Thursday, 17 March 2016

အလွမ်းပြေ အနမ်း

အပိုင်း(၄)
လရောင်ဖွေးဖွေးအောက်မှ ဘခက်ရယ် ကျနော်ရယ် ဘခက်ဇနီး မေနှင်းဖြူရယ် သုံးယောက်သား စကားဝိုင်းဖွဲ့ပြောဖြစ်ကြသည်ရှေးဟောင်းနှောင်းဖြစ်တွေပေါ့ ဘခက်က မေနှင်းဖြူကို ဘယ်လိုပိုးပန်းခဲ့ရတာ ဘာညာနဲ့ ပြောပြီး ရယ်မောနေပေမဲ့ ကျနော်ကတော့ မရယ်နိုင် မြသဇင်ရဲ့ အတိတ်ကြောင်းကို အရမ်းသိခြင်လွန်းတဲ့ စိတ်ကြောင့် ဘခက်ကို လှမ်းမေးလိုက်သည်"ဘခက်ရေ ငါသိခြင်တာ မြသဇင်ရဲ့ အတိတ်ကြောင်းကို မအိပ်စက်ခင် ပြောပြကွာ" ဘခက်လဲ ရယ်မောခြင်းကို ရပ်တန့်ပြီး "မိန်းမရေ သူသိပ်သိခြင်တဲ့ အတိတ်ကို ငါပြောပြလိုက်ဦးမယ် "ပြောလေ မေနှင်းလဲ နားထောင်ရတာပေါ့ ဟုတ်ဘူးလား"
"ကဲဒီလိုဆိုလဲ အေးချမ်းရေ မင်းရွာက ပြောင်းသွားပြီးတဲ့ နောက်မှာ ငါနဲ့မြသဇင်ဟာ အတူတူ ဆယ်တန်းအထိ ကျောင်းတက်ခဲ့ဖူးတယ် ဆယ်တန်းစာမေးပွဲတွေ ဖြေပြီးတော့ သူမိဘတွေက သူကို ကျောင်းဆက်မထားတော့ဘူး သူတို့ရဲ့တောင်သူအလုပ်မှာပဲ တောင်သူလုပ်ခိုင်းတယ် ဒါပေမဲ့ မြသဇင်ဟာ တောင်သူမလုပ်တက်တော့ မန္တလေးက သူတို့အဒေါ်ဆီမှာ သွားနေတယ် ရွာကိုတော့ တစ်လတစ်ခါ ပြန်လာတက်တယ် ဦးမာဃကလဲ တစ်ဦးတည်းသော သမီးလေးဆိုတော့ မြသဇင်ကို သူမသေခင်မှာ အိမ်ထောင်ပြုဖို့ စီမံပေးတယ် ဒီရွာထဲက လူတွေနဲ့ သူသမီးကို မတူမတန်ဘူးဆိုတဲ့ တယူသန်စိတ်တွေနဲ့ မြို့ပေါ်က ဒိတ်ဒိတ်ကျဲ သူဌေးသားနဲ့ ပေးစားဖို့စီစဉ်ကြတယ်လေ"ဘခက် ငှဲ့ထားသော ရေနွေးခွက်ကိုယူကာ တစ်ငုံသောက်လိုက်ပြီး ဆက်ပြောသည်"ဒါကို မြသဇင်က လုံးဝသဘောမတူဘူးလို့ ငြင်းလွတ်လိုက်တယ် ဒါပေမဲ့ သူဌေးသားကတော့ ရွာကို မကြာခဏဆိုသလို လာတယ် လာတိုင်းလဲ မြသဇင်အတွက်ဆိုပြီး အဖိုးတန် ဝတ်စားတွေချည်း ဝယ်လာပေးတယ် ဆိုပါတော့ကွာ"တစ်ရက်မှတော့ မြသဇင်ဟာ ရှိုက်ကြီးတငင်နဲ့ ငါ့ဆီရောက်လာတယ် သူရောက်လာတဲ့အချိန်မှာ မေနှင်းနဲ့ငါဟာ မိဘတွေသဘောမတူလို့ ငါတို့တောကို ခိုးပြေးလာခဲ့တဲ့ အချိန်ပေါ့ သူရောက်လာတော့ ငါလဲ မြသဇင် နင်ဘာဖြစ်လာတာလဲ ပြောစမ်းပါဟာ
မြသဇင်က ဘာမှမပြောပဲ ရှိုက်ငိုနေဆဲပါ အတန်ကြာမှ "ဘခက်ရယ် ငါ အိမ်ကနေ ပြေးထွက်လာခဲ့တာ ငါ့အဖေက သူဌေးသားနဲ့ ဇွတ်အတင်း စီစဉ်နေကြပြီ ငါ သူကို လက်မခံနိုင်ဘူး"
နင့်အဖေကို နင်မပြောပြဘူးလားဟာ
"ငါပြောတာပေါ့ ဒါပေမဲ့ အဖေက သူဌေးသားကို လွန်ဆန်လို့မရတော့ဘူးတဲ့
ဘယ်လို ဘယ်လို မြသဇင်ရယ် ငါနားလည်အောင် ပြောစမ်းပါဦးဟာ
ငါအဖေက သူဆီက လာဘ်တွေအများကြီးယူထားပြီး ပြန်မပေးနိုင်တော့လို့ အခု အိမ်မှာ ပြသနာတွေ တက်နေကြပြီ
ဒါနဲ့ နင် အိမ်က ထွက်ပြေးလာတယ် ဆိုပါတောါ့ ငါလဲ အခုမေနှင်းကို ခိုးပြေးလာခဲ့တာ ဘာပဲဖြစ်ဖြစ် ငါတို့ရွာထဲပြန်ရအောင် ဟု ဘခက်ပြောသောအခါ မေနှင်းကလဲ ကြည်ဖြူ မြသဇင်ကလဲ သဘောတူလို့ ငါတို့သုံးယောက် ရွာထဲကို ပြန်လာခဲ့တယ် မြသဇင်တို့အိမ်ရောက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းက ကြေကွဲစရာ ဦးမာဃရဲ့ ရင်ဘက်မှာ ဓားတန်းလန်းကြီးနဲ့မြေပြင်မှာ သေပွဲဝင်နေတာကို မြသဇင်မြင်သွားတယ် သူအဖေရဲ့ ရုပ်အလောင်းကို ဖတ်ပြီး အားရပါးငိုရှိုက်ရင်းနဲ့ သတိလစ်သွားတယ်  အားလုံးက ဝိုင်းပြုစုပေမဲ့ သတိပြန်မရတာနဲ့ နဆေးရုံပို့လိုက်တယ် သူသတိပြန်လည်လာတဲ့အချိန်မှာတော့ အခု မင်းမြင်တွေ့ခဲ့ရတဲ့အတိုင်း သူဟာရူးသွတ်သွားတယ် သူငယ်ချင်း"
ငါ မနက်ဖြန် ပြန်မယ် ငါ့အသိ စိတ်အထူးကုဆရာဝန်ကိုပင့်ပြီး ငါပြန်လာခဲ့မယ် ဘခက်
မင်းသူကို ဒီလောက်ထိ စွဲလန်းခဲ့လိမ့်မယ်လို့ ငါမထင်ခဲ့ဘူး မင်းအနေဲ့ကြိုးစားမယ်ဆိုလဲ သဘောပါ
"ငါ သူအပေါ်မှာ ထားခဲ့တဲ့မေတ္တာတရားက ရောင်ပြန်ဟတ်မှာပါ
မင်းရဲ့မေတ္တာကို ငါလေးစားပါတယ် အခု ညဥ့်လဲနတ်နေပြီ အိပ်ကြစို့ သူငယ်ချင်း
မင်းတို့အိပ်နှင့်ပါ ငါခဏလောက် နေပါရစေဦး ဟုပြောသောအခါ ဘခက်နှင့်မေနှင်းထိုင်ရာမှထာသွားသည် ကျနော်တစ်ယောက်သာကောင်းကင်ကြီးကို မော့ကြည့်ပြီး "အလွမ်းပြေ နမ်းတစ်ပွင့်နဲ့ကြိုနေမယ်ဆိုတဲ့ မြသဇင်ရယ် အခု အကိုရောက်နေပေမဲ့ အနမ်းဆိုတာ မတွေ့ရ ရင်ထဲလွမ်းသမျှတွေကို ကောင်းကင်ကိုသစ္စာပြုလိုက်ပါတယ် မင်းနဲ့ငါ ဒီရွာလေးမှာ အတူပျော်ရွှင်ဖို့ အကိုကြိုးစားမယ် ဟု တိုးတိုးလေးပြောမိပါသည်လေ.,
                 အပိုင်း(၅)ကို ဆက်လက်ဖတ်ရှု့ပါရန်
             တစ်ကောင်ဘွား(ဓာတ်တော်)
         09442095465

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ