
လမ်းခွဲတာဝမ်းနည်းစရာမဟုတ်ပေမဲ့ လွမ်းစရာလေးတွေတွေ့တိုင်း သူကိုသတိရမိပါသည်လေ ငါ့ကို မေ့လိုက်ပါတော့ သဇင်ရယ် မေ့လိုက်ပါတော့,...ကောင်းပိုင်စီးကရက်ကို နှုတ်ခမ်း၌တေ့ကာရှုရှိုက်လိုက်ပြီး မောင်ထွေးကို ကြည့်လိုက်သည် မောင်ထွေး နှုတ်က မပြောဘဲ ဖိတ်စာလေးကို လှမ်းပေးသည် ဘယ်သူဖိတ်စာလဲ မောင်ထွေးလို့မေးသောအခါ သူကမဖြေဘဲ ဖိတ်စာဆီကို မေးငေါ့ပြသည် ဖိတ်စာ ပြာလေးပေါ်မှာ ရွှေရောင်စာလုံးလေးများက အထင်သားပေါ်နေသည်ကို ဖတ်ကြည့်ရာ
မောင်မောင်ခန့်
နှင့်
မသဇင်နွယ်
တို့၏
ထိမ်းမြားမင်္ဂလာ ဖိတ်ကြားလွှာ ဟုတွေ့သောအခါ ကျနော် ရင်ဘက်တစ်ခုလုံး မီးဆနှင့် ထိုးစွသည့်အလား နာကျင်စွာ ခံစားမိပါသည် သို့ပေမဲ့ မျက်နှာမှာ အပြုံးတစ်ခု ဟန်ဆောင် ဖန်တီးပြီး နေနဲ့လ ရွှေနဲ့မြ လို လိုက်ဖတ်ညီမှာပါ သူကံကောင်းပါတယ်ကွာ ဟု ပြောမိသော်လဲ စီးဆင်းကြွေကျလာတဲ့ ပါးပြင်ပေါ်က မျက်ရည်စကို ဘယ်လိုမှ မထိန်းသိမ်းနိုင်ခဲ့ဘူး ဒါကို မြင်သော မောင်ထွေးက မင်း ခံစားနေရပြီ မဟုတ်လား သူကို ချစ်နေပါရက်နဲ့ ဘာလို့ ကိုယ်ကိုကိုယ် ညာနေတာလဲ သူငယ်ချင်း 'ငါ မညာပါဘူး သူကို ချစ်တာ မှန်ပေမဲ့ ငါလို ဆင်းရဲတဲ့ ဘဝထဲမှာ လက်တွဲမခေါ်ရက်ဘူး ဒါကြောင့်" ငါနားလည်ပါတယ် ဒါပေမဲ့ အချစ်မှာ ပကာသနမပါဘူး အချစ်ဟာ ရိုးသားဖြူစင်တယ် ဖြူစင်နေတဲ့အချစ်ကို ညစ်နွမ်းစေတာက ဘုရားလို ကွယ်နေကြတဲ့ ပကာသနပါ သူငယ်ချင်း
ငါ သူကို ချစ်တဲ့ ချစ်ခြင်းက ဘာမျှော်လင့်ချက်မှ မပါဘူး သူငယ်ချင်း ထားပါတော့ကွာ ဒီအကြောင်းတွေ ပြန်ပြောရင်လဲ စိတ်ပင်ပန်းပါတယ်ကွာ ငါတို့ လက်ဖ္ဘက်ရည်ဆိုင်သွားရအောင် ဟုဆိုကာ ရွာထိပ်ရှိ ကဖေးဆိုင်လေးသို့ ထွက်လာခဲ့ပါသည် ဆိုင်ထဲမှာ လူသိပ်မရှိပါ နေရာလွတ်များစွာ ရှိနေသဖြင့် ကျနော်သည် ထောင့် ကျသောနေရာလေးကို ရွေးချယ်ထိုင်ပြီး လက်ထဲမှ စီးကရက်တိုကို လွင့်ပစ်လိုက်ကာ ဖန်ချိုးတူး RedRuby တစ်ပွဲဟုမှာလိုက်လေသည် မောင်ထွေးက ဟေ့ကောင် စီးကရက် လျော့သောက် အခုတလော မင်း အရမ်းသောက်နေပါလား
ငါ စိတ်ပင်ပန်းလို့ပါ
အံမယ် မသိခက်နေမယ် သဇင်အတွက် မင်းအသဲတွေ ကွဲအပ်နေတယ်မလား
မဟုတ်ပါဘူးလို့ မညာခြင်ပါဘူး အသဲကွဲတယ်ဆိုတာထက် လွမ်းနေရတယ်ဆိုတာ မှန်တယ်
ဘယ်လို ဘယ်လို ရှင်းအောင်ပြောပါ
ဒီလိုကွာ သူနဲ့အတူ တက်ခဲ့တဲ့ တောင်ပေါ်ရောက်တိုင်းလဲ ငါသူကို သတိရတယ် သူနဲ့အတူ အင်းထဲမှာ ကြာပန်းတွေခူးခဲ့တဲ့ နေရာလေးကိုရောက်တိုင်းလဲ ငါလွမ်းတယ် အိုကွာ သူနဲ့အတူ ရှိနေခဲ့တဲ့ အချိန်တွေကိုငါမေ့မရဘူး သူငယ်ချင်း
မင်းရင်ခွင်မှာ သူခိုလှုံမယ်ဆိုရင်ရော
မဖြစ်နိုင်ပါဘူး သူငယ်ချင်း ဟာ ဇာတ်လမ်းတွေထဲကလို နောက်ပိုင်း ပေါင်းစေသတည်းဆိုတာ ရုပ်ရှင်တွေမှာ ရှိတာပါ
ငါက သဘောကို ပြောတာ သဇင်ဟာ မောင်ခန့်ကို မယူခြင်လို့ အရင်ကလို မင်းဆီ ပြန်လာမယ်ဆိုရင်
ငါ လောက်ပျော်တဲ့သူ ကမ္ဘာမှာ ထမင်းထုတ်နဲ့ ရှာ ထမင်းထုတ်သိုးမယ်တွေ့မှာ မဟုတ်ဘူး သူငယ်ချင်း
ဒါနဲ့များ ချစ်တယ်ဆိုတာ သူသိအောင် မပြောခဲ့ဘူးရယ်လို့ကွာ
အပြစ်တင်ခြင်လဲ တင်တော့ ငါရင်က နာကျင်သမျှတွေကို မြိုသိပ်ထားမယ် ငါ့ကိုယ်ငါလဲ မေးကြည့်ဖူးတယ် လွမ်းရဲလို့ လမ်းခွဲတာလားလို့မေးတိုင်း အဖြေတစ်ခုပဲ ထွက်တယ်
ဘာအဖြေလဲ
မလွမ်းရဲပေမဲ့ ဘဝကြမ်းမို့ လမ်းခွဲတာပါ ဟုပြောရင်းနဲ့ ကျနော် ရင်ထဲ နာကျင်မိပြန်ပြီလေ
တစ်ကောင်ဘွား(ဓာတ်တော်)
အခန်း(၆)ကို မျှော် ပါ
၀၉၄၄၂၀၉၅၄၆၅
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ