတ်သညာမရှိ
ရူးသွပ်စေသည့်
မုသားစကားကို
ကြားနာစေလို့
အမှားပါနေလည်း
ထည့်မတွက်
ငဲ့ကွက်မှု့မရှိ
အသဲအက်အောင်
နာကျင်စေဦး
အပြုံးနဲ့တွဲဆက်လို့
အမြဲမပြတ်
အညာခံလို့
တခါတရံ
ကဗျာမဆန်စွာ
ငိုကြွေးရစေဦး
သူပြုံးနေတာသိ
ကြည့်ရင်းနဲ့ပျော်
ရင်တခေါ်စာ
အကွာဝေးက
ငါပေးခဲ့တဲ့
အနစ်နာခံမှု့တွေကို
အကင်းမသေရင်ပြန်တွေး
အပျင်းမပြေရင်ထားလိုက်
ဟားတိုက်လို့
ရီချင်ရီနေပေါ့ချစ်သူ
ထိုမျှမက
ငါရင်းနှီးရတဲ့
မင်းအတွက်အချိန်တွေ
နာရီနဲ့မှတ်
ကမ္ဘာတပတ်လည်လို့
ငါ့လိုနင်ခံစားရတဲ့အခါ
အညာခံ
လူတယောက်ရဲ့
ဝေဒနာကို
နင်စာနာပါချစ်သူ့။
သူရဇ္ဇ
=================================
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ